ကိုယ်တော်သည်သူတို့ကိုမုန်းသောသူတို့၏လက်မှ ကယ်တော်မူ၏။ သူတို့၏ရန်သူများလက်မှကယ်ဆယ်တော်မူ၏။
ဟေရှာယ 51:10 - Common Language Bible မိမိကယ်တင်နေဆဲလူစုကူးဖြတ်နိုင်ရန် ပင်လယ်ကိုခန်းခြောက်စေ၍၊ လမ်းဖောက်ပေးတော်မူသောသူကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။ Garrad Bible မ ဟာ ရေ ထု ဖြစ် သော သ မု ဒ္ဒ ရာ ကို ခန်း ခြောက် စေ၍၊ ပယ် လယ် နက် ရှိုင်း ရာ ကို၊ ရွေး နုတ် ခံ ရ သူ တို့ ကူး သွား လမ်း ဖြစ် စေ သည် ကား၊ ကိုယ် တော် ပင် မ ဟုတ် ပါ လော။ Judson Bible ပင်လယ်ရေ၊ နက်နဲရာရေတို့ကို ခန်းခြောက်စေ၍၊ ပင်လယ်နက်နဲရာ အရပ်တို့ကို ရွေးနုတ်သောသူများ သွားစရာလမ်း ဖြစ်စေသောသူကား၊ ကိုယ်တော်ပင် မဟုတ်လော။ မြန်မာ့စံမီသမ္မာကျမ်း အလွန်နက်ရှိုင်းသောပင်လယ်ရေထုကိုခန်းခြောက်စေသောသူ၊ ရွေးနုတ်ခံရသောသူများဖြတ်ကူးနိုင်ရန် နက်ရှိုင်းသောပင်လယ်ကို လမ်းဖြစ်စေသောသူကား ကိုယ်တော်ပင်မဟုတ်လော။ |
ကိုယ်တော်သည်သူတို့ကိုမုန်းသောသူတို့၏လက်မှ ကယ်တော်မူ၏။ သူတို့၏ရန်သူများလက်မှကယ်ဆယ်တော်မူ၏။
ကိုယ်တော်သည်ပင်လယ်နီကိုအမိန့်ပေးတော် မူလျှင် ယင်းသည်ခန်းခြောက်၍သွား၏။ ထိုနောက်မိမိ၏လူစုတော်အားခန်းခြောက်သော ပင်လယ်ကိုဖြတ်စေရန်ပို့ဆောင်တော်မူ၏။
ကိုယ်တော်ရှင်သည်မဟာတန်ခိုးတော်ဖြင့် ပင်လယ်ကိုနှစ်ခြမ်းကွဲစေ၍ ရေသူရဲတို့၏ဦးခေါင်းများကိုခွဲတော်မူ ပါ၏။
ကိုယ်တော်ရှင်သည်ပင်လယ်ပြင်တွင် လျှောက်သွားတော်မူ၍နက်ရှိုင်းသော သမုဒ္ဒရာကို ဖြတ်ကျော်တော်မူပါ၏။ သို့ရာတွင်ကိုယ်တော်ရှင်၏ခြေတော်ရာများ ကိုမူ မတွေ့မမြင်နိုင်ပါ။
ဣသရေလအမျိုးသားတို့မူကား တစ်ဘက် တစ်ချက်ရှိရေတံတိုင်းနှစ်ခုအကြားခြောက် သွေ့သောမြေပေါ်မှာ လျှောက်၍ပင်လယ်ကို ဖြတ်ကူးခဲ့ရကြလေ၏။
ကတိတော်ရှိသည်အတိုင်းကိုယ်တော်သည် မိမိရွေးနုတ်သောလူမျိုးကိုပို့ဆောင်တော် မူ၏။ ကိုယ်တော်၏တန်ခိုးတော်ဖြင့်သူတို့အား ပြည်တော်သို့လမ်းပြတော်မူ၏။
ထာဝရဘုရားသည်လေပူကိုတိုက်စေ၍ စူးအက်ပင်လယ်ကွေ့နှင့်ဥဖရတ်မြစ်တို့ကို ခန်းခြောက်စေတော်မူပြီးလျှင် မည်သူမဆို လမ်းလျှောက်ကျော်ဖြတ်နိုင်သည့်ချောင်းငယ် ကလေးခုနစ်ခုသာလျှင် ကျန်ရှိစေတော် မူလိမ့်မည်။-
အီဂျစ်ပြည်မှဣသရေလအမျိုးသားတို့ ထွက်ခွာလာစဉ်အခါကကဲ့သို့ပင် အာရှုရိ ပြည်တွင်ကျန်ရှိနေသေးသူကိုယ်တော်၏လူ မျိုးတော်ထွက်ခွာရန်အတွက်လမ်းမကြီး တသွယ်ကိုဖြစ်ပေါ်စေတော်မူလိမ့်မည်။
သူတို့သည်ဝမ်းမြောက်ပျော်ရွှင်စွာသီချင်း ဆိုလျက် ယေရုရှလင်မြို့သို့ရောက်ရှိလာကြလိမ့်မည်။ သူတို့သည်ထာဝစဉ်ရွှင်လန်းဝမ်းမြောက်ကြ လိမ့်မည်။ ဝမ်းနည်းပူဆွေးခြင်းနှင့်ထာဝစဉ်ကင်းလွတ် ကြလိမ့်မည်။
ထိုအရပ်တွင်``သန့်ရှင်းမြင့်မြတ်ရာသို့ သွားသည့်လမ်း'' ဟု နာမည်တွင်သောလမ်းမကြီးတစ်သွယ် ပေါ်ပေါက်၍လာလိမ့်မည်။ အဘယ်အပြစ်ကူးသူမှန်သမျှထိုလမ်းကို လျှောက်သွားရလိမ့်မည်မဟုတ်။ အဘယ်လူမိုက်ကမျှထိုလမ်းတွင် လျှောက်နေသူတို့အား လမ်းမှားစေနိုင်လိမ့်မည်မဟုတ်။
ထိုအရပ်တွင်အဘယ်ခြင်္သေ့မျှရှိလိမ့်မည်မဟုတ်။ ထိုအရပ်သို့အဘယ်သားရဲတိရစ္ဆာန်မျှလည်း လာရကြလိမ့်မည်မဟုတ်။ ထာဝရဘုရားကယ်ဆယ်ထားတော်မူသော သူတို့သည် ထိုလမ်းအတိုင်းမိမိတို့နေရပ်သို့ ပြန်ရကြလိမ့်မည်မဟုတ်။
ငါသည်တောင်ကြီးတောင်ငယ်တို့ကိုဖြိုဖျက်၍ မြက်နှင့်သစ်ပင်များကိုခြောက်သွေ့စေမည်။ ငါသည်မြစ်ဝှမ်းတို့ကိုသဲကန္တာရများ အဖြစ်သို့ ပြောင်းလဲစေ၍ရေကန်များကိုခန်းခြောက်စေမည်။
``ငါသည်မိမိ၏လူမျိုးတော်အားကယ်ရန် လာစဉ်အခါက၊ အဘယ်ကြောင့်သူတို့သည်ငါ့အားတုံ့ပြန် ဖြေကြားမှုမပြုကြပါသနည်း။ ငါခေါ်သောအခါအဘယ်ကြောင့်မထူးကြ ပါသနည်း။ ငါသည်သူတို့ကိုကယ်နိုင်စွမ်းမရှိအောင်ပင် အားအင်ချည့်နဲ့၍နေပါသလော။ ပင်လယ်ကိုအမိန့်ပေး၍ငါခန်းခြောက်စေနိုင်၏။ မြစ်များကိုသဲကန္တာရအဖြစ်သို့ပြောင်းလဲစေနိုင်၏။ ထိုမြစ်တို့တွင်ရေမရှိသဖြင့်ငါးများ သေကြကုန်၏။
သင်တို့သည်``ထာဝရဘုရား၏သန့်ရှင်း မြင့်မြတ်သည့် လူမျိုးတော်၊'' ``ထာဝရဘုရားကယ်တင်တော်မူခဲ့သည့် လူမျိုးတော်'' ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရကြလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း``ဘုရားသခင် ချစ်မြတ်နိုးသည့်မြို့'' ``ဘုရားသခင်စွန့်ပစ်တော်မမူသည့်မြို့'' ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်။
သူတို့ကိုကယ်တင်သူမှာကောင်းကင်တမန် မဟုတ်။ ထာဝရဘုရားကိုယ်တိုင်ဖြစ်တော် မူ၏။ ကိုယ်တော်သည်မေတ္တာကရုဏာတော် ရှိသည့်အတိုင်းသူတို့အားကယ်တင်တော် မူ၏။ အတိတ်ကာလ၌ကိုယ်တော်သည်သူ တို့အားအစဉ်အမြဲကြည့်ရှုစောင့်ရှောက် တော်မူခဲ့သော်လည်း၊-
အကျွန်ုပ်တို့အားအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့စဉ်က ကိုယ်တော်ပြခဲ့သောအံ့သြဖွယ် နိမိတ်လက္ခဏာများကိုပြတော်မူပါ။-
သူတို့သည်ဘေးအန္တရာယ်ရှိသောပင်လယ်ကို ဖြတ်၍သွားရကြသောအခါငါသည် လှိုင်းတံပိုးများကိုဆုံးမမည်။ နိုင်းမြစ်မှရေနက်ရာအရပ်တို့သည်လည်း ခန်းခြောက်၍သွားလိမ့်မည်။ အာရှုရိပြည်၏မာန်မာနကိုငါချိုးနှိမ် မည်။ စွမ်းအင်ကြီးမားသည့်အီဂျစ်ပြည်သည်လည်း တန်ခိုးအာဏာမှေးမှိန်၍သွားလိမ့်မည်။