ဇေဖနိ 2:15 - Common Language Bible15 ဤသည်လျှင်မိမိကိုယ်ကိုတန်ခိုးကြီးလှ ပြီဟူ၍လည်းကောင်း၊ လုံခြုံမှုရှိလှပြီ ဟူ၍လည်းကောင်းထင်မှတ်သည့်မြို့ကြုံ တွေ့ရမည့်ကံကြမ္မာပင်ဖြစ်တော့၏။ ထို မြို့၏မြို့သူမြို့သားတို့ကမိမိတို့မြို့ ကိုကမ္ဘာပေါ်တွင်အကြီးဆုံးဟုထင်မှတ် ကြပေသည်။ ထိုမြို့သည်တောတိရစ္ဆာန် များနားနေရာဖြစ်လျက်အဘယ်မျှလူ သူဆိတ်ညံ၍နေပါလိမ့်မည်နည်း။ ယင်း အနီးမှဖြတ်သန်းသွားလာသူအပေါင်း တို့သည်ထိတ်လန့်လျက် နောက်သို့တွန့်ဆုတ် သွားကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible15 ငါ မှ တစ် ပါး အ ခြား မြို့ မ ရှိ ဟု အောက် မေ့ လျက်၊ ပျော် မွေ့ လျစ် လျူ စွာ နေ ထိုင် သော မြို့ တော် ကား၊ ထို မြို့ တည်း။ လူ တို့ ဆိတ် ညံ ရာ၊ သား ရိုင်း တို့ အိပ် ဝပ် ရာ ဖြစ် ပြီ တ ကား။ သီ သွား သူ တိုင်း လက် ညှိုး ညွှန် လျက် ပြက် ရယ် ပြု ကြ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible15 ထိုမြို့က၊ ငါရှိ၏။ ငါမှတစ်ပါး အဘယ်သူမျှမရှိဟု ဆိုလျက် သောကနှင့် ကင်းလွတ်၍ ဝမ်းမြောက်လျက် နေဖူးသောမြို့ ဖြစ်ပါသည်တကား။ ယခုမှာ သုတ်သင်ပယ်ရှင်းရာ၊ သားရဲအိပ်ရာအရပ် ဖြစ်ပါသည်တကား။ လျှောက်သွားသော သူအပေါင်းတို့သည် ကဲ့ရဲ့သံကိုပြု၍ လက်ဖျားခါကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 ထိုမြို့သည် အပျော်အပါးများနှင့်စည်ကားသောမြို့ ဖြစ်၏။ မြို့သားတို့သည် စိတ်အေးလက်အေးနေတတ်သောသူများ၊ မိမိကိုယ်ကို “ငါမှတစ်ပါး အခြားသူမရှိ”ဟု ထင်တတ်သောသူများ ဖြစ်၏။ ယခုမှာ လူသူကင်းမဲ့၍ တောရိုင်းတိရစ္ဆာန်တို့ လဲလျောင်းနားနေရာ၊ ဖြတ်သန်းသွားလာသောသူအပေါင်းတို့ လက်ဖျားခါ၍ကဲ့ရဲ့ရာ ဖြစ်လေပြီ။ အခန်းကိုကြည့်ပါ။ |
နန်းတော်ပင်လျှင်အထီးတည်းကျန်ရစ်၍ နေ ပြည်တော်ကြီးသည်လုံးဝလူသူဆိတ်ငြိမ် လျက်နေလိမ့်မည်။ ထိုမြို့တော်ကိုစောင့်ကြပ် ကာကွယ်ရာခံတပ်များနှင့်အိမ်များသည် လည်း ထာဝစဉ်ပျက်စီးယိုယွင်း၍နေလိမ့် မည်။ ထိုအရပ်တွင်မြည်းရိုင်းများလှည့်လည် သွားလာကာသိုးများကျက်စားကြလိမ့်မည်။
ငါ၏အမျက်တော်ကြောင့်ဗာဗုလုန်မြို့ တွင် အဘယ်သူမျှနေထိုင်ရကြလိမ့်မည် မဟုတ်။ ထိုမြို့သည်ယိုယွင်းပျက်စီးလျက် ကျန်ရစ်လိမ့်မည်။ အနီးမှဖြတ်သန်းသွား လာသူအပေါင်းတို့သည်ထိုမြို့ကြုံတွေ့ ရသည့်အဖြစ်အပျက်ကိုမြင်၍ လန့်ဖျပ် တုန်လှုပ်ကာအံ့သြ၍သွားကြလိမ့်မည်။
ကိုယ်တော်က``အချင်းလူသား၊ တုရုဘုရင် အားငါအရှင်ထာဝရဘုရား၏အမိန့် တော်ကိုဆင့်ဆိုရမည်မှာ သင်သည်မာန် မာနထောင်လွှားလျက်မိမိကိုယ်ကိုဘုရား ဟူ၍ပင်လယ်ဝိုင်းရံ၍နေသောရာဇပလ္လင် ပေါ်တွင် ဘုရားကဲ့သို့ထိုင်လျက်နေရသည် ဟုဆိုလေသည်။ သင်သည်ဘုရားနည်းတူ ပညာရှိသည်ဟုထင်သော်လည်း သင်သည် ဘုရားမဟုတ်။ အမှန်ပင်မဟုတ်။ လူသား မျှသာဖြစ်၏။-
သင်၏အနာများအတွက်ဆေးမရှိ။ သင် ၏ဒဏ်ရာများကိုလည်းပျောက်ကင်းအောင် ကုသ၍မရနိုင်။ သင်ဆုံးပါးပျက်စီး သည့်သတင်းကိုကြားသိကြသူအပေါင်း တို့သည်ဝမ်းမြောက်ဝမ်းသာလက်ခုပ်တီး ကြ၏။ အဘယ်သူမျှသင်၏အတိုင်းမသိ ရက်စက်ကြမ်းကြုတ်မှုနှင့်ကင်းလွတ်ခဲ့သည် ဟူ၍မရှိ။ ပရောဖက်နာဟုံစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။