ယောယကိမ်နန်းစံချိန်၌ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာသည် ယုဒပြည်သို့ချင်းနင်း ဝင်ရောက်လာ၏။ ယောယကိမ်သည်လည်းသုံး နှစ်တိုင်တိုင် သူ၏ထံတွင်အညံ့ခံလျက်နေ ပြီးမှပုန်ကန်လေ၏။-
ဟဗက္ကုတ် 1:6 - Common Language Bible ငါသည်ကြောက်မက်ဖွယ်ကောင်း၍အငြိမ်မနေတတ်သူဗာဗုလုန်အမျိုးသားတို့အားတန်ခိုးကြီးမားလာစေမည်။ သူတို့သည်အခြားနိုင်ငံများကိုနှိမ်နင်းရန် ကမ္ဘာမြေပြင်ကိုဖြတ်၍ချီတက်လာကြလိမ့်မည်။- Garrad Bible ကိုယ် မ ပိုင် သော နေ ရပ် များ ကို ပိုင် ယူ အံ့ သော ငှာ၊ မြေ ပ ထ ဝီ တစ် လျောက် ချီ လာ လျက်၊ ပြင်း ထန် လျင် လွန်း သော ခါ လ ဒဲ လူ မျိုး ကို၊ ငါ ပေါ် ထွန်း စေ မည်။ Judson Bible ပြင်းထန်လျင်မြန်သော ခါလဒဲအမျိုးကို ငါနှိုးဆော်၏။ ကိုယ်မပိုင်သော နေရာအရပ်တို့ကို သိမ်းယူခြင်းငှာ မြေတစ်ပြင်လုံး၌ ချီသွားကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ ရက်စက်ကြမ်းကြုတ်၍ စိတ်လိုက်မာန်ပါလုပ်တတ်သောခါလဒဲလူမျိုးတို့ကို ငါထကြွစေမည်။ သူတို့သည် သူတို့ပိုင်နက်မဟုတ်သောမြေတစ်ပြင်လုံးသို့ စစ်ချီ၍ သိမ်းပိုက်လိမ့်မည်။ |
ယောယကိမ်နန်းစံချိန်၌ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာသည် ယုဒပြည်သို့ချင်းနင်း ဝင်ရောက်လာ၏။ ယောယကိမ်သည်လည်းသုံး နှစ်တိုင်တိုင် သူ၏ထံတွင်အညံ့ခံလျက်နေ ပြီးမှပုန်ကန်လေ၏။-
ထာဝရဘုရားသည်မိမိ၏အစေခံပရော ဖက်များအားဖြင့် မိန့်တော်မူခဲ့သည့်အတိုင်း ယုဒပြည်ကိုဖျက်ဆီးရန် ဗာဗုလုန်၊ ရှုရိ၊ မောဘနှင့်အမ္မုန်တပ်သားများကိုစေလွှတ် တော်မူ၏။-
ထာဝရဘုရားသည်ဗာဗုလုန်ဘုရင်ကိုခေါ် ဆောင်တော်မူခဲ့၏။ ထိုဘုရင်သည်လည်းယုဒ လူငယ်လူရွယ်များကိုဗိမာန်တော်ထဲ၌ပင် သတ်ဖြတ်လေသည်။ ဘုရားသခင်သည်အသက် ကြီးသူ၊ ငယ်သူ၊ ယောကျာ်းမိန်းမ၊ ဖျားနာသူ၊ ကျန်းမာသူတို့ကိုမသနားဘဲရှိရှိသမျှ သောသူတို့ကိုဗာဗုလုန်ဘုရင်၏လက်သို့ အပ်တော်မူ၏။-
ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည်ယုဒ ပြည်သို့ချင်းနင်းဝင်ရောက်ပြီးလျှင် ယောယ ကိမ်ကိုဖမ်းဆီး၍သံကြိုးနှင့်ချည်နှောင်ကာ ဗာဗုလုန်ပြည်သို့ခေါ်ဆောင်သွားလေ သည်။-
(တုရုမြို့ကို တောတိရစ္ဆာန်များခိုအောင်းရာ ဖြစ်စေသူတို့မှာ အာရှုရိအမျိုးသားများ မဟုတ်၊ ဗာဗုလုန်အမျိုးသားများသာဖြစ် ၏။ သူတို့သည်ခံတပ်မြို့စင်မြင့်များကို တည်ဆောက်ပြီးလျှင်၊ ခံတပ်တို့ကိုဖြိုချ ကာတုရုမြို့ကိုဖျက်ဆီး၍ထားခဲ့ကြ၏။)
ယေရုရှလင်မြို့၊ ကြည့်လော့။ သင်၏ရန်သူ များသည်မြောက်အရပ်မှလာလျက်ရှိ၏။ ကြည့်ရှုစောင့်ရှောက်ရန် သင့်အားငါပေး အပ်ထားသည့်လူများ၊ သင်တို့ဂုဏ်ယူ သည့်လူမျိုးတို့ကားအဘယ်မှာနည်း။-
``ငါသည်မြို့ရိုးကိုဝိုင်းရံသည့်ဗာဗုလုန် ဘုရင်နှင့်သူ၏တပ်မတော်ကိုတိုက်ခိုက်ရန် ဇေဒကိအသုံးပြုလျက်ရှိသည့်လက်နက် တို့ကိုဆုံးရှုံးစေမည်။ ထိုနောက်သူတို့ ကိုမြို့လယ်တွင်စုဝေးစေမည်။-
စစ်မက်အန္တရာယ်၊ အစာငတ်မွတ်ခေါင်းပါး ခြင်းဘေးနှင့်အနာရောဂါဘေးဖြင့်မသေ ဘဲ ကျန်ရှိနေသူယုဒဘုရင်ဇေဒကိ၊ သူ၏ မှူးမတ်များနှင့်ပြည်သူတို့ကိုမူကား မိမိ တို့ကိုသတ်လိုသူရန်သူများနှင့်နေဗုခဒ် နေဇာ၏လက်တွင်အဖမ်းခံရစေမည်။ နေ ဗုခဒ်နေဇာသည်လည်းသူတို့အားကွပ်မျက် စေလိမ့်မည်။ အဘယ်သူကိုမျှအသက်ချမ်း သာပေးလိမ့်မည်မဟုတ်။ အဘယ်သူကိုမျှ သနားကရုဏာပြလိမ့်မည်မဟုတ်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
`ငါသည်မြောက်အရပ်မှလူမျိုးများနှင့်ငါ ၏အစေခံဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုဆင့်ခေါ်ကာ ဤပြည်သူပြည်သားအပေါင်း တို့နှင့်နီးနားပတ်ဝန်းကျင်ရှိပြည်သူများ မှလူမျိုးအပေါင်းတို့အားတိုက်ခိုက်စေမည်။ ငါသည်ယင်းတို့ကိုအကြွင်းမဲ့ဖျက်ဆီး၍ ထာဝစဉ်ယိုယွင်းပျက်စီးစေသဖြင့်ရှုမြင် ရသူတို့လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
ထာဝရဘုရားက``ငါသည်ထိတ်လန့်၍အော် ဟစ်သော အသံကိုကြားရ၏။ ထိုအသံသည်ငြိမ်းချမ်းသာယာသည့်အသံ မဟုတ်။ ကြောက်လန့်၍အော်ဟစ်သည့်အသံဖြစ်၏။
သဲကန္တာရမှလေပူကြီးသည် တိုက်ခတ်လာ လိမ့်မည်ဖြစ်ကြောင်းယေရုရှလင်မြို့သား တို့ကြားသိရမည့်နေ့ရက်ကာလသည်ကျ ရောက်လာလိမ့်မည်။ ထိုလေသည်သူတို့အား ဂျုံစပါးလှေ့ရန်တိုက်ခတ်လာခြင်းမဟုတ်။-
ဇိအုန်မြို့ရှိရာသို့ရှေ့ရှုကြလော့။ ဘေးမဲ့လုံခြုံ ရာသို့ ပြေးကြလော့။ ဆုတ်ဆိုင်း၍မနေကြနှင့်။ ထာဝရဘုရားသည်ကြီးစွာသောပျက်စီး မှု ဘေးအန္တရာယ်ဆိုးကို မြောက်အရပ်မှဆောင်ယူလာတော်မူလိမ့် မည်။
သို့ဖြစ်၍လျှော်တေကိုဝတ်၍ငိုကြွေးမြည် တမ်းကြလော့။ အဘယ်ကြောင့်ဆိုသော်၊ထာဝရဘုရား၏ ပြင်းထန်သောအမျက်တော်သည် ယုဒပြည်သို့ဦးတည်လျက်ရှိနေသေး သောကြောင့်ဖြစ်၏။
ဣသရေလပြည်သားတို့၊ ထာဝရဘုရားက``ငါသည်သင်တို့အားတိုက်ခိုက်စေရန် ဝေးလံရပ်ခြားမှလူမျိုးစုတစ်စုကိုခေါ်ဆောင်ခဲ့လိမ့်မည်။ သူတို့သည်အင်အားကြီး၍အလွန်ရှေးကျသောလူမျိုး၊ သင်တို့မသိနားမလည်သောဘာသာစကားကိုပြောဆိုသောလူမျိုးဖြစ်၏။-
သို့ဖြစ်၍သူတို့လယ်ယာများကိုပိုင်ရှင် သစ်များသို့လည်းကောင်း၊ သူတို့ဇနီးများ ကိုအခြားသူတို့ထံသို့လည်းကောင်းငါ ပေးအပ်မည်။ ကြီးငယ်မဟူလူအပေါင်း တို့သည်မတရားစီးပွားရှာကြ၏။ ပရော ဖက်များနှင့်ယဇ်ပုရောဟိတ်များပင်လျှင် လူတို့ကိုလိမ်လည်ကြ၏။-
``သင့်အားခဲနှင့်ပေါက်၍ဋ္ဌားနှင့်အပိုင်းပိုင်း ဖြတ်ကြစေရန် သူတို့သည်လူအုပ်ကြီးတစ် စုကိုလှုံ့ဆော်ပေးကြလိမ့်မည်။-
ငါသည်တောက်လောင်နေသောမီးသဖွယ် ငါ၏အမျက်တော်ကို သင့်၏အပေါ်သို့ သွန်းလောင်းရလိမ့်မည်။ သင့်အားရက်စက် ကြမ်းကြုတ်သူအဖျက်ဝိဇ္ဇာတို့၏လက် သို့ငါပေးအပ်မည်။-
ငါသည်သနားညှာတာမှုကင်းခဲ့သည့် တိုင်းတစ်ပါးသားတို့အား သင့်ကိုတိုက်ခိုက် ရန်ခေါ်ဆောင်ခဲ့မည်။ အသိပညာနှင့်အလှ အပအားဖြင့် သင်စုဆောင်းထားသမျှသော ပစ္စည်းဥစ္စာတို့ကိုသူတို့သည်ဖျက်ဆီးပစ် ကြလိမ့်မည်။-
ရက်စက်ကြမ်းကြုတ်သောလူမျိုးခြားတို့ သည် ထိုအပင်ကိုခုတ်လှဲ၍ပစ်ထားခဲ့ကြ လိမ့်မည်။ ယင်း၏အကိုင်းအခက်များနှင့် ကျိုးပဲ့ကုန်သောအခက်အလက်ကြီးများ သည်တစ်ပြည်လုံးရှိတောင်များ၊ ချောင်းများ၊ ချိုင့်ဝှမ်းများအပေါ်သို့လဲကျကြလိမ့် မည်။ ထိုအပင်၏အရိပ်တွင်ခိုလှုံနေ ကြသောလူမျိုးအပေါင်းတို့သည်လည်း ထွက်ခွာသွားကြလိမ့်မည်။-
ကျိုင်းကောင်တို့၏ရှေ့နှင့်နောက်တွင်သီးနှံပင်များကို မီးကဲ့သို့ကိုက်စားကြ၏။ မြေကြီးသည်သူတို့၏ရှေ့၌ဧဒင်ဥယျာဉ်နှင့် တူ၍ သူတို့၏နောက်တွင်မူကား၊သီးနှံပင်ကင်းမဲ့သည့် သဲကန္တာရနှင့်တူ၏။ သူတို့၏ဘေးအန္တရာယ်မှလွတ်မြောက်သည့် အသီးအနှံဟူ၍မရှိ။