ယေရမိ 21:7 - Common Language Bible7 စစ်မက်အန္တရာယ်၊ အစာငတ်မွတ်ခေါင်းပါး ခြင်းဘေးနှင့်အနာရောဂါဘေးဖြင့်မသေ ဘဲ ကျန်ရှိနေသူယုဒဘုရင်ဇေဒကိ၊ သူ၏ မှူးမတ်များနှင့်ပြည်သူတို့ကိုမူကား မိမိ တို့ကိုသတ်လိုသူရန်သူများနှင့်နေဗုခဒ် နေဇာ၏လက်တွင်အဖမ်းခံရစေမည်။ နေ ဗုခဒ်နေဇာသည်လည်းသူတို့အားကွပ်မျက် စေလိမ့်မည်။ အဘယ်သူကိုမျှအသက်ချမ်း သာပေးလိမ့်မည်မဟုတ်။ အဘယ်သူကိုမျှ သနားကရုဏာပြလိမ့်မည်မဟုတ်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible7 ထို့ နောက်၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ရော ဂ န္တ ရ ကပ်၊ သ တ္တ န္တ ရ ကပ်၊ ဒု မ္ဘိ က္ခ န္တ ရ ကပ် များ မှ ကျန် ရစ် သော မြို့ သူ မြို့ သား တို့ နှင့် တ ကွ ယု ဒ ဘု ရင် ဇေ ဒ ကိ မင်း ကို၊ ကျေး ကျွန် သင်း ပင်း တို့ ပါ၊ ဗာ ဗု လုန် ဘုရင် နေ ဗု ခဒ် နေ ဇာ မင်း မှ စ သော၊ အ သက် အန္တ ရာယ် ရှာ ကြံ သူ ရန် ဘက် တို့ လက် တွင်း သို့၊ ငါ အပ် နှင်း သည့် အ လျောက်၊ ထို မင်း သည် စာ နာ ခြင်း၊ ညှာ တာ ခြင်း၊ သ နား ခြင်း ကင်း လျက်၊ ဓား ဖြင့် လုပ် ကြံ လိမ့် မည် ဟူ ၍ တည်း။ အခန်းကိုကြည့်ပါ။Judson Bible7 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုနောက်မှ နာဘေး၊ ဓားဘေး၊ မွတ်သိပ်ခြင်းဘေးနှင့် လွတ်၍၊ ကျန်ကြွင်းသော မြို့သားတည်းဟူသော ယုဒရှင်ဘုရင်ဇေဒကိမှစ၍ သူ၏ကျွန်များ၊ သူ၏လူများတို့ကို၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ အစရှိသောရန်သူများ၊ သတ်ချင်သော သူများလက်သို့ ငါအပ်၍၊ ထိုမင်းသည် သနားခြင်းကရုဏာမရှိ၊ မစုံမက်၊ မနှမြောဘဲ၊ ဓားနှင့် ကွပ်မျက်လိမ့်မည်ဟု ဆင့်ဆိုလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 တစ်ဖန် ထာဝရဘုရားက ‘ကပ်ရောဂါဘေး၊ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့မှ အသက်ရှင်ကျန်ရစ်သော ယုဒဘုရင်ဇေဒကိမင်းကြီးနှင့် သူ၏အမှုထမ်းများ၊ မြို့သူမြို့သားများကို သူတို့အသက်ကိုရန်ရှာသော၊ သူတို့၏ရန်သူဖြစ်သော ဘေဘီလုံဘုရင်နေဗုခဒ်နေဇာလက်ထဲသို့ ငါအပ်မည်။ ထိုဘုရင်သည် သူတို့ကို မသနား၊ မညှာတာ၊ မစာနာဘဲ ဓားဖြင့် ကွပ်မျက်မည်’ဟူ၍ မိန့်တော်မူ၏”ဟု လျှောက်ဆိုရမည်။ အခန်းကိုကြည့်ပါ။ |
အကယ်၍သူတို့သည်အစာရှောင်၍ပင် အကူအညီဟစ်အော်တောင်းခံကြစေ ကာမူ ငါသည်လူတို့၏ဟစ်အော်သံကို နားထောင်လိမ့်မည်မဟုတ်။ အကယ်၍သူ တို့သည်ငါ့အားမီးရှို့ရာယဇ်များနှင့် ပူဇော်သကာများကိုပင်ဆက်သသော် လည်း ငါသည်သူတို့အားနှစ်သက်လိမ့် မည်မဟုတ်။ ယင်းသို့နှစ်သက်မည့်အစား သူတို့အားစစ်ပွဲများတွင်ကျဆုံးစေမည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ အနာရောဂါ ဘေးသင့်၍သေစေမည်'' ဟုမိန့်တော်မူ ပါ၏။
သားသမီးခုနစ်ယောက်ဆုံးရှုံးရသည့်မိခင်သည် မေ့မြောသေဆုံးသွားလေပြီ။ သူ၏နေ့အလင်းသည်မှောင်မိုက်သို့ပြောင်းလဲ လေပြီ။ သူသည်အရှက်ရလျက်မှိုင်တွေကာနေရလေပြီ။ သင်တို့အနက်အသက်မသေဘဲ ကျန်ရှိနေသေးသောသူတို့အားငါသည် ရန်သူများကိုအသတ်ခိုင်းမည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။''
အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားကိုယ် တော်တိုင်က`ငါသည်သင့်အားကိုယ်အဖို့လည်း ကောင်း၊ မိတ်ဆွေများအဖို့လည်းကောင်း၊ ထိတ် လန့်ကြောက်ရွံ့ဖွယ်ကောင်းသူဖြစ်စေမည်။ ထို သူအပေါင်းတို့သည်လည်းရန်သူများ၏ဋ္ဌား ဖြင့်ကျဆုံးကြသည်ကိုသင်မြင်ရလိမ့်မည်။ ငါသည်ယုဒပြည်သားအပေါင်းတို့အား ဗာဗုလုန်မင်း၏လက်သို့အပ်တော်မူမည်။ သူသည်ထိုသူအချို့ကိုမိမိ၏ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွားလျက်အချို့တို့ ကိုမူကွပ်မျက်လိမ့်မည်။-
အို ထာဝရဘုရားကြည့်တော်မူပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား အဘယ်ကြောင့်ဤမျှဒဏ်ခတ်တော်မူသနည်း။ အမျိုးသမီးတို့သည်မိမိတို့ချစ်မြတ်နိုးသည့် သားသမီးများ၏အသားကိုစားနေကြပါ၏။ ယဇ်ပုရောဟိတ်များနှင့်ပရောဖက်များသည်လည်း ဗိမာန်တော်အတွင်း၌ပင် အသတ်ခံလျက်နေရကြပါ၏။
ကိုယ်တော်ရှင်သည်ရန်သူများကိုကျွန်တော်မျိုး၏ ပတ်လည်တွင်ကြောက်မက်ဖွယ်သောပျော်ပွဲသဘင် ဆင်ယင်ရန်ဖိတ်ခေါ်တော်မူပါ၏။ ကိုယ်တော်ရှင်အမျက်ထွက်တော်မူရာ ထိုနေ့ရက်ကာလ၌အဘယ်သူမျှချမ်းသာရာ ရလိမ့်မည်မဟုတ်ပါ။ သူတို့သည်ကျွန်တော်မျိုးချစ်မြတ်နိုး၍ ကျွေးမွေးပြုစုခဲ့သည့်သားသမီးများကို သတ်ဖြတ်ကြပါ၏။
ငါသည်သင့်အားချမ်းသာပေးလိမ့်မည်မဟုတ်။ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မ ဟုတ်။ သင်ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုများ အတွက်သင့်ကိုဒဏ်ပေးမည်။ သို့မှသာလျှင် ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုလည်း ကောင်း၊ သင့်အားဒဏ်ပေးသူသည်ငါပင်ဖြစ် ကြောင်းကိုလည်းကောင်းသင်သိလိမ့်မည်'' ဟူ၍ဖြစ်၏။
သူတို့သည်သစ်ခက်ကိုနှာခေါင်းတွင်ကပ်လျက် ငါ့အားစော်ကားကြပုံကိုကြည့်လော့။ ငါ၏အမျက်ဒဏ်ကိုသူတို့သည်အပြည့်အဝခံရကြလိမ့်မည်။ ငါသည်သူတို့အားချမ်းသာပေးလိမ့်မည်မဟုတ်။ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မဟုတ်။ သူတို့သည်ငါ့ထံသို့အစွမ်းကုန်အော်ဟစ်၍ဆုတောင်းပတ္ထနာပြုကြမည်ဖြစ်သော်လည်း ငါသည်နားညောင်းလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။