တမန်တော်ဝတ္ထု 13:34 - Common Language Bible34-35 နောက်တစ်ဖန်သင်္ချိုင်းတွင်မပုပ်ပျက်ဘဲသေခြင်း မှ ရှင်ပြန်ထမြောက်ခြင်းအကြောင်းနှင့်ပတ် သက်၍ဘုရားသခင်က၊ `ဒါဝိဒ်အားကောင်းချီးပေးရန်ကတိပြုခဲ့သည့် နည်းတူ၊ သင်တို့အားလည်းယုံကြည်စိတ်ချရသည့် မြတ်သောကောင်းချီးပေးရန်ငါပေးမည်' ဟူ၍မိန့်တော်မူသည်။ အခြားဆာလံတွင်၊ `ကိုယ်တော်သည်မိမိအားသစ္စာစောင့်သည့် အစေခံကို သင်္ချိုင်းတွင်ပုပ်ပျက်စေတော်မူလိမ့်မည်မဟုတ်' ဟုပါရှိ၏။- အခန်းကိုကြည့်ပါ။Garrad Bible34 သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် စေ တော် မူ ပြီး လျှင် နောင် ပုပ် ပျက် ရာ သို့ မ ရောက် ရ မည် ကို ထောက်၍ ဒါ ဝိဒ် ခံ ရာ မြဲ မြံ သော မင်္ဂ လာ တော် များ ကို သင် တို့ အား ငါ ပေး မည် ဟူ၍ လည်း ကောင်း၊ အခန်းကိုကြည့်ပါ။Judson Bible34 ယနေ့ပင် သင့်ကိုငါဖြစ်ဖွားစေပြီဟု လာသည်နှင့်အညီ၊ ဘုရားသခင်သည် ယေရှုကို ထမြောက်စေတော်မူသဖြင့်၊ ငါတို့ဘိုးဘေး များ၌ရှိသော ကတိတော်ကို ထိုသူတို့၏ သားဖြစ်သောငါတို့အားပြည့်စုံစေတော်မူသည် ဟူ၍လည်းကောင်း၊ ဒါဝိဒ်၌မြဲမြံသော ကျေးဇူးတော်ကို သင်တို့အား ငါပေးမည်ဟူသောဗျာဒိတ်တော်နှင့်အညီ၊ ထိုသခင်ကို သေခြင်းမှ ထမြောက်စေ၍၊ နောက်တစ်ဖန် ပုပ်စပ်ခြင်းသို့ မပြန်ဘဲ အစဉ်ကင်းလွတ်ရမည်အခွင့်ကို ပေးတော်မူသည်ဟူ၍လည်းကောင်း၊ ဝမ်းမြောက်စရာသတင်း ဧဝံဂေလိတရားကို ငါတို့သည် သင်တို့အား ကြားပြောကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း34 ကိုယ်တော်ကို သေသောသူတို့ထဲမှ ထမြောက်စေပြီး နောက်တစ်ဖန် ပုပ်ပျက်ခြင်းသို့မရောက်စေသည့်အကြောင်းနှင့်ပတ်သက်၍ ဘုရားသခင်က ‘ငါသည် ဒါဝိဒ်အားပေးထားသည့် သန့်ရှင်း၍ယုံကြည်ထိုက်သောကောင်းချီးကို သင်တို့အားပေးမည်’ဟု မိန့်တော်မူခဲ့၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း34 သားတော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူပြီး ပုပ်ပျက်ခြင်းသို့ ထပ်မံမရောက်စေမည့်အကြောင်းနှင့် ပတ်သက်၍ ဘုရားသခင်က ‘ဒါဝိဒ်အား ပေးတော်မူသည့် မြင့်မြတ်၍ ယုံကြည်ထိုက်သောကောင်းချီးများကို သင်တို့အား ငါပေးမည်’ ဟူ၍ မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုကာလ၌ယေရုရှလင်မြို့တွင်နေထိုင် သူလူတို့အား ထာဝရဘုရားသည်ကွယ် ကာစောင့်ထိန်းတော်မူလိမ့်မည်။ သို့ဖြစ်၍ သူတို့အနက်အင်အားအချိနဲ့ဆုံးသော သူများပင်လျှင် ဒါဝိဒ်ကဲ့သို့ကြံ့ခိုင်၍ လာလိမ့်မည်။ ဒါဝိဒ်၏သားမြေးများသည် ထာဝရဘုရား၏ကောင်းကင်တမန်ကဲ့ သို့လည်းကောင်း၊ ဘုရားသခင်ကိုယ်တော် တိုင်ကဲ့သို့လည်းကောင်းသူတို့အားဦး စီးခေါင်းဆောင်ပြုလိမ့်မည်။-
ဤသို့ငါပြုခဲ့သည်မှာသေချာသကဲ့သို့ ယာကုပ်၏သားမြေးများနှင့်လည်းကောင်း၊ ငါ၏အစေခံဒါဝိဒ်နှင့်လည်းကောင်းထား ရှိခဲ့သည့်ပဋိညာဉ်ကိုစောင့်ထိန်းရန်သေ ချာ၏။ ငါသည်အာဗြဟံ၊ ဣဇာက်နှင့်ယာကုပ် တို့၏သားမြေးများကိုအုပ်စိုးရန်အတွက် ဒါဝိဒ်၏အမျိုးအနွယ်တစ်ဦးကိုရွေး ကောက်မည်။ ငါ၏လူမျိုးတော်အားတစ်ဖန် ပြန်၍ကောင်းစားစေမည်။ ငါသည်သူတို့ ၏အပေါ်၌ကရုဏာထားမည်'' ဟု မိန့်တော်မူ၏။
ထိုနည်းတူစွာဘုရားသခင်သည်ငါ၏သား မြေးတို့ကို ကောင်းချီးပေးတော်မူလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် မပျက်နိုင်မပြောင်းလဲနိုင်သော၊ထာဝရ ပဋိညာဉ်ကို ငါနှင့်ပြုထားတော်မူသောကြောင့်ဖြစ်၏။ သို့ဖြစ်၍ငါ၏လိုအင်ဆန္ဒပြည့်စုံပြီ။ ဤကားငါ၏အောင်ပွဲပေတည်း။ ယင်းသို့ဖြစ်စေရန်ဘုရားသခင်သည် ဧကန်မုချစီမံတော်မူလိမ့်မည်။
သို့ရာတွင်ဣသရေလပြည်သားတို့သည် သူတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့လည်းကောင်း၊ သူတို့၏ဘုရင် ဒါဝိဒ်မင်း၏အဆက်အနွယ်ထံသို့လည်း ကောင်းပြန်လာမည့်အချိန်ကျရောက်လိမ့် မည်။ ထိုအခါသူတို့သည်ထာဝရဘုရား အားကြောက်ရွံ့ရိုသေကြလိမ့်မည်။ ကိုယ် တော်သည်လည်းသူတို့အားကောင်းချီး မင်္ဂလာကိုချပေးတော်မူလိမ့်မည်။