ဟဗက္ကုတ် 1:5 - Common Language Bible5 ထိုအခါထာဝရဘုရားကမိမိလူမျိုးတော်အား``သင်တို့သည်မိမိတို့ပတ်ဝန်းကျင်ရှိလူမျိုးတကာကို ဆက်လက်စောင့်ဆိုင်းကြည့်ရှုနေကြလော့။ ထိုအခါသင်တို့တွေ့မြင်ရသည့်အမှုအတွက်အံ့သြသွားလိမ့်မည်။ ငါသည်သင်တို့ကြား၍ပင်မယုံနိုင်မည့်အမှုတစ်ခုကိုပြုမည်။- အခန်းကိုကြည့်ပါ။Garrad Bible5 လူ မျိုး ခြား တို့ တွင် အ ဖြစ် အ ပျက် ကို၊ ရှု ကြည့် မှတ် သား ၍ အံ့ အား သင့် လျက် နေ ကြ လော့။ ကြား ၍ မ ယုံ နိုင် သော အ မှု ကို၊ သင် တို့ လက် ထက် ၌ ပင်၊ ငါ စီ ရင် မည်။ အခန်းကိုကြည့်ပါ။Judson Bible5 သစ္စာပျက်သောသူတို့၊ ကြည့်ရှုဆင်ခြင်၍ အလွန်မှိုင်တွေကြလော့။ အကြောင်းမူကား၊ သင်တို့အား သူတစ်ပါးပြညွှန်သော်လည်း သင်တို့ မယုံသောအမှုကို သင်တို့လက်ထက်ကာလ၌ ငါပြု၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 “လူမျိုးတကာတို့ကို ကြည့်ရှု၍ ဆင်ခြင်ကြလော့။ အံ့အားသင့်လျက်နေလော့။ အကြောင်းမူကား သင်တို့ကြား၍ မယုံနိုင်သောအမှုကို သင်တို့လက်ထက်တွင် ငါဖြစ်ပျက်စေမည်။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ငါသည်သူတို့မမျှော်လင့်သည့်ဘေး ဒုက္ခတစ်ခုပြီးတစ်ခုသက်ရောက်စေ၍ သူတို့ အားတုန်လှုပ်ချောက်ချားစေမည်။ ပညာရှိတို့ သည်လူမိုက်များဖြစ်ကုန်ကြလျက်၊ သူတို့ ၏အသိအလိမ္မာမှန်သမျှသည်လည်း သူတို့ အားအဘယ်သို့မျှအကျိုးပြုလိမ့်မည် မဟုတ်'' ဟုယခုမိန့်တော်မူပါ၏။
ထိုအခါ ပြည်သားတို့က``ယေရမိကိုငါတို့ ဖယ်ရှားကြကုန်အံ့။ ငါတို့အားသွန်သင်မည့် ယဇ်ပုရောဟိတ်များ၊ အကြံပေးမည့်ပညာရှိ များ၊ ဘုရားသခင်၏ဗျာဒိတ်တော်ကိုပြန် ကြားမည့်ပရောဖက်များထားရှိမြဲရှိကြ မည်သာဖြစ်၏။ ယေရမိအားငါတို့စွဲချက် တင်ကြကုန်အံ့။ သူပြောသည့်စကားကို နားမထောင်ဘဲနေကြကုန်အံ့'' ဟုဆို ကြ၏။