ဟေရှာယ 51:8 - Common Language Bible8 ထိုသို့သောလူတို့သည်ပိုးကိုက်သည့်အဝတ် ကဲ့သို့ပျောက်ကွယ်၍သွားလိမ့်မည်။ သို့ရာတွင်ငါ၏ဖြောင့်မတ်ခြင်းကားထာဝစဉ် တည်လိမ့်မည်။ ငါ၏ကယ်တင်ခြင်းတန်ခိုးသည်လည်းကာလ အစဉ်အဆက်တည်လိမ့်မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible8 ထို သို့ သော လူ တို့ ကို၊ ပိုး ရွ များ သည် သိုး မွေး အ ဝတ် ကဲ့ သို့ လည်း ကောင်း၊ ပိုး ကောင် များ သည် သိုး မွေး ကဲ့ သို့ လည်း ကောင်း၊ စား ကြ လိမ့် မည်။ အောင် မြင် တော် မူ ခြင်း ကား၊ အ စဉ် တည် လျက် ကယ် တင် တော် မူ ခြင်း လည်း၊ လူ မျိုး အ ဆက် ဆက် မြဲ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible8 အကြောင်းမူကား၊ ပိုးရွတို့သည် သိုးမွေးအဝတ်ကို ကိုက်စားသကဲ့သို့၊ ထိုသူတို့ကို ကိုက်စားဖျက်ဆီးကြလိမ့်မည်။ ငါ၏ ဖြောင့်မတ်ခြင်းတရားမူကား နိစ္စထာဝရဖြစ်၍၊ ငါ၏ကယ်တင်ခြင်းတရားသည်လည်း ကမ္ဘာအဆက်ဆက် တည်လိမ့်သတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 အကြောင်းမူကား ပိုးကောင်တို့သည် အဝတ်ကိုကိုက်စားသကဲ့သို့ ထိုသူတို့ကို ကိုက်စားမည်။ ပိုးရွတို့သည် သိုးမွေးကိုကိုက်စားသကဲ့သို့ ထိုသူတို့ကို ကိုက်စားမည်။ ငါ၏ဖြောင့်မတ်ခြင်းမူကား အစဉ်အမြဲတည်မည်။ ငါ၏ကယ်တင်ခြင်းသည် မျိုးဆက်အဆက်ဆက် တည်မည်။ အခန်းကိုကြည့်ပါ။ |
ထာဝရအရှင်ဘုရားသခင်ကိုယ်တော်တိုင်ပင် ငါ၏ဘက်မှခုခံလျှောက်လဲတော်မူမည်ဖြစ်၍ ငါ၌အပြစ်ရှိကြောင်း၊အဘယ်သူသည်သက်သေခံ အထောက်အထားပြနိုင်ပါမည်နည်း။ ငါ့အားစွပ်စွဲပြောဆိုသူမှန်သမျှသည် ပျောက်ကွယ်သွားကြလိမ့်မည်။ သူတို့သည်ပိုးကိုက်သည့်အဝတ်ကဲ့သို့ ပျောက်ပျက်သွားလိမ့်မည်။
မိုးကောင်းကင်ကိုကြည့်ရှုကြလော့။ ကမ္ဘာမြေကြီးကိုလည်းကြည့်ရှုကြလော့။ မိုးကောင်းကင်သည်မီးခိုးသဖွယ် ပျောက်ကွယ်၍သွားလိမ့်မည်။ ကမ္ဘာမြေကြီးသည်ဟောင်းနွမ်းသည့်အဝတ်ကဲ့သို့ တဖြည်းဖြည်းပျက်ပြုန်းသွားလိမ့်မည်။ ဤကမ္ဘာမြေကြီးသားအပေါင်းတို့သည်လည်း ယင်ကောင်ကဲ့သို့သေကြေပျက်စီးကြလိမ့်မည်။ သို့ရာတွင်ငါ၏ကယ်တင်ခြင်းကျေးဇူးသည် အစဉ်အမြဲတည်လိမ့်မည်။ ငါ၏အောင်မြင်မှုသည်လည်းအဘယ်အခါ၌မျှ ပျက်ပြယ်ရလိမ့်မည်မဟုတ်။
``ငါသည်ကမ္ဘာမြေကြီးကိုနောက်တစ်ဖန် ရေလွှမ်းမိုးစေလိမ့်မည်မဟုတ်ဟု နောဧ၏လက်ထက်၌ကတိပြုခဲ့၏။ သင်တို့အားနောက်တစ်ဖန် အမျက်ထွက်တော်မူလိမ့်မည်မဟုတ်ကြောင်း ယခုငါကတိပြုပါ၏။ ငါသည်သင်တို့အားပြစ်တင်ဆုံးမမှုနှင့် အပြစ်ဒဏ်ခတ်မှုကိုပြုလိမ့်မည်မဟုတ်ပါ။
``ထိုသူတို့သည်မိမိတို့ပြည်များသို့ပြန် ကြသောအခါငါ့ကိုပုန်ကန်သူတို့၏ အလောင်းများကိုတွေ့မြင်ကြလိမ့်မည်။ ထိုအလောင်းများကိုဖျက်ဆီးသည့်လောက် ကောင်တို့သည်အဘယ်အခါ၌မျှသေကြ လိမ့်မည်မဟုတ်။ အလောင်းတို့ကိုလောင် လျက်နေသောမီးသည်လည်းအဘယ်အခါ ၌မျှငြိမ်းလိမ့်မည်မဟုတ်။ လူအပေါင်းတို့ သည်ထိုအချင်းအရာကိုမြင်၍စက်ဆုတ် ရွံရှာကြလိမ့်မည်။ ပရောဖက်ဟေရှာယစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
``ခုနစ်ဆယ်ခုနစ်လီနှစ်ကာလသည်ကား သင်၏အမျိုးသားများနှင့် သင်၏သန့်ရှင်း မြင့်မြတ်သောမြို့တော်အား အပြစ်ဒုစရိုက် နှင့်မကောင်းမှုများမှလွတ်မြောက်စေရန် ဘုရားသခင်သတ်မှတ်ပေးတော်မူသည့် အချိန်ကာလဖြစ်၏။ ရူပါရုံနှင့်ဗျာဒိတ် တော်အကောင်အထည်ပေါ်လာစေရန်နှင့် အသန့်ရှင်းဆုံးဗိမာန်တော်ကိုပြန်လည် ဆက်ကပ်နိုင်ရေးအတွက် ဘုရားသခင် သည်ထိုသူတို့၏အပြစ်များကိုဖြေ လွှတ်တော်မူ၍ ထာဝစဉ်တရားမျှတ မှုစိုးမိုးရာခေတ်ကိုတည်ထောင်တော် မူလိမ့်မည်။-