ထာဝရဘုရားသည် မတရားသော သူတို့နှင့် ဝေးတော်မူ၏။ ဖြောင့်မတ်သောသူ၏ ပဌနာစကားကို ကား နားထောင်တော်မူ၏။
ဟေရှာယ 59:2 - Common Language Bible ကိုယ်တော်ကြားတော်မမူခြင်းမှာသင်တို့ အပြစ်များကြောင့်ဖြစ်သည်။ သင်တို့အား ကိုယ်တော်နှင့်ကင်းကွာစေသည့်အရာမှာ လည်းသင်တို့အပြစ်များပင်ဖြစ်၏။- Garrad Bible ကြား တော် မ မူ စေ သော အ ကြောင်း ကား၊ သင် တို့ ဒု စ ရိုက် များ သည်၊ သင် တို့ နှင့် သင် တို့ ဘု ရား သ ခင် ကြား တွင် ခွဲ ခြား လျက်၊ ပြစ် မှု များ လည်း၊ မျက် နှာ တော် ကို လွှဲ ကွယ် စေ သော အ ကြောင်း တည်း။ Judson Bible သင်တို့ ဒုစရိုက်သည် သင်တို့ကို ဘုရားသခင်နှင့် ကွာစေပြီ။ ကြားတော်မမူစေခြင်းငှာ၊ သင်တို့အပြစ်သည် မျက်နှာတော်ကို လွှဲစေပြီ။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏ဒုစရိုက်များကသာ သင်တို့ကို ဘုရားသခင်နှင့် ကွဲကွာစေ၏။ သင်တို့အပြစ်များကသာ မျက်နှာတော်ကို သင်တို့ထံမှလွှဲစေ၍ သင်တို့စကားကိုကြားတော်မမူခြင်းဖြစ်၏။ |
ထာဝရဘုရားသည် မတရားသော သူတို့နှင့် ဝေးတော်မူ၏။ ဖြောင့်မတ်သောသူ၏ ပဌနာစကားကို ကား နားထောင်တော်မူ၏။
``သင်တို့လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုကြသောအခါ ငါသည်သင်တို့အားလှည့်၍ကြည့်တော်မူလိမ့်မည်မဟုတ်။ သင်တို့၏လက်များသည်အပြစ်သွေးစွန်းလျက်နေသဖြင့် သင်တို့အဘယ်မျှပင်ပြင်းပြစွာဆုတောင်းပတ္ထနာပြုကြသော်လည်းငါနားထောင်လိမ့်မည်မဟုတ်။-
ထာဝရဘုရားက၊ ``ဇနီးသည်ကိုကွာရှင်းပစ် လိုက်သည့် ယောကျာ်းကဲ့သို့၊ ငါသည်မိမိ၏လူမျိုးတော်အားနှင်ထုတ်လိုက် သည်ဟု သင်တို့ထင်မှတ်ကြပါသလော။ ယင်းသို့နှင်ထုတ်လိုက်ပါမူဖြတ်စာများကား အဘယ်မှာရှိပါသနည်း။ မိမိ၏သားသမီးများကိုကျွန်အဖြစ် ရောင်းစားသူကဲ့သို့၊ငါသည်သင်တို့အား သုံ့ပန်းအဖြစ်ဖြင့်ရောင်းချလိုက်သည်ဟုသင်တို့ ထင်မှတ်ကြပါသလော။ သင်တို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြ သည်မှာ သင်တို့၏အပြစ်များကြောင့်ဖြစ်ပေသည်။ သင်တို့သည်မိမိတို့ကူးလွန်ကြသည့် ရာဇဝတ်မှုများကြောင့်အနှင်ခံရကြခြင်း ဖြစ်၏။
ငါသည်သူတို့၏အပြစ်များနှင့်လောဘ လွန်ကူးမှုများအတွက်အမျက်ထွက်သဖြင့် သူတို့အားအပြစ်ဒဏ်ခတ်၍သူတို့ထံမှ လွှဲရှောင်ခဲ့၏။ သို့သော်လည်းသူတို့သည်ခေါင်း မာလျက် မိမိတို့ပြုလိုရာပင်ပြုကျင့်လျက် နေကြ၏။
သင်တို့အစာရှောင်ခြင်းသည်သင်တို့အား အစဉ်အမြဲအချင်းများစေလျက်ခိုက်ရန် ဒေါသဖြစ်ကာအကြမ်းဖက်စေကြ၏။ ဤ နည်းအားဖြင့်သင်တို့တောင်းလျှောက်ကြသည့် ဆုတောင်းပတ္ထနာများသည် ငါ့ကိုနားညောင်း စေနိုင်လိမ့်မည်ဟုသင်တို့ထင်မှတ်ကြပါ သလော။-
သင်တို့၏အမှားများနှင့်အပြစ်ဒုစရိုက်က ကောင်းချီးမင်္ဂလာများကိုတားဆီးလျက်သင်တို့ထံမှလွှဲရှောင်သွားစေလေပြီ။
သူ၏ဂုဏ်အသရေကင်းမဲ့ရလေပြီ။ အဝတ်အချည်းစည်းနှင့်စက်ဆုတ်ရွံရှာဖွယ် ဖြစ်၍နေ၏။ သူသည်ညည်းတွားကာရှက်သဖြင့်မျက်နှာကို အုပ်၍ထား၏။ ယေရုရှလင်မြို့သည်ဆိုးရွားသည့်အပြစ် ဒုစရိုက်အားဖြင့်မိမိကိုယ်ကိုညစ်ညမ်း စေခဲ့၏။
ငါသည်မိမိ၏လူမျိုးတော်ဣသရေလအမျိုး သားတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကိုသွန်း လောင်းမည်။ သူတို့အားနောင်အဘယ်အခါ ၌မျှငါကျောခိုင်းမည်မဟုတ်။ ဤကားငါ အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
သင်တို့သည်ထာဝရဘုရားအားအော်ဟစ် တောင်းလျှောက်ရသောအချိန်ရောက်လာလိမ့် မည်။ ထိုအခါကိုယ်တော်သည်သင်တို့ကို နားညောင်းတော်မူမည်မဟုတ်။ သင်တို့သည် မကောင်းမှုကိုပြုသောကြောင့်ကိုယ်တော်သည် သင်တို့၏တောင်းလျှောက်သံကိုနားညောင်း တော်မူမည်မဟုတ်။
ဣသရေလအမျိုးသားတို့သည်အပြစ် ကူးလွန်ခဲ့ကြပြီ။ သူတို့သည်ငါပေးသော အမိန့်ကိုမလိုက်နာကြ။ သူတို့သည်ဖျက် ဆီးပစ်ရမည့်ပစ္စည်းအချို့ကိုသိမ်းယူထား ကြပြီ။ ထိုပစ္စည်းများကိုခိုးယူ၍မုသား ပြောဆိုလျက်မိမိတို့၏ပစ္စည်းများနှင့် ရောနှောထားကြပြီ။-
မသေဘဲကျန်ရှိနေသောတပ်သားတို့သည် တပ်စခန်းသို့ပြန်လည်ရောက်ရှိလာသောအခါ ဣသရေလခေါင်းဆောင်များက``ထာဝရ ဘုရားသည်အဘယ်ကြောင့်ငါတို့အားဖိလိတ္တိ အမျိုးသားတို့လက်တွင် ယနေ့အရေးရှုံးနိမ့် စေတော်မူပါသနည်း။ ငါတို့သည်သွား၍ ရှိလောမြို့မှထာဝရဘုရား၏ပဋိညာဉ် သေတ္တာတော်ကိုယူဆောင်လာကြကုန်အံ့။ သို့ မှသာလျှင်ကိုယ်တော်သည်ငါတို့နှင့်အတူ ချီတက်တော်မူ၍ ငါတို့အားရန်သူတို့လက် မှကယ်တင်တော်မူလိမ့်မည်'' ဟုဆိုကြ၏။-