ယေရမိ 17:11 - Common Language Bible11 မသမာသောနည်းဖြင့်ငွေရှာသောသူသည် မိမိမဥသည့်ဥများကိုဝပ်သောငှက်နှင့်တူ၏။ သူသည်ပထမအရွယ်၌ပင်စည်းစိမ်ဥစ္စာ ဆုံးပါးလျက် လူမိုက်အဖြစ်နှင့်သာလျှင်နိဂုံးချုပ်ရတတ်၏။ အခန်းကိုကြည့်ပါ။Garrad Bible11 မ တ ရား သ ဖြင့် ဥ စ္စာ ဆည်း ပူး သော သူ သည်၊ ကိုယ် မ ဥ သော ဥ ပေါ် တွင် ဝပ် လေ့ ရှိ သော ခါ ငှက် ကဲ့ သို့၊ အ သက် တာ အ လယ် တွင် စွန့် ပစ် ရ သည့် ပြင်၊ အ ဆုံး၌ လည်း၊ မိုက် မဲ လိမ့် မည် ဟု မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible11 ကောရငှက်သည် မိမိမဥသောဥကို ဝပ်သကဲ့သို့၊ မတရားသဖြင့် ဥစ္စာဆည်းပူးသောသူသည် အသက်ပျိုစဉ်ကပင်၊ ဆင်းရဲခြင်းသို့ ရောက်၍ အဆုံး၌ကား၊ လူမိုက်ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 ခါငှက်သည် မိမိမဥသောဥကိုဝပ်သကဲ့သို့ မတရားသောသူသည် ဓနဥစ္စာသိုမှီးတတ်၏။ သို့သော်လည်း သူသည် သက်တမ်းတစ်ဝက်၌ပင် မိမိဓနဥစ္စာကို စွန့်ထားခဲ့ရ၍ အဆုံး၌ မိုက်မဲသောသူဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အနန္တတန်ခိုးရှင်ထာဝရဘုရားကငါသည် ဤကျိန်စာကိုစေလွှတ်လိုက်မည်ဖြစ်၍ယင်း သည်ငါ၏နာမတော်ကိုတိုင်တည်ကျိန်ဆို၍ လိမ်လည်ပြောဆိုသူမှန်သမျှနှင့်သူခိုးမှန် သမျှတို့၏အိမ်များတွင်ဝင်၍နေလိမ့်မည်။ ထိုအိမ်တို့သည်လည်းကျိန်စာထွက်ခွာသွား သောအခါ ယိုယွင်းပျက်စီးလျက်ကျန်ရစ် ကြလိမ့်မည်'' ဟုဆို၏။
ကိုယ်တော်က``ငါသည်တရားစီရင်ရန်သင် တို့ထံသို့လာ၍မှော်အတတ်ကိုကျင့်သုံး သူများ၊ သူတစ်ပါး၏အိမ်ရာကိုပြစ်မှား သူများ၊ မမှန်သောသက်သေခံသူများ၊ မိမိ၏အလုပ်သမားများအပေါ်အခ ကြေးငွေကိုမတရားသဖြင့်ပြုသူများ၊ မုဆိုးမ၊ မိဖမဲ့သူနှင့်လူမျိုးခြားတို့ အားအနိုင်ကျင့်သူမှစ၍ ငါ့အားမရို သေမလေးစားသူမှန်သမျှတို့အားချက် ချင်းထုတ်ဖော်ကြေညာမည်။