ဟဗက္ကုတ် 2:5 - Common Language Bible5 ကြွယ်ဝချမ်းသာခြင်းသည်လှည့်စားတတ်၏။ % လောဘရမက်ကြီးသူတို့သည် မာန်မာန% ထောင်လွှားလျက်စိတ်တည်ငြိမ်မှုမရှိ။ သူတို့% သည်သေမင်းကဲ့သို့အဘယ်အခါ၌မျှ% ကျေနပ်ရောင့်ရဲမှုမရှိ။ ထို့ကြောင့်သူတို့% သည်တစ်နိုင်ငံပြီးတစ်နိုင်ငံတိုက်ခိုက်% သိမ်းယူတတ်လေသည်။-% အခန်းကိုကြည့်ပါ။Garrad Bible5 သ စ္စာ ပျက် စေ သော စ ပျစ် ရည် အ လိုက်၊ နေ ရာ ရင်း ၌ မ နေ ဘဲ ထောင် လွှား တတ် သော သူ၊ သေ မင်း ကဲ့ သို့ မ ရ ဏာ့ နိုင် ငံ နှင့် အမျှ ဝမ်း ကျယ် လျက် ချင် ရဲ မ ပြေ သော သူ၊ လူ မျိုး တ ကာ တို့ ကို စု ရုံး သိမ်း သွား သော သူ များ ဖြစ် ကြ သည် တ ကား။ ထို လူ မျိုး တ ကာ တို့ သည်၊ အခန်းကိုကြည့်ပါ။Judson Bible5 ထိုမှတစ်ပါး၊ စပျစ်ရည်နှင့်ပျော်မွေ့သောသူသည် သစ္စာပျက်တတ်၏။ မာနထောင်လွှားသောသူသည် ကိုယ်နေရာ၌ မနေနိုင်ဘဲ၊ မိမိလောဘကို မရဏနိုင်ငံကဲ့သို့ ကျယ်စေလျက်၊ သေမင်းကဲ့သို့ မပြေနိုင်သော စိတ်ရှိလျက်၊ တိုင်းသူနိုင်ငံသား အမျိုးမျိုးအပေါင်းတို့ကို မိမိထံသို့ဆွဲငင်၍ စုဝေးစေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 စပျစ်ဝိုင်သည် သစ္စာမဲ့စေတတ်၏။ မာနကြီးသောသူနှင့်တူ၍ ငြိမ်ငြိမ်မနေတတ်။ စိတ်အလိုကို မရဏာနိုင်ငံကဲ့သို့ ကျယ်ပြန့်စေတတ်၏။ သေမင်းကဲ့သို့ပင် အလိုမပြည့်စုံတတ်။ သူ့အဖို့ လူမျိုးအပေါင်းကို စုစည်းပြီး လူအားလုံးကို သိမ်းပိုက်ထားတတ်၏။ အခန်းကိုကြည့်ပါ။ |
ဗျာဒိတ်ရူပါရုံတွင်ညစာစားပွဲကြီးတစ် ခုအသင့်ပြင်ဆင်ထားသည်ကိုငါမြင်ရ၏။ ဧည့်သည်တို့ထိုင်ရန်အတွက်ကော်ဇောများ ကိုခင်းထားလေသည်။ သူတို့သည်စားသောက် လျက်နေကြစဉ်``တပ်မှူးတို့၊ သင်တို့၏ဒိုင်းလွှား များကိုအသင့်ပြင်ကြလော့'' ဟူသောအမိန့် တော်တစ်ရပ်ရုတ်တရက်ထွက်ပေါ်၍လာ၏။
အချင်းအာမဇိ၊ ယခုအဆွေတော်သည် ဧဒုံ ပြည်သားတို့ကိုအနိုင်ရသဖြင့်စိတ်နေမြင့် လျက်နေ၏။ မိမိရရှိထားသည့်ကျော်စောကိတ္တိ ဖြင့်ပင်ကျေနပ်ရောင့်ရဲစွာ သင်၏နန်းတော်တွင် စံမြန်းပါလော့။ သင်သည်မိမိနှင့်ပြည်သူတို့ အားဆုံးပါးပျက်စီးစေမည့်ဘေးဒုက္ခကို အဘယ်ကြောင့်ရှာလိုပါသနည်း'' ဟုပြန် စာရေး၍ပေးပို့လိုက်၏။
``ဗာဗုလုန်မြို့ကိုတိုက်ခိုက်ရန်လေးသမား တို့အားပြောကြားကြလော့။ လေးနှင့်မြား ကိုအသုံးပြုတတ်သူမှန်သမျှကိုစေလွှတ် ကြလော့။ မြို့ကိုဝိုင်းရံထားကြလော့။ အဘယ် သူမျှထွက်မပြေးစေနှင့်။ ထိုမြို့သားတို့အား လက်စားချေကြလော့။ သူတို့သည် သူတစ်ပါး တို့အားပြုကျင့်ခဲ့ကြသည့်အတိုင်းသူတို့ အားပြုကျင့်ကြလော့။ အဘယ်ကြောင့်ဆို သော်သူတို့သည်ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောအရှင် ဖြစ်သူငါ့ကိုမာနထောင်လွှားစွာဆန့် ကျင်ခဲ့ကြပြီ။-
`ငါသည်မြောက်အရပ်မှလူမျိုးများနှင့်ငါ ၏အစေခံဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုဆင့်ခေါ်ကာ ဤပြည်သူပြည်သားအပေါင်း တို့နှင့်နီးနားပတ်ဝန်းကျင်ရှိပြည်သူများ မှလူမျိုးအပေါင်းတို့အားတိုက်ခိုက်စေမည်။ ငါသည်ယင်းတို့ကိုအကြွင်းမဲ့ဖျက်ဆီး၍ ထာဝစဉ်ယိုယွင်းပျက်စီးစေသဖြင့်ရှုမြင် ရသူတို့လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-