ကိုယ်တော်၏နှာခေါင်းတော်ထဲမှ မီးခိုးများသည်လည်းကောင်း၊ ခံတွင်းတော်ထဲမှကျွမ်းလောင်စေတတ်သည့် မီးလျှံနှင့်မီးကျီးခဲများသည်လည်းကောင်း ထွက်လေ၏။
ဟေရှာယ 6:4 - Common Language Bible ဤသို့သူတို့ကြွေးကြော်ကြသည့်အသံကြောင့်၊ ဗိမာန်တော်အုတ်မြစ်သည်တုန်လှုပ်ကာဗိမာန်တော်သည်လည်းမီးခိုးများနှင့်ပြည့်၍လာတော့၏။ Garrad Bible ထို အ သံ ကြောင့် ဗိ မာန် တော် ဝ အ ခြေ အ မြစ် လှုပ် ရှား၍၊ တစ် ဗိ မာန် လုံး မီး ခိုး ပြည့် သ ဖြင့်၊ Judson Bible ထိုသို့သော ကြွေးကြော်သံကြောင့်၊ တံခါးတိုင်တို့သည် လှုပ်ရှား၍၊ မီးခိုးနှင့် တစ်အိမ်လုံး ပြည့်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုကြွေးကြော်သံကြောင့် တံခါးတိုင်တို့သည်ခါယမ်း၍ အိမ်တော်သည် မီးခိုးနှင့်ပြည့်လေ၏။ |
ကိုယ်တော်၏နှာခေါင်းတော်ထဲမှ မီးခိုးများသည်လည်းကောင်း၊ ခံတွင်းတော်ထဲမှကျွမ်းလောင်စေတတ်သည့် မီးလျှံနှင့်မီးကျီးခဲများသည်လည်းကောင်း ထွက်လေ၏။
ထိုအခါထာဝရဘုရားစံတော်မူရာတဲ တော်ကို မိုးတိမ်တိုက်လွှမ်း၍ထာဝရဘုရား ၏တောက်ပသောဘုန်းအသရေတော်သည် တဲတော်တွင်း၌ထွန်းတောက်လေ၏။-
သူတို့ပျံသန်းကြသောအခါအတောင်ခတ်သည့်အသံကိုငါကြားရ၏။ ထိုအသံသည်ပင်လယ်မြည်ဟည်းသကဲ့သို့လည်းကောင်း၊ ကြီးမားသောစစ်သည်ဗိုလ်ခြေတို့၏အသံကဲ့သို့ကဲ့သို့လည်းကောင်း၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏အသံတော်ကဲ့သို့ဖြစ်၏။ သူတို့ရပ်နားကြသောအခါမိမိတို့၏အတောင်များကိုချထားကြ၏။-
သတ္တဝါတို့၏တောင်ပံခတ်သံကိုအပြင် တံတိုင်းမှပင်ကြားရ၏။ ထိုအသံသည် အနန္တတန်ခိုးရှင်ဘုရားသခင်မိန့်မြွက် တော်မူသောအသံနှင့်တူ၏။
ကြမ်းပြင်မှပြူတင်းပေါက်များအထိ သစ် သားမှန်ကွက်ပုံများဖြင့်တပ်ဆင်ထား၏။ ဤပြူတင်းပေါက်များကိုလည်း ဖုံးအုပ်၍ ထားနိုင်၏။-
ထိုနောက်ထိုလူသည်ငါ့အားမြောက်မုခ်ပေါက် ကိုဖြတ်၍ ဗိမာန်တော်ရှေ့သို့ခေါ်ဆောင်သွား ရာငါရှာကြည့်သော် ထာဝရဘုရား၏ဗိမာန် တော်တွင်ကိုယ်တော်၏တောက်ပသောဘုန်း အသရေတော်နှင့်ပြည့်လျက်နေသည်ကို မြင်ရ၏။ ငါသည်မြေပေါ်သို့ပျပ်ဝပ်လိုက်၏။-
ယဇ်ပလ္လင်အနီး၌ရပ်နေတော်မူသောထာဝရ ဘုရားကိုငါတွေ့ရ၏။ ကိုယ်တော်ရှင်က``ဗိမာန် တော်တစ်ခုလုံးကိုသိမ့်သိမ့်တုန်သွားစေရန် ဗိမာန်တော်တိုင်၏ထိပ်ဖျားကိုရိုက်ချိုးလော့။ ထိုအရာတို့ကိုချိုး၍လူတို့၏ခေါင်းပေါ် သို့ကျစေလော့။ ကျန်ရစ်သူများကိုစစ်ပွဲ၌ ငါကွပ်မျက်မည်။ မည်သူမျှလွတ်မည်မဟုတ်။ မည်သူတစ်ဦးမျှပြေးမလွတ်နိုင်။-
ထိုအခါကောင်းကင်ဘုံ၌ဘုရားသခင် ၏ဗိမာန်တော်တံခါးသည်ပွင့်၍လာသဖြင့် ဗိမာန်တော်ထဲကပဋိညာဉ်သေတ္တာတော်ကို ငါမြင်ရ၏။ ထိုနောက်လျှပ်စစ်များပြက် ခြင်း၊ မိုးခြိမ်းခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မိုး သီးမုန်တိုင်းကြီးကျခြင်းများဖြစ်လေ သည်။
ဗိမာန်တော်သည်ဘုရားသခင်၏ဘုန်းတန်ခိုး တော်ကြောင့်မီးခိုးနှင့်ပြည့်လျက်ရှိ၏။ သို့ဖြစ် ၍ကောင်းကင်တမန်ခုနစ်ပါးယူဆောင်လာ သည့်ကပ်ခုနစ်ပါးမပြီးဆုံးမီအဘယ်သူ မျှဗိမာန်တော်ထဲသို့မဝင်နိုင်။