ငါသည်ကိုယ်ခံရသော ညှဉ်းဆဲခြင်းကိုအကြောင်းပြု၍ မြည်တမ်းသော်လည်း၊ အဘယ်သူမျှ နားမထောင်။ အော်ဟစ်သော်လည်း တရားသဖြင့် စီရင်သောသူမရှိ။
ဟဗက္ကုတ် 1:2 - Common Language Bible ကျွန်တော်မျိုးအားအကြမ်းဖက်ခံရမှုမှကယ်တော်မူသည့်တိုင်အောင် ကိုယ်တော်ရှင်မကြားမချင်း``ကူမတော်မူပါ'' ဟုအဘယ်မျှကြာအောင်ဟစ်အော်တောင်းလျှောက်ရပါမည်နည်း။- Garrad Bible အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် နား ညောင်း တော် မ မူ ဘဲ၊ မည် မျှ ကြာ ကြာ အကျွန်ုပ် အော် ရ ပါ မည် နည်း။ အ ဓ မ္မ ပါ တ ကား ဟု ဟစ် သော် လည်း၊ ကယ် တော် မ မူ ပါ။ Judson Bible အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြားတော်မမူဘဲ၊ အဘယ်မျှကာလပတ်လုံး အကျွန်ုပ် အော်ဟစ်ရပါမည်နည်း။ ကယ်တင်တော်မမူဘဲ အကျွန်ုပ်သည် အဓမ္မအမှုကိုခံ၍၊ ရှေ့တော်၌ အဘယ်မျှကာလပတ်လုံး အော်ဟစ်ရပါမည်နည်း။ မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ မည်မျှကြာအောင် အကျွန်ုပ် အကူအညီအော်ဟစ်တောင်းခံရပါမည်နည်း။ အကျွန်ုပ်အော်ဟစ်သော်လည်း ကိုယ်တော် နားညောင်းတော်မမူ။ “အကြမ်းဖက်ခံရပါ၏”ဟု အော်ဟစ်သော်လည်း ကိုယ်တော် မကယ်တင်ပါတကား။ |
ငါသည်ကိုယ်ခံရသော ညှဉ်းဆဲခြင်းကိုအကြောင်းပြု၍ မြည်တမ်းသော်လည်း၊ အဘယ်သူမျှ နားမထောင်။ အော်ဟစ်သော်လည်း တရားသဖြင့် စီရင်သောသူမရှိ။
သို့ရာတွင်ကိုယ်တော်ရှင်သည်ပလ္လင်တော်ပေါ်တွင် စံတော်မူသောအရှင်၊ ဣသရေလအမျိုးသားတို့ထောမနာပြုခြင်းကို ခံတော်မူရသောအရှင်ဖြစ်တော်မူပါ၏။
သူယုတ်မာတို့သည်အဘယ်မျှကြာအောင် ဝမ်းမြောက်ကြပါဦးမည်နည်း။ အို ထာဝရဘုရား၊ အဘယ်မျှကြာပါဦးမည်နည်း။
အဘယ်ကြောင့်ကိုယ်တော်ရှင်သည် အငိုက်မိသူကဲ့သို့လည်းကောင်း၊ ကူမနိုင်စွမ်းမရှိသည့်စစ်သူရဲကဲ့သို့ လည်းကောင်း ဖြစ်တော်မူပါသနည်း။ အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်အမှန်ပင် ကျွန်တော်မျိုးတို့နှင့်အတူရှိတော်မူပါ၏။ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ နာမတော်ကိုဆောင်သောသူဖြစ်ကြပါ၏။ ကျွန်တော်မျိုးတို့အားစွန့်ပစ်တော်မမူပါ နှင့်' ဟုလျှောက်ထားကြ၏။''
ထိုနောက်ကောင်းကင်တမန်က``အို အနန္တတန်ခိုး ရှင်ထာဝရဘုရား၊ ယေရုရှလင်မြို့နှင့်ယုဒ မြို့တို့အားကိုယ်တော်ရှင်အမျက်ထွက်တော် မူသည်မှာ ယခုအနှစ်ခုနစ်ဆယ်ရှိပါပြီ။ ထိုမြို့အားကရုဏာမပြဘဲအဘယ်မျှ ကြာနေတော်မူပါဦးမည်နည်း'' ဟုလျှောက်၏။
ထိုဝိညာဉ်များက``သန့်ရှင်းမြင့်မြတ်ဖြောင့်မှန် တော်မူသောအနန္တတန်ခိုးရှင်၊ အကျွန်ုပ်တို့အား သတ်ဖြတ်ခဲ့သည့်အပြစ်အတွက်ကမ္ဘာသူကမ္ဘာ သားတို့အား အဘယ်ကာလတိုင်အောင်တရား စီရင်အပြစ်ဒဏ်မပေးဘဲနေတော်မူမည် နည်း'' ဟုအသံကျယ်စွာဟစ်အော်ကြ၏။-