သင်နှင့်သင်၏အမျိုးအနွယ်အစဉ်အဆက်တို့ အား ငါထားသောကတိတော်ကိုထာဝရတည် မြဲသောပဋိညာဉ်ဖြစ်စေမည်။ ငါသည်သင်၏ ဘုရား၊ သင်၏အဆက်အနွယ်တို့၏ဘုရား ဖြစ်မည်။-
ဟေရှာယ 55:3 - Common Language Bible ``အို ငါ၏လူမျိုးတော်၊ငါ့စကားကိုနားထောင်၍ ငါ့ထံသို့လာကြလော့။ ဤသို့ပြုလျှင်သင်တို့သည်အသက်ရှင်ခွင့် ရရှိကြလိမ့်မည်။ ငါသည်သင်တို့နှင့်ထာဝရပဋိညာဉ်ပြုပြီးလျှင်၊ ဒါဝိဒ်အားကတိထားခဲ့သည့်ကောင်းချီး မင်္ဂလာများကိုသင်တို့အားချပေးမည်။ Garrad Bible နား စိုက် လျက် တိုး ဝင် ကြ လော့။ နား ထောင် လျှင် အ သက် တည် ခွင့် ရ ကြ လိမ့် မည်။ ငါ သည် ဒါ ဝိဒ် နှင့် ဖွဲ့ ခဲ့ သော အ မြဲ မေ တ္တာ ကျေးဇူး ပ ဋိ ညာဉ် ကို၊ သင် တို့ နှင့် ဖွဲ့ ဦး မည်။ Judson Bible နူးညွတ်သောနားနှင့် ငါ့ထံသို့ လာကြလော့။ နားထောင်ကြလော့။ သို့ပြုလျှင် သင်တို့၏ဝိညာဉ်သည် အသက်ရှင်ရလိမ့်မည်။ ငါသည်လည်း၊ သင်တို့နှင့် ထာဝရပဋိညာဉ်ပြု၍၊ ဒါဝိဒ်၌ မြဲမြံသော ကျေးဇူးတော်ကို သင်တို့အားပေးမည်။ မြန်မာ့စံမီသမ္မာကျမ်း ငါ့စကားကို နားထောင်ကြလော့။ ငါ့ထံသို့လာကြလော့။ သင်တို့၏စိတ်ဝိညာဉ် အသက်ရှင်မည့်အကြောင်း နားထောင်ကြလော့။ ဒါဝိဒ်အပေါ်ထားရှိသော မြဲမြံသည့်မေတ္တာကရုဏာနှင့်အညီ ထာဝရပဋိညာဉ်ကို သင်တို့နှင့်ငါပြုမည်။ |
သင်နှင့်သင်၏အမျိုးအနွယ်အစဉ်အဆက်တို့ အား ငါထားသောကတိတော်ကိုထာဝရတည် မြဲသောပဋိညာဉ်ဖြစ်စေမည်။ ငါသည်သင်၏ ဘုရား၊ သင်၏အဆက်အနွယ်တို့၏ဘုရား ဖြစ်မည်။-
ယုဒသည်ရာဇလှံတံကိုကိုင်စွဲရလိမ့်မည်။ သူ၏အဆက်အနွယ်တို့၌အုပ်စိုးခြင်းအာဏာ အမြဲရှိလိမ့်မည်။ တိုင်းနိုင်ငံတို့သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာ ဆက်သ၍သူ့သြဇာကိုခံကြလိမ့်မည်။
ထိုနည်းတူစွာဘုရားသခင်သည်ငါ၏သား မြေးတို့ကို ကောင်းချီးပေးတော်မူလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် မပျက်နိုင်မပြောင်းလဲနိုင်သော၊ထာဝရ ပဋိညာဉ်ကို ငါနှင့်ပြုထားတော်မူသောကြောင့်ဖြစ်၏။ သို့ဖြစ်၍ငါ၏လိုအင်ဆန္ဒပြည့်စုံပြီ။ ဤကားငါ၏အောင်ပွဲပေတည်း။ ယင်းသို့ဖြစ်စေရန်ဘုရားသခင်သည် ဧကန်မုချစီမံတော်မူလိမ့်မည်။
ကိုယ်တော့်ကျွန်၏သားမြေးတို့သည်ရှေ့ တော်၌ ဆက်လက်၍မျက်နှာရစေရန်သူ တို့အားကောင်းချီးပေးတော်မူပါ။ အို အရှင် ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကတိ ထားတော်မူပါပြီ။ ကိုယ်တော်ရှင်၏ကောင်း ချီးမင်္ဂလာကိုကိုယ်တော့်ကျွန်၏သားမြေး တို့ထာဝစဉ်ခံစားစေတော်မူပါ'' ဟူ၍ တောင်းလျှောက်သတည်း။
အို ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် ရွေးချယ်ခန့်ထားတော်မူသောဘုရင်ကိုပစ်ပယ် တော်မမူပါနှင့်။ ကိုယ်တော်၏အစေခံဒါဝိဒ် အပေါ်တွင်ထားရှိတော်မူခဲ့သည့်မေတ္တာ တော်ကိုအောက်မေ့တော်မူပါ'' ဟုပတ္ထနာ ပြုတော်မူ၏။
ကွန်တော်မျိုးသည်သေသည့်တိုင်အောင် ပညတ်တော်တို့ကိုစောင့်ထိန်းရန်သန္နိဋ္ဌာန် ပြုပါပြီ။
ကိုယ်တော်ရှင်ကိုထောမနာပြုနိုင်ရန် ကွန်တော်မျိုးအား အသက်ရှင်စေတော်မူပါ။ စီရင်ဆုံးဖြတ်တော်မူခက်မားသည် ကွန်တော်မျိုးအား ကူမတော်မူပါစေသော။
ငါ၏အမျိုးသားတို့၊ငါ၏သွန်သင်ချက်ကို နားထောင်ကြလော့။ ငါပြောသည့်စကားကိုအာရုံစိုက်ကြလော့။
ငါသည်သူ့အားထားရှိသည့်ကတိသစ္စာကို အစဉ်တည်စေမည်။ ငါနှင့်သူပြုသောပဋိညာဉ်ကိုခိုင်မြဲစေမည်။
သူ၏တိုင်းနိုင်ငံသည်မိုးကောင်းကင်ကဲ့သို့ တည်မြဲလိမ့်မည်။ သူ၏သားမြေးများသည်အခါခပ်သိမ်းဘုရင် ဖြစ်ကြလိမ့်မည်။
ထာဝရဘုရားက``သင်တို့သည်ငါ၏ စကားကိုတစ်သဝေမတိမ်းနာခံ၍ငါ နှစ်သက်သောအကျင့်ကိုကျင့်ပြီး ပညတ် သမျှတို့ကိုလိုက်နာလျှင်၊ ငါသည်အီဂျစ် အမျိုးသားတို့အပေါ်တွင်ကျရောက်စေ သောရောဂါမျိုးများကို သင်တို့အပေါ်တွင် မည်သည့်အခါမျှကျရောက်စေမည်မဟုတ်။ ငါသည်သင်တို့၏ရောဂါကိုပျောက်ကင်း စေသောထာဝရဘုရားဖြစ်တော်မူ၏'' ဟုမိန့်တော်မူ၏။
ငါ့ပညတ်တို့ကို စောင့်ရှောက်၍ အသက်ရှင် လော့။ ငါပေးသောတရားကို ကိုယ်မျက်ဆန်ကဲ့သို့ စောင့်လော့။
``အို ငါ၏လူမျိုးတော်၊ငါ့စကားကိုဂရုပြု ကြလော့။ ငါပြောသည်ကိုနားထောင်ကြလော့။ ငါသည်လူမျိုးတကာတို့အားဆုံးမ သြဝါဒပေး၍ ငါ၏တရားဒေသနာများသည်သူတို့အတွက် အလင်းဖြစ်လိမ့်မည်။
တောင်ကြီးတောင်ငယ်တို့သည်ပြိုကွဲ ပျက်စီးကြလိမ့်မည်။ သို့ရာတွင်သင်တို့အပေါ်၌ထားရှိသည့် ငါ၏မေတ္တာတော်သည်အဘယ်အခါ၌မျှ ပျက်သုဉ်းလိမ့်မည်မဟုတ်။ ငြိမ်းချမ်းရေးဆိုင်ရာကတိတော်ကိုငါသည် အစဉ်တည်မြဲစေမည်'' ဟု သင်တို့ကိုချစ်တော်မူသောထာဝရဘုရား မိန့်တော်မူပါ၏။
ငါသည်အမျက်ထွက်သဖြင့်သင်တို့ထံမှ မျက်နှာလွှဲ၍နေခဲ့၏။ သို့ရာတွင်မေတ္တာတော်ကိုသင်တို့အားထာဝစဉ် ငါပြမည်'' ဟု သင်တို့ကိုကယ်တင်တော်မူသောထာဝရဘုရား မိန့်တော်မူပါ၏။
ထာဝရဘုရားက ``ငါသည်တရားမျှတမှုကိုနှစ်သက်မြတ်နိုး၍ လုယက်မှုနှင့်နှိပ်စက်ညှဉ်းဆဲမှုကိုမုန်း၏။ ငါ၏လူမျိုးတော်အားသစ္စာရှိစွာ ဆုလာဘ်များကိုပေးအပ်မည်။ သူတို့နှင့်လည်းထာဝရပဋိညာဉ်ကိုငါပြုမည်။
မိမိတို့၏ဘုရားသခင်ငါထာဝရဘုရား၏ အမှုတော်ကိုလည်းကောင်း၊ သူတို့၏ဘုရင် အဖြစ်ငါခန့်ထားမည့်ဒါဝိဒ်မင်းဆက်၏ အမှုတော်ကိုလည်းကောင်းထမ်းဆောင်ရကြ လိမ့်မည်။
ငါသည်သူတို့နှင့်ထာဝရပဋိညာဉ်ပြုမည်။ သူတို့အားထာဝစဉ်ကောင်းကျိုးပေးမည်။ သူ တို့သည်အဘယ်အခါ၌မျှငါ့ကိုမစွန့် မပယ်စေကြစေရန် သူတို့၏နှလုံးတွင်ငါ့ ကိုကြောက်ရွံ့ရိုသေသောစိတ်သဘောကို ငါရရှိစေမည်။-
ဤသို့ငါပြုခဲ့သည်မှာသေချာသကဲ့သို့ ယာကုပ်၏သားမြေးများနှင့်လည်းကောင်း၊ ငါ၏အစေခံဒါဝိဒ်နှင့်လည်းကောင်းထား ရှိခဲ့သည့်ပဋိညာဉ်ကိုစောင့်ထိန်းရန်သေ ချာ၏။ ငါသည်အာဗြဟံ၊ ဣဇာက်နှင့်ယာကုပ် တို့၏သားမြေးများကိုအုပ်စိုးရန်အတွက် ဒါဝိဒ်၏အမျိုးအနွယ်တစ်ဦးကိုရွေး ကောက်မည်။ ငါ၏လူမျိုးတော်အားတစ်ဖန် ပြန်၍ကောင်းစားစေမည်။ ငါသည်သူတို့ ၏အပေါ်၌ကရုဏာထားမည်'' ဟု မိန့်တော်မူ၏။
ငါက``အရှင်သည်ထိုသူတို့လက်တွင်းသို့ ကျရောက်ရလိမ့်မည်မဟုတ်ပါ။ အရှင့်အား အကျွန်ုပ်ပြန်ကြားခဲ့သည့်ထာဝရဘုရား ၏ဗျာဒိတ်တော်အတိုင်းလိုက်နာဆောင်ရွက် တော်မူရန်အကျွန်ုပ်ပန်ကြားပါ၏။ ဤ အတိုင်းပြုတော်မူလျှင်အစစအရာရာ အဆင်ပြေလျက် အရှင်သည်အသက်ချမ်း သာရာရပါလိမ့်မည်။-
သူတို့သည်ဇိအုန်မြို့သို့သွားရာလမ်းကို မေးမြန်းစုံစမ်းလျက် ထိုမြို့သို့ရှေ့ရှု၍ သွားကြလိမ့်မည်။ သူတို့သည်ထာဝရ ဘုရားနှင့်ထာဝစဉ်ပဋိညာဉ်ဖွဲ့ပြီးလျှင် ထိုပဋိညာဉ်ကိုအဘယ်အခါ၌မျှချိုး ဖောက်ကြလိမ့်မည်မဟုတ်။
သို့ရာတွင်သင်ငယ်စဉ်အခါကငါပြုခဲ့သည့် ပဋိညာဉ်ကိုပြန်လည်သတိရ၍ သင်နှင့်ထာဝ စဉ်တည်မြဲသည့်ပဋိညာဉ်ကိုငါဖွဲ့ဦးမည်။-
ငါထာဝရဘုရားသည်သူတို့၏ဘုရား ဖြစ်လိမ့်မည်။ ငါ၏အစေခံဒါဝိဒ်ကဲ့သို့ သောဘုရင်သည်လည်း သူတို့၏ဘုရင် ဖြစ်လိမ့်မည်။ ဤကားငါမိန့်တော်မူသော စကားဖြစ်၏။-
သူတို့၏လုံခြုံရေးကိုစိတ်ချရစေရန်ငါ သည်သူတို့နှင့်ပဋိညာဉ်ပြုတော်မူမည်။ ကြောက်မက်ဖွယ်ကောင်းသည့်သားရဲတိရစ္ဆာန် အပေါင်းကိုပြည်တွင်းမှဖယ်ရှားပစ်မည်။ သို့မှသာလျှင်ငါ၏သိုးတို့သည်ဘေးမဲ့ လုံခြုံစွာတောကန္တာရများ၌နေရကြ ၍ တောများတွင်အိပ်ရကြလိမ့်မည်။
ထာဝစဉ်ငြိမ်းချမ်းရေးအတွက်သူတို့နှင့် ပဋိညာဉ်ပြုမည်။ သူတို့အားတည်ထောင်ပေး လျက်လူဦးရေတိုးပွားစေ၍ ငါ၏ဗိမာန် တော်ကိုသူတို့ပြည်တွင်အစဉ်အမြဲတည် စေမည်။-
ငါ၏ပညတ်များနှင့်ပြဋ္ဌာန်းချက်များကို လိုက်လျှောက်လော့။ သို့ပြုလျှင်သင်တို့သည် အသက်ချမ်းသာရာရကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်၏'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားက``ဣသရေလပြည်သား တို့အားငါ့ထံသို့ပြန်လာကြလော့။ သို့ပြု လျှင်သင်တို့သည်အသက်ချမ်းသာလိမ့်မည်။-
ထာဝရဘုရားထံသို့သွားလော့။ သို့ပြု လျှင်အသက်ချမ်းသာလိမ့်မည်။ ထိုသို့မ ပြုလျှင်ကိုယ်တော်အရှင်သည်မီးကဲ့သို့ ရွာသွန်းလာပြီး ယောသပ်အမျိုးအနွယ် တို့ကိုလောင်ကျွမ်းလိမ့်မည်။ ဗေသလမြို့ သားများကိုလောင်ကျွမ်းကုန်၍ထိုမီး ကိုမည်သူကမျှမငြိမ်းသတ်နိုင်ချေ။-
လေးသောဝန်ထမ်းရ၍ပင်ပန်းသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်သုခချမ်းသာ ပေးမည်။-
``သင်တို့၏မျက်စိများသည်မြင်၍နားများသည် လည်းကြားသောကြောင့် သင်တို့သည်မင်္ဂလာရှိကြ၏။-
ဤသို့ပေတရုလျှောက်ထားစဉ်ပင်တောက်ပသော မိုးတိမ်တိုက်တစ်ခု၏အရိပ်သည်သူတို့အပေါ် သို့ကျလာ၏။ မိုးတိမ်တိုက်ထဲမှ ``ဤသူကား ငါနှစ်သက်မြတ်နိုးရာငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်မြတ်နိုး၏။ သူ၏စကားကို နားထောင်ကြလော့'' ဟုအသံတော်ထွက်ပေါ် လာ၏။
ငါ၏သိုးတို့သည်ငါ့စကားကိုနားထောင်ကြ ၏။ ငါသည်သူတို့ကိုသိ၍သူတို့သည်လည်း ငါ့ နောက်သို့လိုက်ကြ၏။-
ခမည်းတော်ငါ့အားပေးအပ်တော်မူသောသူ အပေါင်းတို့သည် ငါ့ထံသို့လာကြလိမ့်မည်။ ငါ့ ထံလာသောသူကိုငါသည်ပစ်ပယ်လိမ့်မည် မဟုတ်။-
ပွဲတော်၏နောက်ဆုံးနေ့နှင့်အရေးကြီးဆုံး နေ့၌ သခင်ယေရှုသည်ရပ်လျက် ``ရေငတ် သူသည်ငါ့ထံသို့လာ၍သောက်လော့။-
ဘုရားသခင်၏ထံမှဖြစ်ပွားသူသည်ဘုရား သခင်၏စကားတော်ကိုနားထောင်တတ်၏။ သင် တို့သည်ဘုရားသခင်၏ထံမှဖြစ်ပွားသူ များမဟုတ်သောကြောင့်နားမထောင်ကြ'' ဟု မိန့်တော်မူ၏။
နောက်တစ်ဖန်သင်္ချိုင်းတွင်မပုပ်ပျက်ဘဲသေခြင်း မှ ရှင်ပြန်ထမြောက်ခြင်းအကြောင်းနှင့်ပတ် သက်၍ဘုရားသခင်က၊ `ဒါဝိဒ်အားကောင်းချီးပေးရန်ကတိပြုခဲ့သည့် နည်းတူ၊ သင်တို့အားလည်းယုံကြည်စိတ်ချရသည့် မြတ်သောကောင်းချီးပေးရန်ငါပေးမည်' ဟူ၍မိန့်တော်မူသည်။ အခြားဆာလံတွင်၊ `ကိုယ်တော်သည်မိမိအားသစ္စာစောင့်သည့် အစေခံကို သင်္ချိုင်းတွင်ပုပ်ပျက်စေတော်မူလိမ့်မည်မဟုတ်' ဟုပါရှိ၏။-
ပညတ်တရားကိုစောင့်ထိန်းခြင်းအားဖြင့် ဘုရား သခင်နှင့်မှန်ကန်စွာဆက်သွယ်ခြင်းအကြောင်း နှင့်ပတ်သက်၍ မောရှေက``ပညတ်တရားကို စောင့်ထိန်းသူသည်အသက်ရှင်လိမ့်မည်'' ဟု ဖော်ပြ၏။-
အသက်တော်ကိုတင်လှူပူဇော်တော်မူခြင်း အားဖြင့် ထာဝရပဋိညာဉ်တော်ကိုတံဆိပ် ခတ်နှိပ်တော်မူသဖြင့် သိုးထိန်းကြီးဖြစ် တော်မူသောငါတို့အရှင်သခင်ယေရှု အားဘုရားသခင်သည် သေခြင်းမှရှင်ပြန် ထမြောက်စေတော်မူပြီ။ သင်တို့သည်ငြိမ် သက်ခြင်းအရှင်ဘုရားသခင်၏အလို တော်ကိုလိုက်လျှောက်နိုင်ကြစေရန် ကိုယ် တော်သည်သင်တို့အားကောင်းမြတ်သော အရာဟူသမျှကိုချပေးတော်မူပါစေ သော။ ကိုယ်တော်သည်မိမိနှစ်သက်တော် မူဖွယ်ရာကို ငါတို့၌ယေရှုခရစ်အား ဖြင့်ပြုတော်မူပါစေသော။ ခရစ်တော် သည်ကမ္ဘာအဆက်ဆက် ဘုန်းအသရေ ထွန်းတောက်တော်မူပါသတည်း။ အာမင်။