ထာဝရဘုရားအမိန့်ပေးတော်မူသောအခါ ငှက်နှင့်ယင်ရဲတို့သည်တစ်ပြည်လုံးသို့ အုပ်လိုက်ရောက်ရှိလာကြကုန်၏။
ဟေရှာယ 7:18 - Common Language Bible ``ထိုအချိန်ကျရောက်လာသောအခါထာဝရ ဘုရားသည် အီဂျစ်အမျိုးသားတို့အားယင် ကောင်များသဖွယ်နိုင်းမြစ်လက်တက်များ၏ အစွန်အဖျားမှလည်းကောင်း၊ အာရှုရိအမျိုး သားတို့အားပျားများသဖွယ်မိမိတို့ပြည် မှလည်းကောင်းလာရောက်ကြရန်လေချွန်သံ ဖြင့်အချက်ပေးတော်မူလိမ့်မည်။- Garrad Bible ထို ကာ လ အိ ဂျစ် မြစ် များ ရှိ ယင် ကောင် များ ကိုလည်း ကောင်း၊ အာ ရှု ရိ ပြည် ရှိ ပျား ကောင် များ ကိုလည်း ကောင်း၊ ထာ ဝ ရ ဘု ရား လေ ချွန်၍ ခေါ် တော် မူ သ ဖြင့်၊ Judson Bible ထိုကာလ၌ အဲဂုတ္တုမြစ်လက်ကြားတို့ အနားမှာရှိသော ယင်ကောင်ကိုလည်းကောင်း၊ အာရှုရိပြည်၌ရှိသော ပျားကောင်ကိုလည်းကောင်း၊ နှိုးဆော်တော်မူသဖြင့်၊ မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်၌ ထာဝရဘုရားသည် အီဂျစ်ပြည်ရှိနိုင်းမြစ်ဖျားမှယင်ကောင်များကိုလည်းကောင်း၊ အဆီးရီးယားပြည်မှပျားများကိုလည်းကောင်း လေချွန်၍ခေါ်တော်မူမည်။ |
ထာဝရဘုရားအမိန့်ပေးတော်မူသောအခါ ငှက်နှင့်ယင်ရဲတို့သည်တစ်ပြည်လုံးသို့ အုပ်လိုက်ရောက်ရှိလာကြကုန်၏။
သူတို့သည်ပျားများကဲ့သို့ငါ့ထံသို့ ဝိုင်းအုံ၍ လာကြသော်လည်း ဆူးချုံကိုလောင်သောမီးကဲ့သို့လျင်မြန်စွာ ချုပ်ငြိမ်း၍သွားကြ၏။ ငါသည်ထာဝရဘုရား၏တန်ခိုးတော်အားဖြင့် သူတို့ကိုသုတ်သင်ဖျက်ဆီးပစ်လိုက်၏။
သွားခွင့်မပြုလျှင်သင်နှင့်သင်၏မှူးမတ် ပြည်သူတို့ထံသို့မှက်ကောင်များကိုငါ စေလွှတ်မည်။ အီဂျစ်ပြည်သားတို့၏အိမ် များနှင့်မြေတစ်ပြင်လုံးကိုမှက်ကောင် များဖြင့်ပြည့်စေမည်။-
ထာဝရဘုရားသည်မှက်ကောင်အုပ်ကြီးများ ကိုဘုရင်၏နန်းတော်၊ မှူးမတ်တို့၏အိမ်များ နှင့်အီဂျစ်တစ်ပြည်လုံးသို့စေလွှတ်တော်မူ ၏။ မှက်ကောင်များကြောင့်တိုင်းပြည်ပျက် ရလေ၏။
သူတို့သည်ကမ္ဘာအစွန်အဖျားရှိရပ်ဝေး နိုင်ငံများမှ လာရောက်ကြလိမ့်မည်။ ထာဝရ ဘုရားသည်အမျက်ထွက်တော်မူသဖြင့် လက်နက်ဖြင့် နိုင်ငံတစ်ခုလုံးကိုသုတ်သင် ဖျက်ဆီးပစ်ရန်ကြွလာတော်မူပေအံ့။
အီဂျစ်ပြည်သို့အကူအညီတောင်းခံရန် သွားရောက်သူတို့သည်အမင်္ဂလာရှိကြ၏။ သူတို့သည်မြင်းများ၊ စစ်ရထားများနှင့် မြင်းစီးသူရဲများတည်းဟူသောအီဂျစ် ပြည်၏ကြီးမားသောစစ်အင်အားကိုမှီခို အားကိုး၍နေကြ၏။ သို့ရာတွင်မြင့်မြတ် သန့်ရှင်းတော်မူသောဣသရေလအမျိုး သားတို့၏ ဘုရားသခင်ထာဝရဘုရား ကိုမူအားမကိုးကြ။ ကူမတော်မူရန် ကိုယ်တော်ကိုလည်းမတောင်းမလျှောက် ကြ။-
ထာဝရဘုရားသည်အချက်ပြ၍ရပ်ဝေး နေလူမျိုးခြားတို့အားခေါ်ယူတော်မူလိမ့် မည်။ ကိုယ်တော်သည်သူတို့အားကမ္ဘာမြေကြီး စွန်းမှလာရောက်ကြရန်လေချွန်သံဖြင့် အချက်ပေးတော်မူလိမ့်မည်။ ထိုသူတို့သည် လည်းဤအရပ်သို့အလျင်အမြန်လာ ရောက်ကြလိမ့်မည်။-
``ဣသရေလနှင့်ယုဒနှစ်ခြမ်းကွဲချိန်မှအစ ပြု၍ မကြုံဘူးသေးသောဘေးဒုက္ခများကို ထာဝရဘုရားသည် သင်နှင့်သင်၏ပြည်သူတို့ အပေါ်သို့လည်းကောင်း၊ မင်းဆွေမင်းမျိုးမှန် သမျှအပေါ်သို့လည်းကောင်းသက်ရောက်စေ တော်မူလိမ့်မည်။ ကိုယ်တော်သည်အာရှုရိ ဘုရင်ကိုခေါ်ဆောင်လာတော်မူပေအံ့။
``ငါသည်မိမိ၏လူမျိုးတော်ကိုခေါ်ယူ စုရုံးမည်။ လူတို့ကိုကယ်တင်၍ရှေးကနည်းတူ ဦးရေတိုးတက်များပြားစေမည်။
ထိုအခါတောင်များပေါ်တွင်နေထိုင်သော အာမောရိအမျိုးသားတို့သည် ပျားအုပ်ပမာ သင်တို့အားထွက်၍တိုက်ကြ၏။ သူတို့သည် သင်တို့ကိုလိုက်လံတိုက်ခိုက်ကြရာ ဧဒုံပြည် ဟောမာမြို့တွင်သင်တို့အားစစ်ရေးနိမ့်စေ ခဲ့ကြသည်။-
ထာဝရဘုရားသည်သင်တို့ကိုတိုက်ခိုက် စေရန် သင်တို့နှင့်ဘာသာစကားချင်းမတူ သောကမ္ဘာတစ်စွန်းမှ လူမျိုးတစ်မျိုးကိုခေါ် ဆောင်ခဲ့တော်မူလိမ့်မည်။ ထိုသူတို့သည် လင်းယုန်ထိုးသုတ်သကဲ့သို့ သင်တို့ကို တိုက်ခိုက်လိမ့်မည်။-
သင်တို့၏လက်မှလွတ်၍ထွက်ပြေးပုန်း အောင်းနေသူတို့ပင်လျှင် ကပ်ဆိုက်၍သေ ကြေပျက်စီးလိမ့်မည်။-
သင်တို့ချီတက်လာစဉ်ငါသည်သူတို့ကို ကစဥ့်ကလျားဖြစ်စေပြီးလျှင် အာမောရိ ဘုရင်နှစ်ပါးကိုနှင်ထုတ်ခဲ့၏။ သင်တို့၏ဋ္ဌား နှင့်လေးလက်နက်တို့ဖြင့်အနိုင်ရကြသည် မဟုတ်။-