၂ ရာချုပ် 6:42 - Common Language Bible42 အို ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် ရွေးချယ်ခန့်ထားတော်မူသောဘုရင်ကိုပစ်ပယ် တော်မမူပါနှင့်။ ကိုယ်တော်၏အစေခံဒါဝိဒ် အပေါ်တွင်ထားရှိတော်မူခဲ့သည့်မေတ္တာ တော်ကိုအောက်မေ့တော်မူပါ'' ဟုပတ္ထနာ ပြုတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible42 အို ထာ ဝ ရ ဘု ရား သ ခင်၊ ကိုယ် တော့် ကျွန် ဒါ ဝိဒ်၌ သက် သော မေ တ္တာ ကျေး ဇူး တော် ကို အောက် မေ့ လျက် ဘိ သိက် တော် ခံ မင်း ကို မျက် နှာ မဲ့ စေ တော် မ မူ ပါ လင့် ဟု ပ ဌ နာ ပြု လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible42 အိုထာဝရအရှင် ဘုရားသခင်၊ ဘိသိက်ပေးတော်မူသော သူ၏မျက်နှာကို လွှဲစေတော်မမူပါနှင့်။ ကိုယ်တော်ကျွန်ဒါဝိဒ် ခံရသောကျေးဇူးတော်ကို အောက်မေ့တော်မူပါဟု ပတ္ထနာပြုလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း42 အို ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ဘိသိက်ပေးတော်မူသောသူကို မျက်နှာလွှဲတော်မမူပါနှင့်။ ကိုယ်တော်၏အစေအပါးဒါဝိဒ်မင်းကြီးအပေါ်ထားသော ကိုယ်တော်၏မေတ္တာကရုဏာတော်ကို အောက်မေ့တော်မူပါ”ဟု တောင်းလျှောက်လေ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရအရှင်ဘုရားသခင်သည် ငါ့ကိုတန်ခိုးနှင့်ပြည့်ဝစေတော်မူပြီ။ ဆင်းရဲသူတို့အတွက်သတင်းကောင်းကို ယူဆောင်ကာ၊စိတ်နှလုံးကြေကွဲသူတို့၏ အနာ ရောဂါကိုပျောက်ကင်းစေ၍၊ ပြည်နှင်ဒဏ်ခံရသူများနှင့်အချုပ်အနှောင်ခံရ သူတို့အားလွတ်ငြိမ်းချမ်းသာခွင့်ကိုကြေညာရန်၊ ကိုယ်တော်သည်ငါ့ကိုရွေးချယ်စေလွှတ်တော် မူလေပြီ။
နောက်တစ်ဖန်သင်္ချိုင်းတွင်မပုပ်ပျက်ဘဲသေခြင်း မှ ရှင်ပြန်ထမြောက်ခြင်းအကြောင်းနှင့်ပတ် သက်၍ဘုရားသခင်က၊ `ဒါဝိဒ်အားကောင်းချီးပေးရန်ကတိပြုခဲ့သည့် နည်းတူ၊ သင်တို့အားလည်းယုံကြည်စိတ်ချရသည့် မြတ်သောကောင်းချီးပေးရန်ငါပေးမည်' ဟူ၍မိန့်တော်မူသည်။ အခြားဆာလံတွင်၊ `ကိုယ်တော်သည်မိမိအားသစ္စာစောင့်သည့် အစေခံကို သင်္ချိုင်းတွင်ပုပ်ပျက်စေတော်မူလိမ့်မည်မဟုတ်' ဟုပါရှိ၏။-