ဟေရှာယ 18:6 - Common Language Bible6 သူတို့၏အလောင်းများသည်ငှက်များနှင့် သားရဲတိရစ္ဆာန်များအတွက်ကျန်ရှိနေ လိမ့်မည်။ နွေအခါငှက်တို့နှင့်ဆောင်းအခါ သားရဲတို့သည် ထိုလူသေကောင်တို့ကိုစား ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible6 ၎င်း တို့ ကို တောင် ငှက် ရဲ၊ တော သား ရဲ တို့ အ ဖို့ စွန့် ထား သ ဖြင့်၊ ငှက် ရဲ များ သည် နွေ ဥ တု၌လည်း ကောင်း၊ သား ရဲ တို့ သည် ဆောင်း ဥ တု၌လည်း ကောင်း စား ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible6 သူတို့သည် တောင်ပေါ်မှာနေတတ်သောငှက်များ၊ တောသားရဲများတို့၏အဖို့ဖြစ်၍၊ ငှက်တို့သည် နွေကာလ၌လည်းကောင်း၊ သားရဲအပေါင်းတို့သည် ဆောင်းကာလ၌လည်းကောင်း၊ သူတို့အပေါ်မှာ နေကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 သူတို့အားလုံးကို တောင်ပေါ်မှာနေသော အသားစားငှက်၊ မြေကြီးပေါ်မှာနေသော တိရစ္ဆာန်တို့အတွက် စွန့်ပစ်ထားမည်။ အသားစားငှက်တို့သည် နွေကာလတစ်လျှောက်လုံး၊ မြေကြီးတိရစ္ဆာန်အပေါင်းတို့သည် ဆောင်းကာလတစ်လျှောက်လုံး အသေကောင်ကို စားကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သူတို့အပေါ်သို့ ကြောက်မက်ဖွယ်ရာဘေးအန္တရာယ် လေးပါးသက်ရောက်စေရန် ငါထာဝရဘုရား ဆုံးဖြတ်ထားတော်မူလေပြီ။ သူတို့သည်စစ်ပွဲ တွင်အသတ်ခံရကြလိမ့်မည်။ သူတို့၏အလောင်း များကိုခွေးတို့ဆွဲယူသွားကြလိမ့်မည်။ ထို အသေကောင်တို့ကိုငှက်များထိုးကြလိမ့်မည်။ ကြွင်းကျန်သည့်အသားကိုတောသားရဲတို့ ကိုက်စားကြလိမ့်မည်။-
ထိုသူတို့သည်ကြောက်မက်ဖွယ်ကောင်းသည့် အနာရောဂါဘေးသင့်၍သေရကြလိမ့်မည်။ အဘယ်သူမျှသူတို့အတွက်ငိုကြွေးမြည် တမ်းကြလိမ့်မည်မဟုတ်။ သူတို့၏အလောင်း များကိုလည်းသင်္ဂြိုဟ်ကြလိမ့်မည်မဟုတ်။ ထို အလောင်းတို့သည်မြေပေါ်တွင်နောက်ချေးပုံ များကဲ့သို့ရှိနေကြလိမ့်မည်။ ထိုသူတို့သည် စစ်ပွဲတွင်ကျဆုံးရကြလိမ့်မည်။ သို့မဟုတ် လျှင်လည်းအစာငတ်မွတ်ခေါင်းပါးခြင်းဘေး သင့်၍သေရကြလျက် သူတို့၏အလောင်း များသည်ငှက်များနှင့်တောသားရဲများ ၏အစာဖြစ်လိမ့်မည်။''