ဆာလံ 118:13 - Common Language Bible13 ငါသည်ပြင်းထန်စွာတိုက်ခိုက်ခြင်းကိုခံရ၍ အရေးရှုံးနိမ့်နေသော်လည်း ထာဝရဘုရားသည်ငါ့ကိုကူမတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible13 ငါ့ ကို လှဲ ချ ရန် သင် တွန်း လှန် သော် လည်း၊ ထာ ဝ ရ ဘု ရား သည် ထောက် မ တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible13 သင်သည် ငါ့ကိုလှဲခြင်းငှာ ပြင်းထန်စွာ တွန်းသော်လည်း၊ ထာဝရဘုရားသည် ငါ့ကိုမစတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 သင်သည် ငါ့ကိုလဲစေရန် ကြမ်းတမ်းစွာတွန်းချသော်လည်း ထာဝရဘုရားသည် ငါ့ကိုကူညီမစတော်မူ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ဒါဝိဒ်က``သင်ကျွန်ုပ်အားအဘယ် မျှခင်မင်သည်ကို သင်၏ခမည်းတော်ကောင်း စွာသိပါ၏။ သင်သည်စိတ်မချမ်းမသာ ဖြစ်မည်စိုးသဖြင့် သူသည်မိမိ၏အကြံ အစည်ကိုသင့်အားမပြောကြားဘဲနေ လေပြီ။ ကျွန်ုပ်သည်သေဘေးနှင့်ခြေတစ် လှမ်းမျှသာကွာတော့ကြောင်း အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင် တည်၍သင့်အားကျိန်ဆိုဖော်ပြပါ၏'' ဟုပြန်ပြော၏။
အကယ်၍တစ်စုံတစ်ယောက်သောသူသည် အရှင့်အားတိုက်ခိုက်သတ်ဖြတ်ရန်ကြိုးစား ပါမူ လူသည်အဖိုးထိုက်သည့်ရတနာကို လုံခြုံစွာသိမ်းဆည်းထားတတ်သကဲ့သို့ ထာဝရဘုရားသည်အရှင်၏အသက်ကို လည်းဘေးမဲ့လုံခြုံစွာထားတော်မူပါလိမ့် မည်။ အရှင်၏ရန်သူတို့ကိုမူကား လူသည် ကျောက်ခဲကိုလောက်လွှဲဖြင့်ပစ်ထုတ်သကဲ့ သို့ကိုယ်တော်ပစ်ထုတ်တော်မူပါလိမ့်မည်။-