Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 6:13 - Common Language Bible

13 ဂိ​ဒေါင်​က​သူ့​အား``အို အ​ရှင်၊ အ​ကယ်​၍​ထာ​ဝ​ရ ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သည် မှန်​ပါ​လျှင် အ​ဘယ်​ကြောင့်​ဤ​ဘေး​ဆိုး​သင့်​ရောက် ရ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​ပုံ အ​စ​ရှိ​သည့် အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​များ​ကို​ပြု​တော်​မူ ကြောင်း​ဘိုး​ဘေး​တို့​ပြော​ဆို​ခဲ့​ကြ​ပါ​၏။ ထို အံ့​သြ​ဖွယ်​ရာ​တို့​သည်​အ​ဘယ်​မှာ​နည်း။ ထာ​ဝ​ရ ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​ကို​စွန့်​၍​မိ​ဒျန်​အ​မျိုး သား​တို့​၏​လက်​သို့​အပ်​တော်​မူ​ပါ​ပြီ​တ​ကား'' ဟု​ပြော​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ဂိ ဒေါင် က၊ အို အ ရှင် မြတ်၊ အ ကျွန်ုပ် တို့ နှင့် အ တူ ထာ ဝ ရ ဘု ရား ရှိ တော် မူ သည် မှန် ပါ လျှင်၊ အ ဘယ် ကြောင့် ဤ ဘေး ဆိုး သင့် ရောက် ပါ သ နည်း။ ထာ ဝ ရ ဘု ရား သည် ငါ တို့ ကို အိ ဂျစ် ပြည် မှ ထုတ် ဆောင် တော် မူ ခဲ့ သည် မ ဟုတ် လော ဟူ၍ ဘိုး ဘေး တို့ ပြန် ကြား သ မျှ သော အံ့ ဖွယ် ရာ များ ကား အ ဘယ် မှာ နည်း။ ယ ခု မှာ ထာ ဝ ရ ဘု ရား သည် အ ကျွန်ုပ် တို့ ကို စွန့် ပယ်၍ မိ ဒျန် လူ မျိုး လက် တွင်း သို့ အပ် နှင်း တော် မူ ခဲ့ လေ စွ တ ကား ဟု ဆို သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ဂိ​ဒေါင်​က၊ အို​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သည်​မှန်​လျှင် အ​ဘယ်​ကြောင့် ဤ​အ​မှု​ကြီး ရောက်​ရ​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သည် မ​ဟုတ်​လော​ဟု အ​ကျွန်ုပ်​တို့​အ​ဘ​များ ပြော​သည်​အ​တိုင်း ပြု​တော်​မူ​သော၊ အံ့​ဖွယ်​သော အ​မှု​ရှိ​သ​မျှ​တို့​သည် အ​ဘယ်​မှာ ရှိ​ပါ​သ​နည်း။ ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​ကို​စွန့်၍ မိ​ဒျန်​လူ​တို့​လက်​သို့ အပ်​တော်​မူ​ပြီ​တ​ကား​ဟု ဆို​လေ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ဂိဒေါင်​က​လည်း “​အို အကျွန်ုပ်​၏​အရှင်သခင်​၊ ထာဝရဘုရား​သည် အကျွန်ုပ်​တို့​နှင့်အတူ ရှိ​တော်မူ​သည်​ဆိုလျှင် အဘယ်ကြောင့် ဤ​အမှု​ကို အကျွန်ုပ်​တို့ ကြုံ​ရ​သနည်း​။ ‘​ထာဝရဘုရား​သည် ငါ​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​သည်​’​ဟု ဘိုးဘေး​တို့​က အကျွန်ုပ်​တို့​အား ပြောပြ​ခဲ့​သော​အံ့ဖွယ်​အမှု​တို့​ကား အဘယ်မှာ​နည်း​။ ယခု​မူကား ထာဝရဘုရား​သည် အကျွန်ုပ်​တို့​ကို စွန့်ပစ်​၍ မိဒျန်​လူမျိုး​တို့​လက်​သို့ အပ်​တော်မူ​ပြီ​တကား​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 6:13
22 ပူးပေါင်းရင်းမြစ်များ  

သူ​၏​ပဋိ​သန္ဓေ​မှာ​က​လေး​အ​မြွှာ​တည်​၍​ထို က​လေး​တို့​သည်​မ​မွေး​ဖွား​မီ​က အ​မိ​၏​ဝမ်း ထဲ​မှာ​အ​ချင်း​ချင်း​အား​ပြိုင်​ကြ​၏။ ထို​အ​ခါ ရေ​ဗက္က​က``ကျွန်​မ​တွင်​အ​ဘယ်​ကြောင့်​ဤ​သို့ ဖြစ်​ရ​သ​နည်း'' ဟု​ဆို​၍​ထာ​ဝ​ရ​ဘု​ရား ထံ​လျှောက်​ထား​လေ​သည်။


အာ​ဇ​ရိ​သည်​အာ​သ​မင်း​ထံ​သို့​သွား​ပြီး​လျှင်``အို အာ​သ​မင်း​နှင့်​တ​ကွ​ယု​ဒ​နှင့်​ဗင်္ယာ​မိန်​အ​နွယ် ဝင်​တို့၊ ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​လော့။ သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဘက်​၌​ရှိ​နေ​သ​မျှ ကာ​လ​ပတ်​လုံး ကိုယ်​တော်​သည်​သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​မည်။ သင်​တို့​သည်​ကိုယ်​တော်​အား​ရှာ ကြ​လျှင် ကိုယ်​တော်​သည်​သင်​တို့​အား​အ​တွေ့ ခံ​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည် ကိုယ်​တော်​အား​ကျော​ခိုင်း​ကြ​ပါ​က​ကိုယ် တော်​သည်​လည်း​သင်​တို့​အား​စွန့်​ပယ်​တော် မူ​လိမ့်​မည်။-


ကျွန်​တော်​မျိုး​အား​မျက်​နှာ​တော်​ကို​လွှဲ​တော် မ​မူ​ပါ​နှင့်။ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဖြစ်​သူ​ကျွန်​တော် မျိုး​အား ကူ​မ​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ကယ်​တင်​ရှင် အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​အား​ပစ်​ထား​တော်​မ​မူ​ပါ​နှင့်။ စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။


အို ဘု​ရား​သ​ခင်၊ ရှေး​ကာ​လ​က​ဘိုး​ဘေး​တို့​လက်​ထက်​၌ ကိုယ်​တော်​ပြု​တော်​မူ​ခဲ့​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​သူ​တို့​ပြော​ပြ​သ​ဖြင့် ကျွန်​တော်​မျိုး​တို့​ကိုယ်​တိုင်​ကြား​ကြ​ရ​ပါ​ပြီ။


ကိုယ်​တော်​ရှင်​ကိုယ်​တိုင်​အ​ခြား​လူ​မျိုး​တို့​အား နှင်​ထုတ်​တော်​မူ​၍ ကိုယ်​တော်​၏​လူ​စု​တော်​အား​ထို​သူ​တို့​၏​ပြည်​တွင် နေ​ရာ​ချ​ထား​တော်​မူ​ကြောင်း၊ လူ​မျိုး​ခြား​တို့​အား​အ​ပြစ်​ဒဏ်​ပေး​တော်​မူ​၍ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား​ကြီး​ပွား တိုး​တက်​စေ​တော်​မူ​ကြောင်း​ကို​ပြော​ပြ​ပါ​၏။


သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ကိုယ်​တော်​သည် ကျွန်​တော်​မျိုး​တို့​အား​ပစ်​ပယ်​တော်​မူ​လျက် အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​၏​စစ်​တပ်​များ​နှင့်​အ​တူ ချီ​တက်​တော်​မ​မူ​တော့​ပါ။


အို ဘု​ရား​သ​ခင်၊ ယ​ခင်​က​ဖော်​ပြ​ခဲ့​သော​ကိုယ်​တော်​ရှင်​၏ မေတ္တာ​တော်​ကား​အ​ဘယ်​မှာ​နည်း။ ဒါ​ဝိဒ်​အား​ကိုယ်​တော်​ရှင်​ထား​တော်​မူ​သော က​တိ​တော်​များ​ကား​အ​ဘယ်​မှာ​နည်း။


ငါ​၏​လူ​မျိုး​တော်​သည်​ရေ​ကို​လို​၍ ရှာ​သော​အ​ခါ​၌​လည်း​ကောင်း၊ သူ​တို့​သည်​ရေ​ငတ်​သ​ဖြင့်​လည်​ချောင်း ခြောက်​သည့်​အ​ခါ​၌​လည်း​ကောင်း ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် တည်း​ဟူ​သော​ငါ​သည်​သူ​တို့​အား​အ​ဘယ် အ​ခါ​၌​မျှ စွန့်​ပစ်​လိမ့်​မည်​မဟုတ်။


ထို​အ​ခါ​သူ​တို့​သည်​အ​တိတ်​ကာ​လ၊ ထာ​ဝ​ရ ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​၏​ခေတ်​ကို​အောက်​မေ့ သ​တိ​ရ​ကြ​လျက်``မိ​မိ​လူ​မျိုး​တော်​၏​ခေါင်း ဆောင်​များ​ကို​ပင်​လယ်​မှ​ကယ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဘယ်​မှာ​နည်း။ မော​ရှေ အား​ထူး​ကဲ​သည့်​တန်​ခိုး​ကို ပေး​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကား​အ​ဘယ်​မှာ​နည်း။-


အို ထာ​ဝ​ရ​ဘု​ရား၊ သန့်​ရှင်း​မြင့်​မြတ်​၍​ဘုန်း အ​သ​ရေ​တော်​တောက်​ပ​ရာ​ကောင်း​ကင်​ဘုံ​တည်း ဟူ​သော ကိုယ်​တော်​ရှင်​ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ် မှ​နေ​၍​ကျွန်​တော်​မျိုး​တို့​အား​ငုံ့​၍​ကြည့်​တော် မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အ​တွက်​ကိုယ်​တော်​ရှင် စိုး​ရိမ်​ကြောင့်​ကြ​တော်​မူ​သည်​ကား​အ​ဘယ်​မှာ နည်း။ ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​သည်​အ​ဘယ် မှာ​နည်း။ ကိုယ်​တော်​ရှင်​၏​မေတ္တာ​နှင့်​သ​နား​ကြင် နာ​မှု​သည်​အ​ဘယ်​မှာ​နည်း။ ကျွန်​တော်​မျိုး တို့​အား​လျစ်​လူ​ရှု​တော်​မ​မူ​ပါ​နှင့်။-


ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ယေ​ရ​မိ၊ ငါ ၏​လူ​မျိုး​တော်​အ​နက်​မှ​တစ်​စုံ​တစ်​ယောက် သော​သူ​က​သော်​လည်း​ကောင်း၊ ပ​ရော​ဖက်​သို့ မ​ဟုတ် ယဇ်​ပု​ရော​ဟိတ်​က​သော်​လည်း​ကောင်း သင့်​အား`ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ကား အ​ဘယ်​နည်း' ဟု​မေး​သော​အ​ခါ`ထာ​ဝ​ရ ဘု​ရား​က​ငါ​သည်​သင့်​ကို​ဖယ်​ရှား​တော် မူ​လိမ့်​မည်' ဟု​ဖြေ​ကြား​လော့။-


အ​ထက်​ပါ​အ​ချက်​များ​ကို​ထောက်​၍​မည်​သို့ ဆို​ရ​အံ့​နည်း။ ဘု​ရား​သ​ခင်​သည်​ငါ​တို့​ဘက် ၌​ရှိ​တော်​မူ​လျှင်​အ​ဘယ်​သူ​မျှ​ငါ​တို့​အား ဆန့်​ကျင်​နိုင်​မည်​မ​ဟုတ်။-


ထို​အ​ခါ​အ​ပြည်​ပြည်​ရှိ​လူ​မျိုး​အ​ပေါင်း တို့​က `ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ပြည် ကို​အ​ဘယ်​ကြောင့်​ဖျက်​ဆီး​ပစ်​တော်​မူ သ​နည်း။ အ​ဘယ်​ကြောင့်​ဤ​မျှ​ကြောက်​မက် ဖွယ်​အ​မျက်​ထွက်​တော်​မူ​သ​နည်း' ဟု​မေး ကြ​လိမ့်​မည်။-


ထို​အ​ခါ​၌​ငါ​သည်​အ​မျက်​တော်​ထွက်​၍ သူ တို့​ကို​စွန့်​ပစ်​သ​ဖြင့်​သူ​တို့​သည်​ပျက်​စီး​ဆုံး​ရှုံး ကြ​လိမ့်​မည်။ သူ​တို့​သည်​ကြောက်​မက်​ဖွယ်​သော ဘေး​ဒဏ်​များ​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်။ ထို​အ​ခါ သူ​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော​ငါ​သည် သင်​တို့​နှင့်​အ​တူ​မ​ရှိ​တော့​သ​ဖြင့် ဤ​ကဲ့​သို့ သော​ဘေး​ဒဏ်​များ​နှင့်​တွေ့​ကြုံ​ရ​သည်​ဟု သိ​မြင်​လာ​ကြ​လိမ့်​မည်။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တစ်​ဖန်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​ကြ​ပြန်​၏။ သို့​ဖြစ်​၍​ကိုယ် တော်​သည်​သူ​တို့​ကို​ခု​နစ်​နှစ်​တိုင်​တိုင် အုပ်​စိုး​ခွင့် ကို​မိ​ဒျန်​အ​မျိုး​သား​တို့​အား​ပေး​တော်​မူ​၏။-


ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည်​သူ​၏​ရှေ့​၌​ပေါ်​လာ​၍​သူ့​အား``ခွန်​အား ကြီး​သော​အ​ချင်း​သူ​ရဲ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ပြီ'' ဟု​ဆို​လေ​သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ