ကမ္ဘာအရပ်ရပ်တွင်လူတို့သည်အလွန်ဆိုး သွမ်း၍ စိတ်အကြံအစည်များလည်းအစဉ် မိုက်မဲလျက်ရှိသည်ကို ထာဝရဘုရားသိ မြင်တော်မူသောအခါ၊-
ဟေရှာယ 65:2 - Common Language Bible ခေါင်းမာလျက်အမှားကိုပြုကျင့်ကာမိမိ တို့၏ထင်ရာသို့လိုက်တတ်သူ ဤလူစုအား ငါသည်ကြိုဆိုလက်ခံရန်အစဉ်အမြဲ အသင့်ရှိပါ၏။- Garrad Bible ပုန် ကန် ၍ ကိုယ့် အ ကြံ အ စည် အ တိုင်း မ ကောင်း သော လမ်း ကို လိုက် သော သူ၊ မြိုင် များ တွင် ပူ ဇော် လျက်၊ အုတ် ခင်း ပေါ် တွင် နံ့ သာ ပေါင်း ကို မီး ရှို့ လျက်၊ ငါ့ မျက် မှောက် တွင် ပင် အ စဉ် အ မျက် တော် တိုက် သော သူ၊ သု သာန် များ တွင် နေ ထိုင်၍၊ လျှို့ ဝှက် ရာ များ၌ တည်း ခို သော သူ၊ ဝက် မှ စ၍၊ ရွံ ရှာ ဖွယ် သော သား ပြုတ် ရည် ကို စား သောက် သော သူ၊ ကျွန်ုပ် ဖြင့် သီး သန့် ရာ မ ရောက် ခြင်း ငှာ မ ချဉ်း ကပ် ဘဲ၊ အ သီး အ ခြား နေ လော့ ဟု ဆို လေ့ ရှိ သူ တို့ အား၊ ငါ သည် နေ့ ရှိ သ မျှ လက် ကမ်း လျက် နေ ပြီ။ ထို သူ တို့ သည် နေ့ ရှိ သ မျှ လောင် သော မီး ခိုး သ ဖွယ် ငါ့ နှာ တွင် ထိ ခိုက် ၏။ Judson Bible မိမိအလိုအတိုင်း မကောင်းသောလမ်းကိုလိုက်၍၊ ငြင်းဆန်တတ်သော လူမျိုးကို မျက်နှာပြုလျက်၊ တစ်နေ့လုံး ငါသည် ကိုယ်လက်ဝါးကို ဖြန့်ရပြီ။ မြန်မာ့စံမီသမ္မာကျမ်း မိမိတို့အကြံအစည်အတိုင်း မကောင်းသောလမ်း၌လျှောက်လှမ်းလျက် ဆန့်ကျင်ပုန်ကန်တတ်သော လူမျိုးတို့ထံသို့ တစ်နေ့လုံး ငါ့လက်ကို ကမ်းလျက်နေ၏။ |
ကမ္ဘာအရပ်ရပ်တွင်လူတို့သည်အလွန်ဆိုး သွမ်း၍ စိတ်အကြံအစည်များလည်းအစဉ် မိုက်မဲလျက်ရှိသည်ကို ထာဝရဘုရားသိ မြင်တော်မူသောအခါ၊-
သူသည်အိပ်ရာပေါ်တွင်လဲလျောင်းစဉ် မကောင်းမှုများကိုကြံစည်တတ်၏။ သူပြုကျင့်လေသမျှသည်မကောင်းမှု သာဖြစ်၏။ သူသည်ဆိုးညစ်မှုကိုအဘယ်အခါမျှမပစ် ပယ်။
အို ထာဝရဘုရား၊ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်သည် ကောင်းကင်သို့တိုင်အောင်လည်းကောင်း၊ သစ္စာတော်သည်မိုးတိမ်အထက်သို့ တိုင်အောင်လည်းကောင်းရောက်ပါ၏။
ငါသည်ခေါ်၍ သင်တို့သည် ငြင်းပယ်သော ကြောင့်၎င်း၊ ငါ့လက်ကိုဆန့်၍ အဘယ်သူမျှမမှတ်သော ကြောင့်၎င်း၊
ကြမ်းကြုတ်သော သူသည် အိမ်နီးချင်းကို ချော့မော့၍၊ မကောင်းသောလမ်းထဲသို့ သွေးဆောင် တတ်၏။
ထာဝရဘုရားက``အို ကမ္ဘာမြေကြီးနှင့်မိုးကောင်းကင်တို့ ငါထာဝရဘုရားမိန့်တော်မူသောစကားကိုနားထောင်ကြလော့။ ငါကျွေးမွေးပြုစုထားသည့်သားသမီးများသည်ငါ့အားပုန်ကန်ကြလေပြီ။-
သင်၏ခေါင်းဆောင်တို့သည်လည်းသူပုန်များ၊ သူခိုးလက်ခံများဖြစ်ကြ၏။ သူတို့သည်အစဉ်ပင်တံစိုးလက်ဆောင်များကိုလက်ခံလျက်နေကြသော်လည်း တရားရုံးတော်တွင်မိဘမဲ့သူတို့အားကာကွယ်စောင့်ရှောက်မှုကိုမပြုကြ။ မုဆိုးမတို့၏အမှုအခင်းများကိုလည်းကြားနာစစ်ဆေး၍မပေးကြ။
ထာဝရဘုရားက``ယုဒပြည်ကိုအစိုးရ သူတို့သည်အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့် ဆိုသော်သူတို့သည်ငါ့ကိုမုန်းသောကြောင့် ဖြစ်၏။ သူတို့သည်ငါ၏အလိုတော်နှင့်ဆန့် ကျင်သည့်အကြံအစည်များကိုပြု၍ ငါ၏ ခွင့်ပြုချက်မရဘဲမဟာမိတ်စာချုပ်များ ကိုချုပ်ဆိုကာ၊ အပြစ်တစ်ခုအပေါ်တွင် တစ်ခုထပ်ဆင့်၍ကူးလွန်ကြ၏။-
သူတို့သည်ဘုရားသခင်ကိုအမြဲတစေ ပုန်ကန်လျက်၊ အမြဲတစေလိမ်လည်လျက်၊ ထာဝရဘုရား၏တရားတော်ကိုနာယူ ရန်အမြဲတစေငြင်းဆန်လျက်နေကြ၏။-
သူယုတ်မာတို့သည်မိမိတို့၏ဆိုးညစ်သော အကျင့်များကိုစွန့်လွှတ်၍၊ မိမိတို့၏စိတ်နေသဘောထားများကိုလည်း ပြောင်းလဲကြရာ၏။ သူတို့သည်ငါတို့ဘုရားသခင်ထာဝရဘုရား ထံတော်သို့လှည့်ကြရာ၏။ ကိုယ်တော်သည်သနားကြင်နာတတ်၍လျင်မြန်စွာ အပြစ်လွှတ်တော်မူတတ်၏။
ထာဝရဘုရားက၊ ``ငါ၏အကြံအစည်တော်များသည်သင်တို့ အကြံအစည်များနှင့်မတူ။ ငါ၏နည်းနာများသည်လည်းသင်တို့ နည်းနာများနှင့်ခြားနား၏။
သူတို့သည်ပုန်ကန်ကာကိုယ်တော်အားဝမ်း နည်းစေကြ၏။ သို့ဖြစ်၍ထာဝရဘုရား သည်သူတို့ကိုရန်ဘက်ပြုကာတိုက်ခိုက် တော်မူသတည်း။
သူတို့၏အပြုအမူအကျင့်အကြံများကို ငါသိ၏။ ငါသည်နိုင်ငံတကာမှလူတို့ကို စုသိမ်းရန်ကြွလာတော်မူမည်။ ထိုသူတို့သည် စုဝေးမိသောအခါငါ၏ဘုန်းတန်ခိုးတော် မည်မျှတတ်စွမ်းတော်မူကြောင်းကိုမြင်ရ လိမ့်မည်။ မိမိတို့အားအပြစ်ဒဏ်ခတ်သူ မှာငါပင်ဖြစ်ကြောင်းကိုလည်းသိရှိကြ လိမ့်မည်။ သို့ရာတွင်ငါသည်အချို့သောသူ များကိုချမ်းသာပေးမည်။-
လူတို့သည်မိမိတို့စိတ်အလိုဆန္ဒအတိုင်း ပြုကျင့်တတ်ကြ၏။ သူတို့အတွက်နွားကို သတ်၍ယဇ်ပူဇော်ခြင်းသည်လူကိုသတ်၍ ပူဇော်ခြင်းနှင့်အတူတူဖြစ်၏။ သိုးကိုပူ ဇော်ခြင်းနှင့်ခွေးကိုပူဇော်ခြင်းအတူတူ ဖြစ်၏။ သီးနှံပူဇော်သကာသည်ဝက်သွေး ပူဇော်သကာနှင့်တူ၏။ နံ့သာပေါင်းကိုမီး ရှို့ပူဇော်ခြင်းသည်ရုပ်တုရှေ့တွင်ဆုတောင်း ခြင်းနှင့်အတူတူပင်ဖြစ်သည်။ သူတို့သည် စက်ဆုတ်ရွံရှာဖွယ်ကောင်းသည့်အရာများ ၌မွေ့လျော်တတ်ကြ၏။-
ထို့ကြောင့်ငါသည်သူတို့ကြောက်လန့်လျက် ရှိသည့်ဘေးအန္တရာယ်ဆိုးကိုပင်သူတို့အပေါ် သို့သက်ရောက်စေတော်မူ၏။ အဘယ်ကြောင့် ဆိုသော်ငါခေါ်သောအခါအဘယ်သူမျှ မထူးကြ။ ငါပြောသောအခါ၌လည်း အဘယ်သူမျှနားမထောင်ကြသော ကြောင့်ဖြစ်၏။ သူတို့သည်ငါ့စကားကို နားမထောင်၊ ဒုစရိုက်မှုပြုရန်ကိုသာ ရွေးချယ်ကြ၏'' ဟုမိန့်တော်မူ၏။
ထိုအခါသူတို့က``အကျွန်ုပ်တို့မပြောင်း လဲနိုင်ပါ။ အဘယ်ကြောင့်ပြောင်းလဲရပါ မည်နည်း။ ကျွန်ုပ်တို့သည်စိတ်ရှိလက်ရှိခေါင်း မာဆိုးညစ်လျက်နေကြပါမည်'' ဟုဆို ကြလိမ့်မည်။
ထိုအချိန်ကာလကျရောက်လာသောအခါ ယေရုရှလင်မြို့သည်`ထာဝရဘုရား၏ရာဇ ပလ္လင်တော်' ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံရ လိမ့်မည်။ လူမျိုးတကာတို့သည်လည်း ထိုမြို့ တွင်စုရုံး၍ ငါ၏နာမတော်ကိုဂုဏ်ပြုကြ လိမ့်မည်။ သူတို့သည်မိမိတို့၏ဆိုးညစ်ခက် မာသည့်စိတ်အလိုကိုလိုက်၍ပြုကျင့်ကြ တော့မည်မဟုတ်။-
အို ယေရုရှလင်မြို့၊ သင်သည်ချမ်းသာရာရ စေရန် မိမိစိတ်နှလုံးကိုဆိုးညစ်မှုနှင့်ကင်း စင်စေလော့။ သင်သည်အဘယ်မျှကြာအောင် ဆက်လက်၍ဆိုးညစ်စွာကြံစည်လျက်နေ ဦးမည်နည်း။
သို့ရာတွင်အချင်းလူတို့၊ သင်တို့သည်ခေါင်းမာပုန်ကန်ကာလမ်းလွဲ၍ငါ၏ထံမှထွက်ခွာသွားကြလေပြီ။-
သို့ရာတွင်သူတို့သည်ငါ၏စကားကိုနား မထောင်၊ အလေးဂရုလည်းမပြုကြ။ သူတို့ သည်မိမိတို့၏ခိုင်မာဆိုးညစ်သည့်စိတ်နှ လုံးမှပေါ်ထွက်လာသည့်အကြံအစည်များ အတိုင်းပြုမူကြကုန်သည်။ သူတို့သည်ပိုမို ကောင်းမွန်လာမည့်အစားဆိုးယုတ်၍လာ ကြ၏။-
သင်တို့သည်ပန်းပွားများကိုမြင်သည့် အခါတိုင်း ငါ၏ပညတ်ရှိသမျှကို သတိရ၍လိုက်နာကျင့်ဆောင်ကြလိမ့် မည်။ ထိုအခါသင်တို့သည်ငါ့ကိုစွန့်ပယ်၍ မိမိတို့အလိုအတိုင်းပြုမူကျင့်ဆောင် ကြမည်မဟုတ်တော့ချေ။-
လူ့အသက်ကိုသတ်ခြင်း၊ သူ့အိမ်ရာကိုပြစ်မှား ခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကို ဖျက်ခြင်းအစရှိသည့်ညစ်ညမ်းသည့်အကြံ အစည်များသည်စိတ်နှလုံးထဲမှထွက်လာ၏။-
``အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ ပရောဖက် များကိုသတ်သည့်မြို့၊ ဘုရားသခင်စေလွှတ်တော် မူသောစေတမန်များကိုခဲနှင့်ပေါက်သည့်မြို့၊ ကြက်မကြီးသည်ကြက်ကလေးများကိုမိမိ ၏အတောင်အောက်တွင်စုသိမ်းထားသကဲ့သို့ ငါသည်သင့်ကိုယုယပိုက်ထွေးနိုင်ရန်ကြိမ် ဖန်များစွာကြိုးစားခဲ့လေပြီ။ သို့ရာတွင်သင် သည်ငါ့ကိုအခွင့်မပေးခဲ့။-
``အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ ပရောဖက် များကိုသတ်သည့်မြို့၊ ဘုရားသခင်စေလွှတ်သော တမန်များကိုခဲနှင့်ပေါက်သည့်မြို့၊ ကြက်မသည် ကြက်ကလေးများကိုမိမိ၏အတောင်အောက် တွင်စုသိမ်းထားသကဲ့သို့ ငါသည်သင်၏သား သမီးများကိုစုသိမ်းထားလိုသည်မှာကြိမ်ဖန် များလှလေပြီ။ သို့ရာတွင်သင်မူကားငါ့ကို ဤသို့မပြုစေလို။-
သို့ရာတွင်ဣသရေလအမျိုးသားတို့နှင့် ပတ်သက်၍မူကား``ငါ့ကိုဆန့်ကျင်ပုန်ကန်၍ ငါ၏စကားကိုမနာခံသောလူမျိုးအား ငါသည်တစ်နေကုန်လက်ကမ်းလျက်ရှိ၏'' ဟု ဟေရှာယဆို၏။
သို့သော်လည်းသင်သည်ခေါင်းမာလျက် နောင်တမရ။ ထို့ကြောင့်အမျက်တော်ပေါ် လွင်ထင်ရှားရာ၊ ဖြောင့်မှန်စွာတရားစီရင် ရာနေ့ရက်၌သင်သည်ပိုမိုကြီးလေးသော အပြစ်ဒဏ်ကိုခံရလိမ့်မည်။-
ယနေ့ဤပညတ်များကိုကြားရပြီး နောက် မိမိအလိုအတိုင်းကျင့်မြဲကျင့်နေ သော်လည်း အစစအရာရာ၌အဆင် ပြေလိမ့်မည်ဟုစိတ်ချယုံကြည်သူမရှိ စေနှင့်။ သို့သော်သင်တို့တွင်ကောင်းသူဆိုး သူမကျန် အားလုံးပျက်စီးဆုံးရှုံးရ လိမ့်မည်။-
သူတို့သည်ခေါင်းမာ၍ပုန်ကန်တတ်သော သဘောရှိကြောင်းကိုငါသိ၏။ သူတို့သည် ငါမသေခင်ကပင်ထာဝရဘုရားအား ပုန်ကန်ခဲ့လျှင် ငါသေလွန်ပြီးနောက်သာ ၍ပုန်ကန်ကြဦးမည်။-
``သင်တို့သည်တောကန္တာရ၌ရှိစဉ်သင်တို့ ၏ဘုရားသခင်ထာဝရဘုရားအား အမျက် တော်ထွက်စေခဲ့ကြောင်းအမြဲသတိရကြ လော့။ သင်တို့သည်အီဂျစ်ပြည်မှထွက်သော နေ့မှစ၍ ဤအရပ်သို့ရောက်သည့်နေ့တိုင်အောင် ကိုယ်တော်ကိုပုန်ကန်ခဲ့ကြ၏။-