ဟေရှာယ 59:3 - Common Language Bible3 သင်တို့သည်လိမ်လည်ကောက်ကျစ်စွာပြော ဆိုမှု၊ သင်တို့၏လက်များနှင့်လက်ချောင်း များသည် သွေးများပေကျံမှု၊ လူသတ်မှု တို့အတွက်အပြစ်ရှိကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible3 လက် များ သည် သွေး သွန်း မှု နှင့် လည်း ကောင်း၊ လက် ချောင်း များ လည်း ဒု စ ရိုက် နှင့် လည်း ကောင်း၊ စွန်း ကွက် လျက်၊ နှုတ် ခမ်း ဖြင့် မု သာ သုံး ခြင်း၊ လျှာ ဖြင့် လိမ် လည် ခြင်း များ ကို ပြု တတ် ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible3 သင်တို့လက်သည် အသွေးနှင့်လည်းကောင်း၊ လက်ချောင်းတို့သည် ဒုစရိုက်နှင့်လည်းကောင်း ညစ်ညူးကြ၏။ သင်တို့သည် နှုတ်ခမ်းနှင့် လျှာအားဖြင့် မုသားစကား၊ အဓမ္မစကားကို ပြောတတ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 သင်တို့လက်သည် သွေးနှင့်လည်းကောင်း၊ သင်တို့လက်ချောင်းသည် ဒုစရိုက်နှင့်လည်းကောင်း ညစ်ညူး၏။ သင်တို့၏နှုတ်သည် မုသားကိုပြောဆို၍ သင်တို့၏လျှာမှ ကောက်ကျစ်သောစကားထွက်၏။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်သေမင်းနှင့်မဟာမိတ်စာချုပ် ချုပ်ဆိုထားပြီဟူ၍လည်းကောင်း၊ မရဏ နိုင်ငံနှင့်သဘောတူညီမှုရရှိပြီဟူ၍ လည်းကောင်းကြွားဝါတတ်ကြ၏။ သင်တို့ သည်လိမ်လည်လှည့်စားမှုများကိုအမှီ သဟဲပြုကာဘေးမဲ့လုံခြုံမှုကိုရှာသူ များဖြစ်သဖြင့် ဘေးအန္တရာယ်ကျရောက် ချိန်၌လည်းအသက်ချမ်းသာရာရလိမ့် မည်ဟုစွဲမှတ်ယုံကြည်ကြလေသည်။-
သူပြုသောအမှုသည်မီးဖိုပြာကိုစားသ ကဲ့သို့ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့ပေ၏။ မိမိ ၏မိုက်မှားသောအတွေးအခေါ်များက သူ့ကိုလမ်းလွဲ၍နေစေ၏။ သို့ဖြစ်၍သူ့ အားကူညီပြုစုပေးရန်ပင်မဖြစ်နိုင် တော့ပေ။ သူသည်မိမိလက်တွင်ကိုင်ထား သည့်ရုပ်တုမှာဘုရားလုံးဝမဟုတ် ကြောင်းကိုမသိ။
ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ကိုပုန်ကန် ကြပါ၏။ ကိုယ်တော်ရှင်ကိုပစ်ပယ်ကာနောက် တော်သို့လိုက်ရန်ငြင်းဆန်ခဲ့ကြပါ၏။ ကျွန် တော်မျိုးတို့သည်သူတစ်ပါးတို့အားနှိပ်စက် ညှင်းဆဲ၍ကိုယ်တော်ရှင်ကိုလည်းပုန်ကန်ကြ ပါပြီ။ ကျွန်တော်မျိုးတို့၏အကြံအစည် များသည်မူမမှန်ပါ။ ကျွန်တော်မျိုးတို့၏ စကားများသည်လည်းမုသားဖြစ်ပါ၏။-
ငါကလည်း၊``ငါ၌မျှော်လင့်စရာမရှိတော့ပြီ။ ငါသည်အမင်္ဂလာရှိပါသည်တကား။ ငါ၏နှုတ်ထွက်စကားမှန်သမျှသည်ညစ်ညမ်း၍ ညစ်ညမ်းသောစကားကိုသာလျှင်ပြောဆိုတတ်သူတို့အထဲတွင်ငါနေထိုင်ရ၏။ သို့ရာတွင်ယခုငါသည် အနန္တတန်ခိုးရှင်ထာဝရဘုရားတည်းဟူသောဘုရင်မင်းကိုဖူးမြင်ရလေပြီ'' ဟုဆို၏။
ဘုရားသခင်က``ဣသရေလနှင့်ယုဒပြည် သူပြည်သားတို့၏အပြစ်များသည်အကယ် ပင်ကြီးလေး၏။ သူတို့သည်ပြည်တွင်းနေရာ တကာတွင်လူသတ်မှုများ၊ ပြစ်မှုများဖြင့် ပြည့်နှက်စေကြလျက်`ထာဝရဘုရားသည် ငါတို့ပြည်ကိုစွန့်တော်မူလေပြီ။ ထာဝရ ဘုရားသည်ငါတို့ကိုမြင်တော်မမူ' ဟု ဆိုကြ၏။-