တန်ခိုးတော်အားဖြင့် သမုဒ္ဒရာကို ဆုံးမတော် မူ၏။ ပညာတော်အားဖြင့်သူ၏ မာနကို ချိုးဖျက်တော် မူ၏။
ဟေရှာယ 51:9 - Common Language Bible အို ထာဝရဘုရား၊နိုးထတော်မူ၍ ကျွန်တော်မျိုးတို့အားကူမတော်မူပါ။ ကိုယ်တော်ရှင်၏အစွမ်းတန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ နိုးထတော်မူ၍ရှေးပဝေသဏီကာလ၌ ကဲ့သို့ပင် တန်ခိုးတော်ကိုအသုံးပြုတော်မူပါ။ ပင်လယ်နဂါးကြီးရာခပ်အား အပိုင်းပိုင်းဖြတ်တော်မူသောသူကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။ Garrad Bible အို ထာ ဝ ရ ဘု ရား၏ လက် ရုံး တော်၊ နိုး ထ တော် မူ ပါ။ နိုး ထ၍ ခွန် အား ကို ဆင် ယင် တော် မူ ပါ။ အ တိတ် ကာ လ က၊ ရှေး သူ ဟောင်း တို့ လက် ထက် ကဲ့ သို့၊ နိုး ထ တော် မူ ပါ။ ရေ နတ် န ဂါး ကို ဒဏ် ခတ်၍၊ မြွေ န ဂါး ကို ထိုး ဖောက် သည် ကား၊ ကိုယ် တော် ပင် မ ဟုတ် ပါ လော။ Judson Bible အို ထာဝရဘုရား၏လက်ရုံးတော်၊ နိုးတော်မူပါ။ နိုး၍ ခွန်အားကို ယူတော်မူပါ။ ရှေးကာလနှင့် လွန်ဖူးသောကာလ၌ကဲ့သို့ နိုးတော်မူပါ။ ရာခပ်ကိုဒဏ်ခတ်၍ နဂါးကို နာစေသောသူကား၊ ကိုယ်တော်ပင် မဟုတ်လော။ မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၏လက်ရုံးတော်၊ နိုးထတော်မူပါ။ နိုးထတော်မူပါ။ ခွန်အားကိုဆင်ယင်တော်မူပါ။ ရှေးကာလနေ့ရက်များကကဲ့သို့၊ ရှေးလွန်လေပြီးသောမျိုးဆက်တို့ခေတ်ကကဲ့သို့ နိုးထတော်မူပါ။ ရာဟပ်ကိုခုတ်ဖြတ်သောသူ၊ မြွေနဂါးကိုထိုးဖောက်သောသူသည် ကိုယ်တော်ပင်မဟုတ်လော။ |
တန်ခိုးတော်အားဖြင့် သမုဒ္ဒရာကို ဆုံးမတော် မူ၏။ ပညာတော်အားဖြင့်သူ၏ မာနကို ချိုးဖျက်တော် မူ၏။
ဘုရားသခင်သည် အမျက်ပြေတော်မမူလျှင်၊ မာနကြီး၍ အားပေးသောသူတို့သည် ရှေ့တော်၌ နှိမ့်ချ ခြင်းကို ခံရကြ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၌မဟာတန်ခိုးတော်ရှိတော်မူ သောကြောင့် ကိုယ်တော်အားကျွန်တော်မျိုးတို့ထောမနာ ပြုကြပါ၏။ ကိုယ်တော်၏ဘုန်းအာနုဘော်တော်ကို ထောမနာသီချင်းဆိုပါမည်။
အို ဘုရားသခင်၊ ရှေးကာလကဘိုးဘေးတို့လက်ထက်၌ ကိုယ်တော်ပြုတော်မူခဲ့သောအမှုအရာများ အကြောင်းကိုသူတို့ပြောပြသဖြင့် ကျွန်တော်မျိုးတို့ကိုယ်တိုင်ကြားကြရပါပြီ။
ကိုယ်တော်ရှင်ကိုယ်တိုင်အခြားလူမျိုးတို့အား နှင်ထုတ်တော်မူ၍ ကိုယ်တော်၏လူစုတော်အားထိုသူတို့၏ပြည်တွင် နေရာချထားတော်မူကြောင်း၊ လူမျိုးခြားတို့အားအပြစ်ဒဏ်ပေးတော်မူ၍ ကိုယ်တော်ရှင်၏လူစုတော်အားကြီးပွား တိုးတက်စေတော်မူကြောင်းကိုပြောပြပါ၏။
အို ထာဝရဘုရား၊ နိုးထတော်မူပါ။ ကိုယ်တော်ရှင်သည်အဘယ်ကြောင့်ကျိန်းစက်၍ နေတော်မူပါသနည်း။ ထတော်မူပါ။ ကျွန်တော်မျိုးတို့အားထာဝစဉ်ပစ်ပယ်တော်မမူပါနှင့်။
ကိုယ်တော်ရှင်သည်အဘယ်ကြောင့် ကျွန်တော်မျိုးတို့အားမျက်နှာတော်ကို လွှဲတော်မူပါသနည်း။ ကျွန်တော်မျိုးတို့၏ဝေဒနာနှင့်ဆင်းရဲဒုက္ခများကို မေ့တော်မမူပါနှင့်။
အို ထာဝရဘုရား၊ အမျက်တော်ထွက်၍ထတော်မူပါ။ ကျွန်တော်မျိုးအားရန်ဘက်ပြုသူတို့၏ဒေါသကိုဆီးတားတော်မူပါ။ နိုးထတော်မူလျက်ကျွန်တော်မျိုးအားကူမတော်မူပါ။ တရားမျှတမှုကိုကိုယ်တော်အလိုရှိတော်မူသည်ဖြစ်၍
ငါသည်ကုန်လွန်သွားသည့်နေ့ရက်များအကြောင်း ကို စဉ်းစား၍လွန်လေပြီးသည့်နှစ်များကို အောက်မေ့သတိရပါ၏။
နောက်ဆုံး၌ထာဝရဘုရားသည်အိပ်ရာမှ နိုးထသူကဲ့သို့လည်းကောင်း စပျစ်ရည်အရှိန်ဖြင့်စိတ်တက်ကြွလာသော သူရဲကဲ့သို့လည်းကောင်းနိုးထတော်မူ၏။
ကိုယ်တော်မိန့်တော်မူသည်မှာ ``ငါ၏စကားကိုနားထောင်သည့်နိုင်ငံများ စာရင်းကိုယူသောအခါအီဂျစ်ပြည်နှင့် ဗာဗုလုန်ပြည်ကိုငါထည့်သွင်းမည်။ ဖိလိတ္တိပြည်၊တုရုပြည်နှင့်ဆူဒန်ပြည်မှ လူတို့သည်လည်းယေရုရှလင်မြို့သားများ စာရင်းတွင်ငါဖော်ပြမည်။''
ကိုယ်တော်ရှင်သည်ရာခပ် ကို ချေမှုန်းသတ်ဖြတ်ပစ်တော်မူပါ၏။ တန်ခိုးတော်ဖြင့်ကိုယ်တော်ရှင်၏ရန်သူတို့ကို နှိမ်နင်းတော်မူပါ၏။
ကမ္ဘာမြေကြီးကိုလည်းကောင်း၊မိုးကောင်းကင် ကိုလည်းကောင်းပိုင်တော်မူပါ၏။ ကိုယ်တော်ရှင်သည်ကမ္ဘာနှင့်ကမ္ဘာပေါ်တွင် ရှိသမျှသောအရာတို့ကိုဖန်ဆင်းတော်မူပါ၏။
ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ဘုန်းအသရေတော်ကို ဝတ်ဆင်တော်မူ၍ တန်ခိုးအာနုဘော်တော်ကိုခါးပန်းစည်းတော်မူ၏။ ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုခိုင်မြဲစွာ တည်စေတော်မူသည်ဖြစ်၍ယင်းကိုလှုပ်ရှား၍ မရနိုင်ရာ။
ထို့ကြောင့်သင်သည် ဣသရေလအမျိုးသား တို့အား`ငါသည်ထာဝရဘုရားဖြစ်၏။ အီဂျစ် အမျိုးသားတို့ထံ၌ကျွန်ခံရသည့်ဘဝမှ သင်တို့အားငါလွတ်မြောက်စေမည်။ ငါ၏ မဟာလက်ရုံးတော်ကိုဆန့်၍ ကြောက်မက် ဖွယ်သောဒဏ်စီရင်ခြင်းဖြင့်သင်တို့ကို ကယ်တင်မည်။-
ထိုကာလ၌ထာဝရဘုရားသည်ကြီးမား ထက်မြက်သောဋ္ဌားတော်ဖြင့် တွန့်လိမ်လျက်နေ သည့်မြွေကြီးလဝိသန်ကိုအပြစ်ဒဏ်ခတ် တော်မူ၍၊ ပင်လယ်နဂါးကြီးကိုလည်းသတ် တော်မူလိမ့်မည်။
အီဂျစ်ပြည်မှပေးသောအကူအညီကား အချည်းနှီးပင်တည်း။ ထို့ကြောင့်ငါသည်၊ အီဂျစ်ပြည်အား`အဆိပ်မရှိသည့်နဂါး' ဟု နာမည်ပေးထားလေပြီ'' ဟုမိန့်တော်မူ၏။
အို ယေရုရှလင်မြို့၊နိုးထလော့။ မိမိကိုယ်ကိုနှိုး၍ထပါလော့။ ထာဝရဘုရားအမျက်တော်ထွက်သဖြင့် သင့်အားပေးတော်မူသော၊ခွက်ဖလားမှအပြစ် ဒဏ် စပျစ်ရည်ကိုသင်သည်သောက်သုံးခဲ့လေပြီ။ ယင်းကိုသောက်သုံးသဖြင့်ယိမ်းယိုင်လျက်နေခဲ့၏။
ငါသည်လျင်မြန်စွာလာ၍သူတို့အားကယ်တင်မည်။ ငါအောင်ပွဲခံရန်အချိန်သည်နီးကပ်၍လာလေပြီ။ လူမျိုးတကာတို့အားငါကိုယ်တိုင်ပင် အုပ်စိုးတော်မူမည်။ နိုင်ငံရပ်ခြားတိုင်းတစ်ပါးသားတို့သည် ငါလာမည်ကိုစောင့်မျှော်လျက်ရှိ၏။ မိမိတို့အားကယ်တင်လိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့်၊သူတို့သည်ငါ့ကို စောင့်မျှော်လျက်နေကြ၏။
ဇိအုန်မြို့၊သင်သည်တစ်ဖန်ပြန်လည်ကြံ့ခိုင် ခမ်းနားကြီးကျယ်၍လာလော့။ အို ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့်မြို့တော်၊ သင်၏ကိုယ်ကိုဘုန်းအသရေနှင့်လွှမ်းခြုံပါလော့။ တိုင်းတစ်ပါးသားတို့သည် နောက်တစ်ဖန်အဘယ်အခါ၌မျှသင်၏ တံခါးထဲ၌ဝင်ရကြတော့မည်မဟုတ်။
ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်သည့် လက်တော်အားဖြင့်၊နိုင်ငံအသီးသီး၏ရှေ့တွင် မိမိ၏လူမျိုးတော်ကိုကယ်တင်တော်မူပြီဖြစ်၍၊ ထိုအချင်းအရာကိုကမ္ဘာတစ်ဝှမ်းလုံးပင် တွေ့မြင်ရကြလေပြီ။
ပြည်သူတို့က၊ ``ငါတို့ယခုဖော်ပြသည့်သတင်းကိုအဘယ် သူသည် ယုံကြည်ပါလိမ့်မည်နည်း။ ဤအဖြစ်အပျက်တွင်ထာဝရဘုရား၏ လက်ရာတော်ကိုအဘယ်သူတွေ့မြင်နိုင် ပါလိမ့်မည်နည်း။
ထာဝရဘုရားသည်တန်ခိုးကြီးသောလက်ယာ လက်တော်နှင့်ကျိန်ဆိုတော်မူသည်။ ``သင်၏ကောက်ပဲသီးနှံများသည်ရန်သူတို့အတွက် ရိက္ခာဖြစ်ရတော့မည်မဟုတ်။ လူမျိုးခြားတို့သည်လည်းသင်ကြိုးစား၍ လုပ်ဆောင်ခဲ့သောစပျစ်ရည်ကိုသောက်ရကြ တော့မည်မဟုတ်။
အရှင်ထာဝရဘုရားအဘယ်သို့မိန့်တော် မူသည်ကို အီဂျစ်ဘုရင်ဖာရောမင်းအား ဆင့်ဆိုရမည်မှာ မြစ်ထဲရှိခွန်အားကြီးမား သောအချင်းမိကျောင်း၊ ငါသည်သင်၏ရန်သူ ဖြစ်၏။ နိုင်းမြစ်ကိုသင်ပိုင်သည်၊ ထိုမြစ်ကား သင်ဖန်ဆင်းထားသောအရာဖြစ်သည်ဟု သင်ဆို၏။-
အကျွန်ုပ်တို့အားအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့စဉ်က ကိုယ်တော်ပြခဲ့သောအံ့သြဖွယ် နိမိတ်လက္ခဏာများကိုပြတော်မူပါ။-
သင်တို့သည်အမင်္ဂလာရှိကြ၏။ သစ်သား% တုံးအား``နိုးတော်မူပါ'' ဟူ၍လည်းကောင်း၊ % ကျောက်တုံးအား``ထတော်မူပါ'' ဟူ၍လည်း% ကောင်းသင်တို့ဆိုတတ်ကြ၏။ ရုပ်တုတစ်ခု% သည်သင်တို့အားအဘယ်အမှုကိုရှင်းလင်း% ဖော်ပြနိုင်ပါသနည်း။ ရွှေငွေများဖြင့်မွမ်း% မံထားကောင်းထားမည်ဖြစ်သော်လည်း % ထိုရုပ်တုတွင်အသက်ကားမရှိ။ %
သူတို့သည်ဘေးအန္တရာယ်ရှိသောပင်လယ်ကို ဖြတ်၍သွားရကြသောအခါငါသည် လှိုင်းတံပိုးများကိုဆုံးမမည်။ နိုင်းမြစ်မှရေနက်ရာအရပ်တို့သည်လည်း ခန်းခြောက်၍သွားလိမ့်မည်။ အာရှုရိပြည်၏မာန်မာနကိုငါချိုးနှိမ် မည်။ စွမ်းအင်ကြီးမားသည့်အီဂျစ်ပြည်သည်လည်း တန်ခိုးအာဏာမှေးမှိန်၍သွားလိမ့်မည်။
လူအပေါင်းတို့ထာဝရဘုရားသည်မိမိ ကျိန်းဝပ်တော်မူရာသန့်ရှင်းမြင့်မြတ်သည့် ဌာနတော်မှကြွလာတော်မူမည်ဖြစ်၍ ကိုယ်တော်၏ရှေ့တော်၌ဆိတ်ငြိမ်စွာနေ ကြလော့။
ဤသို့ဖြစ်ရသည်မှာ၊ ``အို ထာဝရဘုရား၊အဘယ်သူသည် အကျွန်ုပ်တို့၏ ဟောပြောချက်ကိုယုံပါသနည်း။ ထာဝရဘုရားသည်တန်ခိုးတော်ကိုအဘယ် သူအား ထင်ရှားပါသနည်း။ ဟုဟေရှာယမြွက်ဆိုခဲ့သည့်အတိုင်းဖြစ် ပျက်ခြင်းပင်ဖြစ်၏။-
သူတို့အားကျွန်စေစားသောလူမျိုးအား ငါ ဒဏ်စီရင်တော်မူမည်။ ထိုနောက်သင်၏သား မြေးတို့သည်ထိုပြည်မှလွတ်မြောက်ကြပြီး လျှင် ဤအရပ်တွင်ငါ့အားကိုးကွယ်ဝတ်ပြု ကြလတ္တံ့' ဟူ၍မိန့်တော်မူ၏။-
သင်တို့ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်အမျိုးသားတို့လက်မှသင်တို့ကို ကယ်တင်၍ မိမိ၏လူမျိုးတော်အဖြစ်ထုတ် ဆောင်ခဲ့သည်။ အခြားသောဘုရားသည် လူတစ်မျိုးအတွက် ထိုကဲ့သို့ပြုခဲ့ဖူးပါ သလော။ ထာဝရဘုရားသည်မဟာတန်ခိုး တော်ကိုပြတော်မူခြင်း၊ ဘေးဒဏ်နှင့်စစ် ဘေးသင့်စေခြင်း၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုတို့ကိုပြခြင်း၊ ကြောက် မက်ဖွယ်သောအမှုတို့ကိုပြုတော်မူခြင်း စသည်တို့ကိုသင်တို့ကိုယ်တိုင်မြင်ခဲ့ရပြီ။-
``ပစ္စုပ္ပန်၊အတိတ်ကာလတို့၌ရှိတော်မူသော အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ ကိုယ်တော်သည်မိမိ၏မဟာတန်ခိုးတော် ကို သုံးတော်မူလျက် လောကကိုအုပ်စိုးတော်မူပြီဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းပါ၏။
ကမ္ဘာသူကမ္ဘာသားတို့အားလှည့်ဖြားသူနတ် မိစ္ဆာဘုရင်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍ လည်းကောင်းခေါ်ဝေါ်ခြင်းခံရသူရှေးမြွေ နဂါးကြီးသည် မိမိ၏ဘက်သားကောင်းကင် တမန်များနှင့်အတူကမ္ဘာမြေပေါ်သို့ပစ်ချ ခြင်းကိုခံရလေသည်။
ဂိဒေါင်ကသူ့အား``အို အရှင်၊ အကယ်၍ထာဝရ ဘုရားသည်အကျွန်ုပ်တို့နှင့်အတူရှိတော်မူသည် မှန်ပါလျှင် အဘယ်ကြောင့်ဤဘေးဆိုးသင့်ရောက် ရပါသနည်း။ ထာဝရဘုရားသည်မိမိတို့အား အီဂျစ်ပြည်မှထုတ်ဆောင်လာပုံ အစရှိသည့် အံ့သြဖွယ်အမှုအရာများကိုပြုတော်မူ ကြောင်းဘိုးဘေးတို့ပြောဆိုခဲ့ကြပါ၏။ ထို အံ့သြဖွယ်ရာတို့သည်အဘယ်မှာနည်း။ ထာဝရ ဘုရားသည်အကျွန်ုပ်တို့ကိုစွန့်၍မိဒျန်အမျိုး သားတို့၏လက်သို့အပ်တော်မူပါပြီတကား'' ဟုပြော၏။