မြို့များကိုပျက်ပြုန်းစေ၍ကမ္ဘာလောက ကို သဲကန္တာရဖြစ်စေသူကားဤသူပင်လော။ အကျဉ်းသမားတို့ကိုအစဉ်ချုပ်နှောင်ထား ကာ မိမိတို့နေရပ်သို့ပြန်၍မလွှတ်ဘဲနေ သူကားဤသူပင်လော'' ဟုမေးမြန်းကြ လိမ့်မည်။
ဟဗက္ကုတ် 1:7 - Common Language Bible လူတို့အားကြောက်လန့်တုန်လှုပ်စေလျက် မာန်မာနထောင်လွှားကာတရားလက်လွတ်ပြုကျင့်ကြလိမ့်မည်။ Garrad Bible ထို လူ မျိုး သ ည် ကြောက် ရွံ့ ထိန့် လန့် ဖွယ် ဖြစ် လျက်၊ ကိုယ့် ရာ ဇ သတ် နှင့် အာ ဏာ ပိုင် ခြင်း ကို၊ အ လို အ လျောက် ပေါ် ထွက် စေ၏။ Judson Bible အလွန်ကြောက်မက်ဖွယ်သော သူဖြစ်၍ ကိုယ်အလိုအလျောက် တရားစီရင်ဆုံးဖြတ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသောသူများဖြစ်ပြီး သူတို့ကိုယ်တိုင် ဥပဒေကိုပြဋ္ဌာန်း၍ အာဏာပြကြ၏။ |
မြို့များကိုပျက်ပြုန်းစေ၍ကမ္ဘာလောက ကို သဲကန္တာရဖြစ်စေသူကားဤသူပင်လော။ အကျဉ်းသမားတို့ကိုအစဉ်ချုပ်နှောင်ထား ကာ မိမိတို့နေရပ်သို့ပြန်၍မလွှတ်ဘဲနေ သူကားဤသူပင်လော'' ဟုမေးမြန်းကြ လိမ့်မည်။
ထိုပြည်မှသံတမန်များသည်ကူရိုးဖြင့် ပြီးသည့်လှေများဖြင့် နိုင်းမြစ်ကိုစုံဆင်း လာကြ၏။ ``အချင်းခြေလျင်သံတမန်တို့၊ ဌာနေသို့ပြန်ကြလော့။ နိုင်းမြစ်ဖျားတွင် တည်ရှိသည့်ကမ္ဘာတစ်ဝှမ်းလုံးကကြောက်ရွံ့ ကြ၍ ခွန်အားတန်ခိုးကြီးမားသည့်ရုပ်ရည် ချောမောမြင့်မားသည့်သင်တို့ပြည်သား များထံ ဤသတင်းစကားကိုယူဆောင် သွားကြလော့။
နိုင်းမြစ်ဖျားတွင်တည်ရှိသည့်ထိုနိုင်ငံမှ လည်းကောင်း၊ ခွန်အားတန်ခိုးကြီးမားသည့် ထိုလူမျိုးထံမှလည်းကောင်း၊ ရုပ်ရည်ချောမော ၍မြင့်မားသည့်ထိုပြည်သားတို့ထံမှလည်း ကောင်း၊ ကမ္ဘာတစ်ဝှမ်းလုံးကကြောက်ရွံ့ကြ သူထံမှလည်းကောင်း၊ ပူဇော်သကာများကို အနန္တတန်ခိုးရှင်ထာဝရဘုရားလက်ခံ တော်မူမည့်နေ့ရက်ကာလကျရောက်လာ လိမ့်မည်။ ထိုသူတို့သည်အနန္တတန်ခိုးရှင် ထာဝရဘုရားအားကိုးကွယ်ဝတ်ပြုရန် ဇိအုန်တောင်တော်သို့လာရောက်ကြလိမ့်မည်။
``အချင်းအပျော်အပါးကိုချစ်မြတ်နိုးသူ၊ မိမိတွင်လုံခြုံမှုရှိလှပြီဟုထင်မှတ်သူ၊ ဤစကားကိုနားထောင်လော့။ ငါသည်ဘုရားတမျှကြီးမြတ်သည်ဟူ၍ လည်းကောင်း၊ ငါလိုလူဇမ္ဗူတွင်မရှိဟူ၍လည်းကောင်းသင်ဆို၏။ သင်သည်အဘယ်အခါ၌မျှမုဆိုးမ ဖြစ်ရလိမ့်မည်မဟုတ်။ အဘယ်အခါ၌မျှသားသမီးများကိုလည်း ဆုံးရှုံးရလိမ့်မည်မဟုတ်ဟုသင်ထင်မှတ်၏။
``အရှင်မင်းကြီး၊ ကိုယ်တော်သည်အိပ်မက် တွင်အလွန်ကြီးမားတောက်ပပြောင်လက် ၍ကြောက်မက်ဖွယ်ကောင်းသောလူရုပ်တု ကြီးကိုမြင်တော်မူပါ၏။-
ဤသည်လျှင်မိမိကိုယ်ကိုတန်ခိုးကြီးလှ ပြီဟူ၍လည်းကောင်း၊ လုံခြုံမှုရှိလှပြီ ဟူ၍လည်းကောင်းထင်မှတ်သည့်မြို့ကြုံ တွေ့ရမည့်ကံကြမ္မာပင်ဖြစ်တော့၏။ ထို မြို့၏မြို့သူမြို့သားတို့ကမိမိတို့မြို့ ကိုကမ္ဘာပေါ်တွင်အကြီးဆုံးဟုထင်မှတ် ကြပေသည်။ ထိုမြို့သည်တောတိရစ္ဆာန် များနားနေရာဖြစ်လျက်အဘယ်မျှလူ သူဆိတ်ညံ၍နေပါလိမ့်မည်နည်း။ ယင်း အနီးမှဖြတ်သန်းသွားလာသူအပေါင်း တို့သည်ထိတ်လန့်လျက် နောက်သို့တွန့်ဆုတ် သွားကြလိမ့်မည်။
ကိုယ်တော်သာချဉ်းကပ်၍အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားမိန့်မှာသမျှ ကိုကြားနာပြီးလျှင် အကျွန်ုပ်တို့အားဆင့် ဆိုတော်မူပါ။ အကျွန်ုပ်တို့သည်အမိန့်တော် ကိုနာခံပါမည်' ဟုလျှောက်ထားကြ၏။