Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 22:3 - Common Language Bible

3 သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ပလ္လင်​တော်​ပေါ်​တွင် စံ​တော်​မူ​သော​အ​ရှင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထော​မ​နာ​ပြု​ခြင်း​ကို ခံ​တော်​မူ​ရ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ဣ သ ရေ လ လူ မျိုး တို့ ထော မ နာ ထက် စံ တော် မူ သော အို အ ရှင်၊ ကိုယ် တော် သန့် ရှင်း တော် မူ ပါ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ကိုယ်​တော်​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ချီး​မွမ်း​ရာ၌ ကျိန်း​ဝပ်​လျက် သန့်​ရှင်း​ခြင်း​ရှိ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 သို့သော် ကိုယ်တော်​သည် သန့်ရှင်း​သော​အရှင်​ဖြစ်​တော်မူ​ပြီး အစ္စရေး​လူမျိုး​၏​ချီးမွမ်း​ခြင်း​၌ စိုးစံ​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 22:3
11 ပူးပေါင်းရင်းမြစ်များ  

ငါသည်ကိုယ်ခံရသော ညှဉ်းဆဲခြင်းကိုအကြောင်းပြု၍ မြည်တမ်းသော်လည်း၊ အဘယ်သူမျှ နားမထောင်။ အော်ဟစ်သော်လည်း တရားသဖြင့် စီရင်သောသူမရှိ။


ကိုယ်တော်အား အကျွန်ုပ်အော်ဟစ်သော် လည်း ကြားတော်မမူ။ အကျွန်ုပ်သည် မတ်တတ်နေသော် လည်း မှတ်တော်မမူ။


ထာ​ဝ​ရ​ဘု​ရား​သည်​ပြု​လေ​သ​မျှ​သော အ​မှု​တို့​တွင်​ဖြောင့်​မတ်​ခြင်း​နှင့်​က​ရု​ဏာ တော်​ကို ဖော်ပြ​တော်​မူ​၏။


ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​သည်​ငါ့​အား ဂုဏ်​ပြု​ရာ​ယဇ်​ပင်​ဖြစ်​၏။ ငါ့​စ​ကား​ကို​နား​ထောင်​သူ​အ​ပေါင်း​တို့​အား ဧ​ကန်​အ​မှန်​ငါ​ကယ်​မည်'' ဟု​မိန့်​တော်​မူ​၏။


အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ဆု​တောင်း​ပတ္ထနာ​များ​ကို နား​ညောင်း​တော်​မူ​တတ်​သ​ဖြင့် ကျွန်​တော်​မျိုး​တို့​သည်​ဇိ​အုန်​တောင်​တော် ပေါ်​တွင် ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ထိုက်​ပါ​၏။ မိ​မိ​တို့​ပြု​ခဲ့​သည့်​က​တိ​သစ္စာ​ဝတ်​ကို​ဖြေ ထိုက်​ပါ​၏။ လူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​များ အ​တွက် ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​တို့​၏​မှား​ယွင်း​ချက်​များ​သည် အ​လွန်​ပင်​များ​သော်​လည်း ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​ပါ​၏။


ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။ ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို နား​ထောင်​တော်​မူ​ပါ။


ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ သန့်​ရှင်း​မြင့်​မြတ်​သည့်​တောင်​တော်​ပေါ်​တွင် ကိုး​ကွယ်​ဝတ်​ပြု​ကြ​လော့။ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။


သူ​တို့​သည် ``အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။ ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ဖြင့်​ပြည့်​လျက်​ရှိ​ပါ​၏။'' ဟု​အ​ချင်း​ချင်း​ကြွေး​ကြော်​၍​နေ​ကြ​၏။


ကျွန်​တော်​မျိုး​အား​အ​ကြမ်း​ဖက်​ခံ​ရ​မှု​မှ​ကယ်​တော်​မူ​သည့်​တိုင်​အောင် ကိုယ်​တော်​ရှင်​မ​ကြား​မ​ချင်း``ကူ​မ​တော်​မူ​ပါ'' ဟု​အ​ဘယ်​မျှ​ကြာ​အောင်​ဟစ်​အော်​တောင်း​လျှောက်​ရ​ပါ​မည်​နည်း။-


ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​သည် သင်​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ သင်​တို့​အ​တွက် ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​သော​အ​မှု ကြီး​များ​ကို သင်​တို့​ကိုယ်​တိုင်​မြင်​ခဲ့​ရ​ကြ​ပြီ။-


ထို​သတ္တ​ဝါ​လေး​ပါး​စ​လုံး​တွင်​အ​တောင်​ခြောက်​ခု စီ​ရှိ​၏။ သူ​တို့​၏​ကိုယ်​အ​တွင်း​အ​ပြင်​၌​မျက်​စိ များ​ဖြင့်​ပြည့်​နှက်​လျက်​နေ​၏။ သူ​တို့​သည်​နေ့ ရော​ညဥ့်​ပါ​မ​နား​ဘဲ၊ ``ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြင့်​မြတ်​သန့်​ရှင်း​တော်​မူ​၏။ မြင့်​မြတ်​သန့်​ရှင်း​တော်​မူ​၏။ မြင့်​မြတ် သန့်​ရှင်း​တော်​မူ​၏။ ကိုယ်​တော်​သည်​အ​တိတ်၊ပစ္စုပ္ပန်၊အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​နေ​တော်​မူ​၏။ ဟု​မြွက်​ဆို​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ