``အို ထာဝရဘုရားအကျွန်ုပ်သည် ကိုယ်တော်၏ကယ်တင်ခြင်းကျေးဇူးတော်ကို စောင့်မျှော်လျက်ရှိပါ၏။
ဟေရှာယ 64:4 - Common Language Bible မိမိအားမျှော်ကိုးကြသူတို့အတွက်ဤ မည်သောအမှုတို့ကို ကိုယ်တော်ရှင်၏နည်း တူပြုတော်မူသည့်ဘုရားကိုအဘယ်သူ မျှမတွေ့မမြင်ဘူးပါ။ ထိုဘုရားအကြောင်း ကိုကြားလည်းမကြားဘူးကြပါ။- Garrad Bible ကိုယ် တော် ကို စောင့် စား သူ တို့ အား၊ ကိုယ် တော် မှ တစ် ပါး၊ ကျေး ဇူး ပြု တော် မူ သော ဘု ရား ကို၊ ရှေး ကာ လ က ပင် မည် သူ မျှ မ ကြား မ သိ ဘူး ပါ။ နား ဖြင့် မ ကြား၊ မျက် စိ ဖြင့် လည်း မ မြင် ဘူး ပါ။ Judson Bible ကိုယ်တော်ကို မျှော်လင့်သော သူတို့အဖို့အလိုငှာ ကျေးဇူးပြုတော်မူသောဘုရား၊ ကိုယ်တော်မှတစ်ပါး အခြားသောဘုရားသခင်ကို ကမ္ဘာဦးမှစ၍ အဘယ်သူမျှ မကြားမသိပါ။ နားဖြင့်မကြား၊ မျက်စိဖြင့် မမြင်စဖူးပါ။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်မှတစ်ပါး မျှော်လင့်စောင့်စားသောသူအား ကျေးဇူးပြုပေးတော်မူသောဘုရားဟူ၍ မရှိ။ ရှိသည်ဟု ရှေးကာလကတည်းက မည်သူမျှမကြားဖူး၊ မသိဖူး၊ မျက်စိဖြင့်လည်း မမြင်ဖူးပေ။ |
``အို ထာဝရဘုရားအကျွန်ုပ်သည် ကိုယ်တော်၏ကယ်တင်ခြင်းကျေးဇူးတော်ကို စောင့်မျှော်လျက်ရှိပါ၏။
ဘိုးဘေးများလက်ထက်မှအစပြု၍ယနေ့ တိုင်အောင်ပင် ကိုယ်တော်၏လူမျိုးတော်အကျွန်ုပ် တို့သည် လွန်စွာအပြစ်ကူးခဲ့ကြပါ၏။ ထို အပြစ်များကြောင့်အကျွန်ုပ်တို့၏ဘုရင်များ နှင့်ယဇ်ပုရောဟိတ်တို့သည် လူမျိုးခြားဘုရင် များ၏လက်သို့အပ်နှင်းခြင်း၊ ဋ္ဌားဘေးသင့်ခြင်း၊ လုယက်ခြင်း၊ သုံ့ပန်းအဖြစ်ဖမ်းဆီးသွားခြင်း၊ ယခုအခါ၌ကဲ့သို့လုံးဝအသရေပျက် ခြင်းတို့ကိုခံရကြပါ၏။-
ငါသည်ထာဝရဘုရားကူမတော်မူခြင်းကို စောင့်မျှော်လျက်နေ၏။ ကိုယ်တော်၏ကတိတော်ကိုယုံကြည်ကိုးစားပါ၏။
ကိုယ်တော်ရှင်အားကြောက်ရွံ့ရိုသေကြသူတို့ ၏အတွက် သိုမှီးထားတော်မူသောကောင်းသောအရာ များကား အလွန်ပင်အံ့သြဖွယ်ကောင်းလှပါသည်တကား။ ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူကြောင်း ကိုလည်းကောင်း၊ အထံတော်၌ခိုလှုံကြသူတို့ကို ကွယ်ကာတော်မူကြောင်းကိုလည်းကောင်း လူအပေါင်းတို့သိကြပါ၏။
ငါ့ကိုဘုရားသခင်ကယ်တင်ရန်ငါသည် စိတ်ရှည်စွာ စောင့်မျှော်လျက်နေပါ၏။ ငါသည်ကိုယ်တော်ကိုသာလျှင်မှီခိုပါ၏။
ဤအမှုအရာများဖြစ်ပျက်လာသောအခါ လူအပေါင်းတို့က``ကိုယ်တော်သည်ငါတို့၏ ဘုရားသခင်ဖြစ်တော်မူပါသည်တကား။ ငါတို့သည်ကိုယ်တော်ကိုယုံကြည်ကိုးစား သည်ဖြစ်၍ ကိုယ်တော်ကလည်းငါတို့အား ကယ်ဆယ်တော်မူလေပြီ။ ကိုယ်တော်ကား ထာဝရဘုရားပေတည်း။ ငါတို့သည် ကိုယ်တော်ကိုယုံကြည်ကိုးစားခဲ့ကြ၏။ ကိုယ်တော်သည်ငါတို့ကိုကယ်တင်တော် မူပြီဖြစ်၍ယခုအခါ ငါတို့သည်ဝမ်း မြောက်ကြည်နူးရွှင်မြူးအားရကြပေ သည်'' ဟုဆိုကြလိမ့်မည်။
သို့ရာတွင်ထာဝရဘုရားသည်သင်တို့အား ကျေးဇူးပြုတော်မူရန် စောင့်ဆိုင်း၍နေတော်မူ ပါ၏။ ကိုယ်တော်သည်တရားမျှတမှုကို အစဉ်ပြုတော်မူတတ်သည်ဖြစ်၍ သင်တို့ အားကရုဏာပြတော်မူရန်အသင့်ရှိ တော်မူပါ၏။ ထာဝရဘုရားကိုယုံကြည် ကိုးစားကြသူတို့သည်မင်္ဂလာရှိကြ၏။
သို့ရာတွင်ထာဝရဘုရား၏အကူ အညီကို ယုံကြည်ကိုးစားသူတို့မူကား၊ ခွန်အားသစ်ကို ရရှိကြလိမ့်မည်။ သူတို့သည်လင်းယုန်ငှက်ကဲ့သို့ပျံတက်ကြလိမ့်မည်။ ပြေးသော်လည်းမောပန်းကြလိမ့်မည်မဟုတ်။ ခရီးသွားသော်လည်းနွမ်းနယ်ကြလိမ့်မည်မဟုတ်။
``အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားကျွန် တော်မျိုးတို့ပြစ်မှားသည့်အပြစ်များသည် များလှပါ၏။ ထိုအပြစ်များကကျွန်တော် မျိုးတို့အားစွဲချက်တင်သည်ဖြစ်၍ကျွန်တော် မျိုးတို့သည်မိမိတို့၏အပြစ်များကိုကောင်း စွာသိရကြပါ၏။-
ဤသို့သောအမှုမျိုးမြင်ဖူးကြားဖူးသူ တစ်စုံတစ်ယောက်ရှိပါသလော။ တိုင်းနိုင်ငံ တစ်ခုသည်တစ်နေ့ခြင်းတွင်ပေါ်ပေါက်လာ ဖူးပါသလော။ ဇိအုန်မြို့သည်ဣသရေလ နိုင်ငံမပေါ်ထွန်းမီကြာရှည်ဆင်းရဲဒုက္ခ ရောက်ရလိမ့်မည်မဟုတ်။-
အို အကျွန်ုပ်တို့၏အရှင်ဘုရားသခင်၊ ကိုယ် တော်သည်မိမိ၏လူမျိုးတော်အားအီဂျစ် ပြည်မှထုတ်ဆောင်တော်မူခဲ့ခြင်းအားဖြင့် တန်ခိုးတော်ကိုပြတော်မူပါ၏။ အကျွန်ုပ် တို့သည်ကိုယ်တော်၏တန်ခိုးတော်ကို ယခု ထက်တိုင်အောက်မေ့သတိရလျက်နေကြ ပါ၏။ အကျွန်ုပ်တို့သည်အပြစ်ကူးမိ ကြပါပြီ။ အမှားကိုပြုမိကြပါပြီ။-
``အကျွန်ုပ်တို့သည်အပြစ်ကူးမိကြပါ ပြီ။ အမှားကိုပြုမိကြပါပြီ။ ညစ်ညူးသူ များဖြစ်၍ပုန်ကန်မိကြပါပြီ။ အကျွန်ုပ် တို့သည်ကိုယ်တော်၏အမိန့်တော်တို့ကို ပစ်ပယ်၍ ကိုယ်တော်ပြတော်မူသောပညတ် များမှသွေဖည်မိကြပါပြီ။-
အို အရှင်ဘုရားအကျွန်ုပ်တို့၏ဘုရင်များ၊ မင်းညီမင်းသားများနှင့်ဘိုးဘေးများသည် ရှက်ကြောက်ဖွယ်ရာအမှုတို့ကိုပြုကျင့် လျက်ကိုယ်တော်အားပြစ်မှားကြပါပြီ။-
``သူတို့သည်ပူပြင်းသောဒေါသစိတ်မွှန်၍ အုပ်ချုပ်သူများကိုသတ်ကြ၏။ သူတို့သည် ဘုရင်များကိုတစ်ပါးပြီးတစ်ပါးလုပ်ကြံ သတ်ဖြတ်ကြ၏။ သို့ရာတွင်မည်သူကမျှ ငါ့ထံသို့ကူမရန်ဆုတောင်းပတ္ထနာမ ပြုကြ'' ဟုမိန့်တော်မူ၏။
ငါသည်သူတို့အားလူမျိုးတကာတို့ထံသို့ ပျံ့လွင့်စေခဲ့သော်လည်း၊ ထိုဝေးလံရာအရပ်များမှသူတို့သည်ငါ့ကို အောက်မေ့သတိရကြလိမ့်မည်။ သူတို့နှင့်သူတို့သားသမီးများသည် အသက်မသေဘဲ ကျန်ရစ်ကာမိမိတို့ပြည်သို့ပြန်လာကြ လိမ့်မည်။
ထိုနောက်ဘုရင်မင်းမြတ်ကလက်ယာတော်ဘက် တွင်ရှိသောသူတို့အား `ကောင်းချီးမင်္ဂလာကို ခံရသူတို့၊ လောကကိုဖန်ဆင်းတော်မူချိန်မှ စ၍သင်တို့အတွက်ပြင်ဆင်ထားတော်မူသည့် နိုင်ငံတော်ကိုခံယူကြလော့။-
ထိုအခါ၌ယေရုရှလင်မြို့တွင်ရှုမောင်နာမည် ရှိသောလူတစ်ယောက်ရှိ၏။ သူသည်ဘုရားတရား ကြည်ညိုသောသူတော်ကောင်းတစ်ဦးဖြစ်၏။ ဣသ ရေလလူမျိုးတို့ကယ်တင်ခြင်းကိုရရှိရန်စောင့် မျှော်နေသူတည်း။ သန့်ရှင်းသောဝိညာဉ်တော်သည် သူနှင့်အတူရှိ၏။-
ယင်းသို့သွား၍ပြင်ဆင်ပြီးမှသင်တို့ထံသို့ ငါပြန်လာ၍ ငါရှိရာအရပ်တွင်သင်တို့ရှိ နိုင်ကြစေရန် သင်တို့ကိုငါ့ထံသို့ခေါ်ဆောင် မည်။-
ဘုရားသခင်သည်မိမိ၏သားများကိုပေါ် လွင်ထင်ရှားစေမည့်အခြင်းအရာကို အဖန် ဆင်းခံကမ္ဘာလောကတစ်ခုလုံးကအလွန် တောင့်တစောင့်မျှော်လျက်ရှိ၏။-
သို့ဖြစ်၍အရှင်ယေရှုခရစ်ကြွလာတော်မူ မည်ကိုစောင့်မျှော်လျက်နေစဉ် သင်တို့မခံစား ကြရသည့်ကောင်းချီးမင်္ဂလာဟူ၍မရှိ။-
ငါတို့၏ဘာသာတရားတော်နက်နဲပုံကို အဘယ်သူမျှငြင်းဆို၍မရပေ။ ထိုနက်နဲ ပုံကားအောက်ပါအတိုင်းဖြစ်သည်။ ကိုယ်တော်သည်ကိုယ်ခန္ဓာ၌ပေါ်ထွန်းတော်မူ ပြီ။ ဟုတ်မှန်တော်မူကြောင်းကိုဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ။ ကောင်းကင်တမန်များသည်ကိုယ်တော်ကို ရှုမြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းတော်ကို လူမျိုးတကာတို့အားကြေညာပြီ။ ကမ္ဘာပေါ်ရှိလူတို့သည်ယုံကြည်ကြပြီ။ ကောင်းကင်ဘုံသို့ဆောင်ယူခြင်းကိုခံတော် မူပြီ။
သို့ရာတွင်သူတို့သည်ထိုပြည်ထက်သာလွန် ကောင်းမြတ်သည့်ကောင်းကင်ရွှေပြည်ကိုတမ်းတ ကြသည်ဖြစ်၍ ဘုရားသခင်သည်သူတို့၏ ဘုရားဟူ၍ခေါ်ဝေါ်ခြင်းခံရသည်ကိုရှက် တော်မမူ။ ကိုယ်တော်သည်သူတို့နေထိုင်ရန် မြို့ကိုပြင်ဆင်တော်မူပြီးဖြစ်သတည်း။
သို့ဖြစ်၍ညီအစ်ကိုတို့၊ သင်တို့သည်သခင် ဘုရားကြွလာတော်မူသည်တိုင်အောင် သည်းခံ ၍စောင့်မျှော်နေကြလော့။ လယ်သမားသည်မိမိ လယ်ယာမှအဖိုးတန်အသီးအနှံများထွက် နိုင်ရန် မိုးဦးနှင့်မိုးနှောင်းရွာပြီးသည့်တိုင် အောင်စောင့်မျှော်တတ်၏။-
မေတ္တာဟုဆိုရာ၌ဘုရားသခင်အတွက်ငါ တို့ထားရှိသည့်မေတ္တာကိုမဆိုလို။ ငါတို့သည် အပြစ်များမှပြေလွတ်ခွင့်ရရှိ၍ ပူဇော်ဆက် ကပ်တော်မူသောသားတော်ကိုစေလွှတ်တော် မူခြင်းအားဖြင့် ငါတို့အားဘုရားသခင်ပြ တော်မူသောမေတ္တာတော်ကိုဆိုလိုပေသည်။