Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 18:7 - Common Language Bible

7 နိုင်း​မြစ်​ဖျား​တွင်​တည်​ရှိ​သည့်​ထို​နိုင်​ငံ​မှ လည်း​ကောင်း၊ ခွန်​အား​တန်​ခိုး​ကြီး​မား​သည့် ထို​လူ​မျိုး​ထံ​မှ​လည်း​ကောင်း၊ ရုပ်​ရည်​ချော​မော ၍​မြင့်​မား​သည့်​ထို​ပြည်​သား​တို့​ထံ​မှ​လည်း ကောင်း၊ ကမ္ဘာ​တစ်​ဝှမ်း​လုံး​က​ကြောက်​ရွံ့​ကြ သူ​ထံ​မှ​လည်း​ကောင်း၊ ပူ​ဇော်​သကာ​များ​ကို အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​လက်​ခံ တော်​မူ​မည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ လိမ့်​မည်။ ထို​သူ​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​ဝတ်​ပြု​ရန် ဇိ​အုန်​တောင်​တော်​သို့​လာ​ရောက်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ထို ကာ လ၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၏ နာ မ တော် တည် ရာ ဇိ အုန် တောင် တော် သို့၊ အ ရပ် အ မောင်း မြင့် ခြင်း၊ ကိုယ် ရေ ကိုယ် သား ပြောင် ခြင်း ရှိ သော လူ မျိုး၊ ယ မန် က စ၍ ကြောက် မက် ဖွယ် ကောင်း သော လူ မျိုး၊ တန် ခိုး ကြီး လျက် နှိမ် နှင်း တတ် သော လူ မျိုး၊ မြစ် အ မြွာ မြွာ ဖြတ် သော ပြည် တွင် နေ ထိုင် သော လူ မျိုး သည်၊ ဗိုလ် ခြေ တို့ အရှင် ထာ ဝ ရ ဘု ရား ထံ ကိုယ် ကို ဆက် သွင်း ကြ လိမ့် သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ထို​အ​ခါ ခိုင်​မာ​ပြင်း​ထန်​လျက် ရှေ့​ဦး​စွာ​မှ​စ၍ ယ​ခု​တိုင်​အောင် ကြောက်​မက်​ဖွယ်​ဖြစ်​ထ​သော၊ ခွန်​အား​ကြီး၍ နှိပ်​နင်း​တတ်​ထ​သော၊ မြစ်​များ​ကွဲ​ပြား​သော မြေ၌​နေ​သော​လူ​မျိုး​သည်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​တည်​ရာ ဇိ​အုန်​တောင်​သို့၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဖို့ လက်​ဆောင်​ပ​ဏ္ဏာ​ကို ဆောင်​ခဲ့​ကြ​လိမ့်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ထို​အချိန်​တွင် အရပ်ရှည်​၍​အသားအရေ​ချောမွတ်​သော​လူမျိုး​၊ အနီး​အဝေး​ရှိ​လူ​တို့​ကြောက်ရွံ့​ရ​သော​လူမျိုး​၊ မြစ်​များ​ဖြာထွက်​သော​ပြည်​၌​နေ​သည့် ခွန်အားကြီး​၍ နိုင်ထက်စီးနင်း​ပြု​တတ်​သော​လူမျိုး​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​အတွက် လက်ဆောင်ပဏ္ဏာ​ကို ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​နာမ​တော်​တည်​ရာ ဇိအုန်​တောင်​သို့ ယူဆောင်​လာ​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 18:7
17 ပူးပေါင်းရင်းမြစ်များ  

လူ​အ​မြောက်​အ​မြား​ပင်​ထာ​ဝ​ရ​ဘု​ရား အ​တွက်​ပူ​ဇော်​သ​ကာ​များ​နှင့် ဟေ​ဇ​ကိ မင်း​အ​တွက်​လက်​ဆောင်​များ​ကို​ယေ​ရု​ရှ​လင် မြို့​သို့​ယူ​ဆောင်​လာ​ကြ​၏။ ထို​ကာ​လ​မှ အ​စ​ပြု​၍​ဟေ​ဇ​ကိ​သည်​နိုင်​ငံ​တ​ကာ တို့​၏​ရှေ့​တွင်​ဂုဏ်​အ​သ​ရေ​ကြီး​မြင့်​လေ​၏။


လော​က​နိုင်​ငံ​အ​ပေါင်း​တို့၊ဘု​ရား​သ​ခင်​အား သီ​ချင်း​ဆို​၍​ချီး​မွမ်း​ကြ​လော့။ ရှေး​မ​ဆွ​က​တည်​ရှိ​နေ​သည့်​မိုး​ကောင်း​ကင်​တွင် ကြွ​မြန်း​တော်​မူ​သော​ဘု​ရား​ရှင်​အား ထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။ ကျယ်​စွာ​မိန့်​မြွက်​တော်​မူ​သော​အ​သံ​ကို နား​ထောင်​ကြ​လော့။


သဲ​ကန္တာ​ရ​ရှိ​သေ​လ​မြို့​မှ​မော​ဘ​အ​မျိုး​သား တို့​သည် ဇိ​အုန်​တောင်​၏​သ​မီး​ထံ​သို့​သိုး​တစ် ကောင်​ကို​လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ်​ပေး​ပို့​လိုက် ကြ​၏။-


ထို​ပြည်​မှ​သံ​တ​မန်​များ​သည်​ကူ​ရိုး​ဖြင့် ပြီး​သည့်​လှေ​များ​ဖြင့် နိုင်း​မြစ်​ကို​စုံ​ဆင်း လာ​ကြ​၏။ ``အ​ချင်း​ခြေ​လျင်​သံ​တ​မန်​တို့၊ ဌာ​နေ​သို့​ပြန်​ကြ​လော့။ နိုင်း​မြစ်​ဖျား​တွင် တည်​ရှိ​သည့်​ကမ္ဘာ​တစ်​ဝှမ်း​လုံး​က​ကြောက်​ရွံ့ ကြ​၍ ခွန်​အား​တန်​ခိုး​ကြီး​မား​သည့်​ရုပ်​ရည် ချော​မော​မြင့်​မား​သည့်​သင်​တို့​ပြည်​သား များ​ထံ ဤ​သ​တင်း​စ​ကား​ကို​ယူ​ဆောင် သွား​ကြ​လော့။


ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``အ​သီး​အ​နှံ ရိတ်​သိမ်း​ချိန်​၏​ပူ​အိုက်​သည့်​ည​တို့​၌​ဆီး​နှင်း များ​သည်​ငြိမ်​သက်​စွာ​ကျ​လာ​သ​ကဲ့​သို့ လည်း​ကောင်း၊ အ​ပူ​ရှိန်​ပြင်း​သည့်​နေ့​၌​နေ သည်​ကြည်​လင်​ဆိတ်​ငြိမ်​စွာ​ထွန်း​လင်း​တောက် ပ​သ​ကဲ့​သို့​လည်း​ကောင်း ငါ​သည်​ကောင်း​ကင် ဘုံ​မှ​ငြိမ်​သက်​စွာ​ငုံ့​၍​ကြည့်​တော်​မူ​မည်။-


ထာ​ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား မိန့်​တော်​မူ​သည်​မှာ ``အီ​ဂျစ်​ပြည်​နှင့်​ဆူ​ဒန်​ပြည်​တို့​၏​စည်း​စိမ် ဥစ္စာ​များ​ကို​သင်​တို့​ရ​ရှိ​ကြ​လိမ့်​မည်။ ထွား​ကြိုင်း​သည့်​သေ​ဘ​ပြည်​သား​တို့​သည် သင်​တို့​ထံ​တွင်​ကျွန်​ခံ​ရကြ​လိမ့်​မည်။ သူ​တို့​သည်​သံ​ကြိုး​အ​နှောင်​အ​ဖွဲ့​နှင့် သင်​တို့​နောက်​မှ​လိုက်​ရကြ​လိမ့်​မည်။ သူ​တို့​သည်​သင်​တို့​၏​ရှေ့​တွင်​ဦး​ညွှတ်​လျက် `ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော် မူ​ပြီ။ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ပါ​၏။


ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ ရန်​သူ​များ​ကို​ချေ​မှုန်း​ရန်​ချီ​တက်​ကြ​လော့၊ ငါ​သည်​သင်​တို့​အား​သံ​ဦး​ချို​နှင့်​ကြေး​ဝါ ခွာ​များ​ရှိ​သော နွား​သိုး​ကဲ့​သို့​ခွန်​အား​ပြည့် စေ​မည်။ သင်​တို့​သည်​နိုင်​ငံ​များ​စွာ​ကို​ချေ​မှုန်း နိုင်​သ​ဖြင့်​အ​ဋ္ဌမ္မ​နည်း​ဖြင့် သူ​တို့​ရ​ရှိ​ထား သော​ဥစ္စာ​ဘဏ္ဍာ​များ​ကို​သိမ်း​ယူ​၍ ကမ္ဘာ​ကို အ​စိုး​ရ​သော​ငါ​ထာ​ဝ​ရ​ဘု​ရား​အား ဆက်​သ​လော့'' ဟု​မိန့်​တော်​မူ​၏။


လူ​တို့​အား​ကြောက်​လန့်​တုန်​လှုပ်​စေ​လျက် မာန်​မာ​န​ထောင်​လွှား​ကာ​တ​ရား​လက်​လွတ်​ပြု​ကျင့်​ကြ​လိမ့်​မည်။


ပျံ့​လွင့်​နေ​သော​ငါ​၏​လူ​မျိုး​တော်​သည် ဝေး​လံ​သော​ဆူ​ဒန်​ပြည်​မှ​ပင်​လျှင်​ငါ့​ထံ သို့​ပူ​ဇော်​သ​ကာ​များ​ကို​ယူ​ဆောင်​လာ ကြ​လိမ့်​မည်။-


ကမ္ဘာ​မြေ​ကြီး​တစ်​စွန်း​မှ​အ​ခြား​တစ်​စွန်း တိုင်​အောင်​လူ​တို့​သည် ငါ​၏​ဂုဏ်​တော်​ကို ချီး​ကူး​ကြ​ပေ​သည်။ သူ​တို့​သည်​အ​ရပ် တ​ကာ​တွင်​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​၍ နှစ် သက်​ဖွယ်​ကောင်း​သည့်​ယဇ်​များ​ကို​ငါ့ အား​ပူ​ဇော်​ကြ​၏။ သူ​တို့​အား​လုံး​ပင် ငါ​၏​နာ​မ​တော်​ကို​ချီး​ကူး​ကြ​၏။-''


သူ​တို့​သည်​အိမ်​ထဲ​သို့​ဝင်​ကြ​ရာ​သူ​ငယ်​တော် အား မယ်​တော်​နှင့်​အ​တူ​တွေ့​မြင်​ကြ​၏။ ထို​အ​ခါ သူ​တို့​သည်​မြေ​ပေါ်​မှာ​ပျပ်​ဝပ်​ရှိ​ခိုး​ပြီး​လျှင် ဘဏ္ဍာ ကြုတ်​များ​ကို​ဖွင့်​၍​ရွှေ၊ လော​ဗန်​နှင့်​မု​ရန်​တို့​ကို ပူ​ဇော်​ဆက်​သ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ