ယေရမိ 5:25 - Common Language Bible25 သင်တို့၏အမှားများနှင့်အပြစ်ဒုစရိုက်က ကောင်းချီးမင်္ဂလာများကိုတားဆီးလျက်သင်တို့ထံမှလွှဲရှောင်သွားစေလေပြီ။ အခန်းကိုကြည့်ပါ။Garrad Bible25 သင် တို့ ဒု စ ရိုက် များ ကြောင့်၊ ထို ဆု ကျေး ဇူး များ ပယ် ပ လျက်၊ ပြစ် မှု များ ကြောင့်၊ စည်း စိမ် ချမ်း သာ ကန့် ကွက် လျက် ရှိ ၏။ အခန်းကိုကြည့်ပါ။Judson Bible25 သင်တို့ဒုစရိုက်သည် ထိုသို့သောအရာတို့ကိုလွှဲ၍၊ သင်တို့အပြစ်သည် သင်တို့၏မင်္ဂလာကို ဆီးတားလေပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း25 သင်တို့ပြုသောဒုစရိုက်များကြောင့် ထိုအရာတို့နှင့် သင်တို့လွဲသွားရလေပြီ။ သင်တို့၏အပြစ်များသည် ကောင်းကျိုးချမ်းသာကို တားဆီးလေပြီ’ဟု ထာဝရဘုရား သင်တို့ကို မိန့်ဆိုပြီ။ အခန်းကိုကြည့်ပါ။ |
ငါ၏လူမျိုးတော်ကငါ့အား `ကျွန်တော်မျိုးတို့သည်မိမိတို့အပြစ်များ၏ စွပ်စွဲခြင်းကိုခံ၍နေရသော်လည်း၊ အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားကိုယ်တော်ရှင်၏ နာမတော်ကိုထောက်၍ကူမတော်မူပါ။ ကျွန်တော်မျိုးတို့သည်ကြိမ်ဖန်များစွာ ကိုယ်တော်ရှင်ကို ကျောခိုင်းမိကြပါပြီ။ ကိုယ်တော်ရှင်အားပြစ်မှားမိကြပါပြီ။