Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟော​ရှေ 7:7 - Common Language Bible

7 ``သူ​တို့​သည်​ပူ​ပြင်း​သော​ဒေါ​သ​စိတ်​မွှန်​၍ အုပ်​ချုပ်​သူ​များ​ကို​သတ်​ကြ​၏။ သူ​တို့​သည် ဘု​ရင်​များ​ကို​တစ်​ပါး​ပြီး​တစ်​ပါး​လုပ်​ကြံ သတ်​ဖြတ်​ကြ​၏။ သို့​ရာ​တွင်​မည်​သူ​က​မျှ ငါ့​ထံ​သို့​ကူ​မ​ရန်​ဆု​တောင်း​ပတ္ထ​နာ​မ ပြု​ကြ'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 မှူး မတ် တို့ သည် ကျွမ်း လောင် ခြင်း၊ ဘု ရင် အ ဆက် ဆက် တို့ သည်၊ ကျ ဆုံး ခြင်း ခံ ရ ကြ လေ ပြီ။ ငါ့ ထံ ပ ဌ နာ ပြု သူ တစ် ဦး မျှ မ ရှိ ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ထို​သူ​အ​ပေါင်း​တို့​သည် မီး​ဖို​ကဲ့​သို့ ပူ​ကြ၏။ မိ​မိ​တို့​တ​ရား​သူ​ကြီး​များ​ကို လောင်​ကြ​ပြီ။ သူ​တို့​ရှင်​ဘု​ရင်​အ​ပေါင်း​တို့​သည် လဲ​ကြ​ပြီ။ ငါ့​ကို​ဟစ်​ခေါ်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 သူ​တို့​အားလုံး မီးဖို​ကဲ့သို့ ပူလောင်​လျက် သူ​တို့​၏​အုပ်ချုပ်​သူ​များ​ကို ဝါးမျို​ကြ​လေ​ပြီ​။ ရှင်ဘုရင်​တို့​ကို​လည်း လှဲချ​ပစ်​ကြ​ပြီ​။ ငါ့​ကို ခေါ်​သော​သူ​တစ်ယောက်​မျှ​မ​ရှိ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟော​ရှေ 7:7
27 ပူးပေါင်းရင်းမြစ်များ  

မြို့​တော်​ကျ​ဆုံး​တော့​မည်​ဖြစ်​ကြောင်း​သိ​ရှိ​ရ သော​အ​ခါ ဇိ​မ​ရိ​သည်​နန်း​အ​တွင်း​ရဲ​တိုက်​ခန်း သို့​ဝင်​၍​နန်း​တော်​ကို​မီး​ရှို့​ကာ​မီး​တောက်​မီး လျှံ​ထဲ​၌​သေ​ဆုံး​သွား​လေ​သည်။-


နောက်​ဆုံး​၌​သြ​မ​ရိ​ကို​လို​လား​သူ​တို့ က​အ​နိုင်​ရ​လေ​သည်။ တိ​ဗ​နိ​သေ​၍ သြ​မ​ရိ​သည်​ဘု​ရင်​ဖြစ်​လာ​လေ​သည်။-


ယေ​ဟု​က``ဤ​သူ​တို့​အား​လက်​ရ​ဖမ်း​ဆီး ကြ​လော့'' ဟု​မိ​မိ​၏​လူ​တို့​အား​အ​မိန့်​ပေး သည့်​အ​တိုင်း ဖမ်း​ဆီး​၍​တွင်း​တစ်​ခု​အ​နီး တွင်​လူ​ပေါင်း​လေး​ဆယ့်​နှစ်​ယောက်​တို့​ကို ကွပ်​မျက်​လေ​သည်။


သူ​တို့​သည်​ယေ​ဟု​၏​စာ​ကို​ရ​ရှိ​ကြ​သော အ​ခါ ထို​မင်း​ညီ​မင်း​သား​ခု​နစ်​ဆယ်​ကို​သတ် ပြီး​လျှင် သူ​တို့​၏​ဦး​ခေါင်း​များ​ကို​တောင်း များ​တွင်​ထည့်​၍ ယေ​ဇ​ရေ​လ​မြို့​ရှိ​ယေ​ဟု ထံ​သို့​ပို့​လိုက်​ကြ​၏။


ယာ​ဖက်​၏​သား​ရှလ္လုံ​သည်​လျှို့​ဝှက်​ကြံ​စည် ကာ ဇာ​ခ​ရိ​မင်း​အား​ဣ​ဗိ​လံ​မြို့​တွင်​လုပ်​ကြံ ပြီး​နောက် သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။


ဂါ​ဒိ​၏​သား​မေ​န​ဟင်​သည်​တိ​ရ​ဇ​မြို့​မှ ရှ​မာ​ရိ​မြို့​သို့​သွား​၍​ရှလ္လုံ​ကို​လုပ်​ကြံ​ကာ သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။-


ပေ​က​ဟိ​၏​တပ်​မ​တော်​အ​ရာ​ရှိ​တစ်​ဦး​ဖြစ် သူ​ပေ​ကာ​သည် ဂိ​လဒ်​ပြည်​သား​လူ​ငါး​ကျိပ် နှင့်​အ​တူ လျှို့​ဝှက်​ကြံ​စည်​ကာ​ပေ​က​ဟိ​ကို ရှ​မာ​ရိ​နန်း​တော်​အ​တွင်း​၌​လုပ်​ကြံ​ပြီး​နောက် သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။


သြ​ဇိ​၏​သား၊ ယု​ဒ​ဘု​ရင်​ယော​သံ​၏​နန်း​စံ အ​နှစ်​နှစ်​ဆယ်​မြောက်​၌​ဧ​လာ​၏​သား​ဟော​ရှေ သည် လျှို့​ဝှက်​ကြံ​စည်​ကာ​ပေ​ကာ​မင်း​ကို​လုပ် ကြံ​ပြီး​လျှင် သူ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ ၍​နန်း​တက်​လေ​သည်။-


ယေ​ဟု​သည်​မိ​မိ​၏​လေး​ကို​ယူ​ပြီး​လျှင် အား ကုန်​ဆွဲ​၍​မြား​တစ်​လက်​ကို​ပစ်​လွှတ်​လိုက်​ရာ ယော​ရံ​၏​ကျော​မှ​နှ​လုံး​အ​ထိ​ခွင်း​ဖောက် သ​ဖြင့် ယော​ရံ​သည်​ရ​ထား​ပေါ်​၌​ပင်​လဲ​ကျ သေ​ဆုံး​လေ​သည်။-


ယေ​ဟု​က​သူ​တို့​အား``သူ့​ကို​တွန်း​ချ​လော့'' ဟု​ဆို​သည့်​အ​တိုင်း သူ​တို့​သည်​ယေ​ဇ​ဗေ​လ ကို​တွန်း​ချ​ကြ​သ​ဖြင့် သွေး​စက်​သည်​နန်း တော်​နံ​ရံ​နှင့်​မြင်း​များ​အ​ပေါ်​သို့​စဉ်​၍​ကျ လေ​သည်။ ယေ​ဟု​သည်​ယေ​ဇ​ဗေ​လ​၏​အ​လောင်း ပေါ်​ဖြတ်​၍ မိ​မိ​၏​စစ်​ရ​ထား​ကို​မောင်း​နှင် ပြီး​လျှင်၊-


အဓမ္မသဘောရှိသောသူတို့သည် အမျက် တော်ကို သိုထားတတ်ကြ၏။ ချည်နှောင်တော်မူသော အခါ မအော်ဟစ်တတ်ကြ။


ထာ​ဝ​ရ​ဘု​ရား​က ``ထို​သူ​တို့​သည်​မ​သိ​နား​မ​လည်​သူ​များ​ပေ​လော။ ဤ​သူ​ယုတ်​မာ​များ​သည်​အ​သိ​ပ​ညာ​ကင်း​မဲ့ သူ​များ​ပေ​လော။ သူ​တို့​သည်​ငါ​၏​လူ​စု​တော်​ထံ​မှ​လု​ယူ တိုက်​ခိုက်​၍ အ​သက်​မွေး​ကြ​ကုန်​သည်။ ငါ​၏​ထံ​သို့​လည်း​ဆု​တောင်း​ပတ္ထ​နာ​မ​ပြု ကြ'' ဟု​မိန့်​တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​က ``သင်​တို့​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​ကို​ခံ​ရ​သူ​မှာ ငါ​မ​ဟုတ်။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည် ငါ့​ကို ဝတ်​ပြု​ကိုး​ကွယ်​ရန်​ငြီး​ငွေ့​လျက်​ရှိ​ကြ​၏။


မိ​မိ​အား​မျှော်​ကိုး​ကြ​သူ​တို့​အ​တွက်​ဤ မည်​သော​အ​မှု​တို့​ကို ကိုယ်​တော်​ရှင်​၏​နည်း တူ​ပြု​တော်​မူ​သည့်​ဘု​ရား​ကို​အ​ဘယ်​သူ မျှ​မ​တွေ့​မ​မြင်​ဘူး​ပါ။ ထို​ဘု​ရား​အ​ကြောင်း ကို​ကြား​လည်း​မ​ကြား​ဘူး​ကြ​ပါ။-


ကျွန်​တော်​မျိုး​တို့​အား​လုံး​အ​ပြစ်​သား​များ ဖြစ်​ကြ​ပါ​၏။ ကျွန်ုပ်​တို့​၏​အ​ကောင်း​ဆုံး အ​ကျင့်​ပင်​လျှင်​လုံး​ဝ​ဥ​ဿုံ​ရွံ​ရှာ​ဖွယ်​သာ ဖြစ်​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​၏ အ​ပြစ်​များ​ကြောင့်​လေ​လွင့်​ရွက်​ခြောက်​များ နှင့်​တူ​ကြ​ပါ​၏။-


ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​နှင့်​ထံ​တော်​သို့ တစ်​ဦး​တစ်​ယောက်​မျှ​ဆု​တောင်း​ပတ္ထ​နာ​မ ပြု​ပါ။ ``ကူ​မ​တော်​မူ​ပါ'' ဟု​လည်း​တစ်​ဦး တစ်​ယောက်​မျှ​လာ​ရောက်​ပန်​ကြား​မှု​မ​ပြု ပါ။ ကျွန်​တော်​မျိုး​တို့​အ​ပြစ်​များ​ကြောင့် ကိုယ်​တော်​ရှင်​သည်​မျက်​နှာ​တော်​ကို​လွှဲ တော်​မူ​၍​ကျွန်​တော်​မျိုး​တို့​အား​စွန့်​ပစ် တော်​မူ​ပါ​ပြီ။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​နောင်​တ မ​ရ​ကြ။ မိ​မိ​တို့​အား​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝရ​ဘု​ရား​သည် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ ပြီ​ဖြစ်​သော်​လည်း​သူ​တို့​သည်​အ​ထံ​တော် သို့​မ​ပြန်​ကြ။-


ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​နေ​ထိုင်​ရာ​ပြည် ကို​အ​မျက်​တော်​ဖြင့် ဖျက်​ဆီး​ပစ်​မည်​ပြု​သော အ​ခါ​ထို​ပြည်​ကို​တံ​တိုင်း​ကာ​နိုင်​မည့်​သူ၊ မြို့ ရိုး​များ​ပြို​ရာ​တွင်​ရပ်​၍​ခု​ခံ​နိုင်​မည့်​သူ​ကို ငါ​ရှာ​ကြည့်​၏။ သို့​ရာ​တွင်​တစ်​စုံ​တစ်​ယောက် ကို​မျှ​မ​တွေ့​ရ။-


အ​ကျွန်ုပ်​တို့​သည်​မော​ရှေ​၏​ပ​ညတ်​တ​ရား တွင် ဖော်​ပြ​ပါ​ရှိ​သ​မျှ​သော​အ​ပြစ်​ဒဏ် များ​ကို​ခံ​ရ​ကြ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု အ​ခါ​၌​ပင်​လျှင်​အ​ကျွန်ုပ်​တို့​သည်​ကိုယ် တော်​နှစ်​သက်​တော်​မူ​စေ​ရန်​ကြိုး​စား​၍ အ​ပြစ်​ဒု​စ​ရိုက်​ကို​ရှောင်​ခြင်း၊ သမ္မာ​တ​ရား တော်​ကို​လိုက်​လျှောက်​ကျင့်​သုံး​ခြင်း​အ​မှု တို့​ကို​မ​ပြု​မ​လုပ်​ကြ​သေး​ပါ။-


သင်​တို့​သည်​ရှင်​ဘု​ရင်​နှင့်​ခေါင်း​ဆောင်​များ ကို​ကျွန်​တော်​မျိုး​တို့​အား​ပေး​ပါ​ဟု​တောင်း ခံ​ကြ​၏။ သို့​ရာ​တွင်​ဤ​သူ​တို့​သည်​တိုင်း​ပြည် ကို​ကယ်​နိုင်​မည်​လော။-


``ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​တို့​၏​အ​ပြစ် ကို​သိ​၍ ငါ့​ထံ​သို့​ပြန်​လာ​မည့်​အ​ချိန်​ရောက် သည်​အ​ထိ​ငါ​သည်​သူ​တို့​ကို​စွန့်​ပစ်​ထား မည်။ သူ​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​နေ​ရ​စဉ် ငါ့​အား​ကြိုး​စား​၍​ရှာ​ကြ​လိမ့်​မည်။''


ဣ​သ​ရေ​လ​ပြည်​သား​တို့​၏​မာန်​မာ​န အ​ကျိုး​ဆက်​သည်​သူ​တို့​၏​တစ်​ဖက်​၌ သက်​သေ​ခံ​လိမ့်​မည်။ သူ​တို့​သည်​ဤ​အ​မှု အ​ရာ​တို့​နှင့်​တွေ့​ကြုံ​ခဲ့​ရ​သော်​လည်း​သူ တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ပြန်​၍​မ​လာ​ကြ။-


သူ​တို့​သည်​အ​မှန်​တ​ကယ်​ယုံ​ကြည်​စိတ် ဖြင့်​ဆု​မ​တောင်း​ကြ။ ကိုယ်​ကို​လှဲ​ချ​၍​ဟစ် အော်​မြည်​တမ်း​ကြ​၏။ သူ​တို့​သည်​ဆန်​စ​ပါး နှင့်​စ​ပျစ်​ရည်​ရ​ရှိ​ရန်​ဆု​တောင်း​သော​အ​ခါ ရုပ်​တု​ကိုး​ကွယ်​သူ​တို့​ကဲ့​သို့​မိ​မိ​ကိုယ်​ကို အ​နာ​တ​ရ​ဖြစ်​စေ​ပြီး​မှ​တောင်း​တတ်​ကြ ၏။ သူ​တို့​သည်​ငါ့​အား​ပုန်​ကန်​ကြ​ပြီ တ​ကား။-


` ``ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​တို့​၏​ဆန္ဒ အ​လျောက်​ရှင်​ဘု​ရင်​များ​ကို​ရွေး​ချယ်​တင် မြှောက်​ခဲ့​ကြ​၏။ ငါ​၏​သ​ဘော​တူ​ညီ​ချက် မ​ရ​ဘဲ​ခေါင်း​ဆောင်​များ​ကို​ခန့်​ထား​ကြ​၏။ မိ​မိ​တို့​၏​ရွှေ​ငွေ​နှင့်​ရုပ်​တု​များ​ကို​သွန်း လုပ်​သ​ဖြင့် မိ​မိ​တို့​၏​ပျက်​စီး​ရာ​ပျက်​စီး ကြောင်း​ကို​သာ​ဖန်​တီး​ကြ​၏။-


အိပ်​ရာ​ပေါ်​တွင်​လဲ​လျောင်း​လျက် မ​ကောင်း​မှု ကို​ကြံ​စည်​သူ​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ နံ​နက်​မိုး​လင်း​သော​အ​ခါ​သူ​တို့​သည်​အ​ခွင့် ရ​လျှင်​ရ​ခြင်း မိ​မိ​တို့​ကြံ​စည်​သည့်​မ​ကောင်း မှု​ကို​ပြု​လုပ်​တတ်​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ