ဆာလံ 118:12 - Common Language Bible12 သူတို့သည်ပျားများကဲ့သို့ငါ့ထံသို့ ဝိုင်းအုံ၍ လာကြသော်လည်း ဆူးချုံကိုလောင်သောမီးကဲ့သို့လျင်မြန်စွာ ချုပ်ငြိမ်း၍သွားကြ၏။ ငါသည်ထာဝရဘုရား၏တန်ခိုးတော်အားဖြင့် သူတို့ကိုသုတ်သင်ဖျက်ဆီးပစ်လိုက်၏။ အခန်းကိုကြည့်ပါ။Garrad Bible12 ပျား အုံ ကဲ့ သို့ ဝန်း ဝိုင်း ကြ သော် လည်း၊ ဆူး ထင်း မီး သ ဖွယ် ငြိမ်း၍၊ ထာ ဝ ရ ဘု ရား၏ နာ မ တော် ဖြင့် ငါ ပယ် ရှား မည်။ အခန်းကိုကြည့်ပါ။Judson Bible12 ပျားများကဲ့သို့ ငါ့ကိုဝိုင်း၍ အုံကြသော်လည်း၊ ဆူးပင်ကိုလောင်သော မီးကဲ့သို့ ငြိမ်းကြ၏။ ထာဝရဘုရား၏ နာမတော်အားဖြင့် သူတို့ကို ပယ်ဖြတ်ရ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 သူတို့သည် ပျားများကဲ့သို့ ငါ့ကိုဝိုင်းရံထားကြသော်လည်း ဆူးပင်ကိုလောင်သောမီးကဲ့သို့ ငြိမ်းသွားကြ၏။ ငါသည် ထာဝရဘုရား၏နာမတော်အားဖြင့် သူတို့ကို မုချဖြတ်ပယ်ရှင်းလင်းမည်။ အခန်းကိုကြည့်ပါ။ |
ထိုအခါကျွန်တော်မျိုးတို့သည်အရှင်မင်း ကြီး၏ အောင်ပွဲအတွက်ရွှင်လန်းဝမ်းမြောက်စွာ ကြွေးကြော်ကြပါလိမ့်မည်။ ထာဝရဘုရားအားထောမနာပြုလျက် အရှင် မင်းကြီး၏အောင်ပွဲကိုဆင်နွှဲကြပါလိမ့်မည်။ ဘုရားသခင်သည်အရှင်မင်းကြီးတောင်း လျှောက် သမျှကိုပေးသနားတော်မူပါစေသော။