ဟေရှာယ 59:12 - Common Language Bible12 ``အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားကျွန် တော်မျိုးတို့ပြစ်မှားသည့်အပြစ်များသည် များလှပါ၏။ ထိုအပြစ်များကကျွန်တော် မျိုးတို့အားစွဲချက်တင်သည်ဖြစ်၍ကျွန်တော် မျိုးတို့သည်မိမိတို့၏အပြစ်များကိုကောင်း စွာသိရကြပါ၏။- အခန်းကိုကြည့်ပါ။Garrad Bible12-13 ထာ ဝ ရ ဘု ရား ကို လွန် ကျူး ငြင်း ပယ် ခြင်း၊ ငါ တို့၏ ဘု ရား သ ခင် မှ ဆုတ် ခွာ ခြင်း၊ နှိပ် စက် ပုန် ကန် စ ကား သုံး ခြင်း၊ မု သာ စ ကား ကို စိတ် နှ လုံး က ကြံ စည် ပြော ဆို ခြင်း များ ကို ပြု ရာ တွင်၊ ငါ တို့ လွန် ကျူး မှု များ သည် ရှေ့ တော် တွင် များ ပြား လျက်၊ ပြစ် မှု များ လည်း ငါ တို့ တစ် ဘက်၌ သက် သေ ခံ၏။ ငါ တို့ လွန် ကျူး မှု များ သည် ဒိ ဋ္ဌ ရှိ လျက်၊ ကိုယ့် ဒု စ ရိုက် များ ကို သိ မှတ် ကြ ပါ၏။ အခန်းကိုကြည့်ပါ။Judson Bible12 ငါတို့အပြစ်တို့သည် ရှေ့တော်၌များပြားကြ၏။ ဒုစရိုက်တို့သည် ငါတို့တစ်ဖက်၌ သက်သေခံကြ၏။ ကိုယ်အပြစ်တို့သည် ကိုယ်၌ စွဲကပ်လျက်၊ ကိုယ်ပြုမိသော ဒုစရိုက်များကို ကိုယ်သိကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 အကြောင်းမူကား ငါတို့ကျူးလွန်သောအပြစ်သည် ရှေ့တော်၌များပြားလှ၏။ ငါတို့၏အပြစ်များသည် ငါတို့အကြောင်း သက်သေထွက်ဆို၏။ ငါတို့ကျူးလွန်သောအပြစ်များသည် ငါတို့နှင့်အတူရှိ၍ ငါတို့၏ဒုစရိုက်များကို ငါတို့သိကြ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ထိုမြို့သူမြို့သားတို့သည်ငါ ၏အမိန့်များကိုလွန်ဆန်လျက် အခြား နိုင်ငံသားများထက်ပို၍ယုတ်မာကြပြီ။ သူတို့သည်ပတ်ဝန်းကျင်ရှိတိုင်းပြည်များ မှလူတို့ထက်ပင်ပို၍ ငါ၏ပညတ်တို့ကို ပယ်ကြလေပြီ။ ယေရုရှလင်မြို့သူမြို့သား တို့သည်ငါ၏အမိန့်များကိုပစ်ပယ်လျက် ငါ၏ပညတ်တော်များကိုလည်းမစောင့် ထိန်းကြ။-
ငါ၏လူမျိုးတော်ကငါ့အား `ကျွန်တော်မျိုးတို့သည်မိမိတို့အပြစ်များ၏ စွပ်စွဲခြင်းကိုခံ၍နေရသော်လည်း၊ အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားကိုယ်တော်ရှင်၏ နာမတော်ကိုထောက်၍ကူမတော်မူပါ။ ကျွန်တော်မျိုးတို့သည်ကြိမ်ဖန်များစွာ ကိုယ်တော်ရှင်ကို ကျောခိုင်းမိကြပါပြီ။ ကိုယ်တော်ရှင်အားပြစ်မှားမိကြပါပြီ။
တောင်ထိပ်တို့ကိုမျှော်၍ကြည့်ကြလော့။ ပြည့် တန်ဆာကဲ့သို့ သင်မပြုမကျင့်ဘဲနေခဲ့သည့် အရပ်တစ်စုံတစ်ခုရှိသလော။ အာရပ်အမျိုး သားသည်တောကန္တာရတွင်လုယက်တိုက်ခိုက် ရန်စောင့်မျှော်နေသကဲ့သို့၊ သင်သည်လမ်းနံ ဘေးတို့တွင်ချစ်သူများကိုစောင့်မျှော်နေခဲ့ ၏။ သင်သည်မိမိတို့၏ဆိုးညစ်မှုနှင့်ပြည့် တန်ဆာအလုပ်ဖြင့်ဤပြည်ကိုညစ်ညမ်း စေလေပြီ။-
သူတို့၏မျက်နှာအမူအရာကသူတို့တွင် အပြစ်ရှိကြောင်းဖော်ပြသက်သေခံလျက် ရှိပေသည်။ သောဒုံမြို့မှလူများကဲ့သို့သူ တို့သည်အပြစ်ကိုပေါ်လွင်ထင်ရှားစွာပြု ကြ၏။ သူတို့သည်အမင်္ဂလာရှိကြ၏။ မိမိ တို့ပျက်စီးရာပျက်စီးကြောင်းကိုသူတို့ ကိုယ်တိုင်ပင်ဖန်တီးပေးကြလေပြီ။