Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 11:15 - Common Language Bible

15 ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ပူ​ကို​တိုက်​စေ​၍ စူး​အက်​ပင်​လယ်​ကွေ့​နှင့်​ဥ​ဖ​ရတ်​မြစ်​တို့​ကို ခန်း​ခြောက်​စေ​တော်​မူ​ပြီး​လျှင် မည်​သူ​မ​ဆို လမ်း​လျှောက်​ကျော်​ဖြတ်​နိုင်​သည့်​ချောင်း​ငယ် က​လေး​ခု​နစ်​ခု​သာ​လျှင် ကျန်​ရှိ​စေ​တော် မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ထာ ဝ ရ ဘု ရား သည် အိ ဂျစ် ပင် လယ် ဖျား ကို ခန်း ခြောက် စေ၍၊ ပူ ပြင်း သော လေ ဟုန် ဖြင့် မြစ် ကြီး ပေါ် တွင် လက် တော် ကို ဆန့် ရမ်း ရိုက် ခတ် ရာ၊ ချောင်း ခု နစ် သွယ် ပေါက် သည် နှင့် လူ တို့ သည် ဖိ နပ် စီး လျက် လျှောက် သွား ခွင့် ရ ကြ သ ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ အဲ​ဂု​တ္တု​ပင်​လယ်၏​လျှာ​ကို ဖျောက်​ဖျက်​တော်​မူ​မည်။ ပြင်း​စွာ​သော​လေ​တော်​နှင့်​တ​ကွ လက်​တော်​ကို မြစ်​ပေါ်​မှာ​လှုပ်၍၊ ချောင်း​ခု​နစ်​သွယ်​ဖြစ်​စေ​ခြင်း​ငှာ ရိုက်​ခတ်​တော်​မူ​သ​ဖြင့်၊ လူ​တို့​သည် ခြေ​နင်း​စီး​လျက် ကျော်​သွား​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ထာဝရဘုရား​သည် အီဂျစ်​ပင်လယ်​ကွေ့​ကို အကုန်အစင်​ဖျက်ဆီး​တော်မူ​မည်​။ ယူဖရေးတီး​မြစ်​အပေါ်​ကို​လည်း ပြင်းထန်​သော​လေ​နှင့်အတူ လက်​တော်​ကို​ဝှေ့ယမ်း​တော်မူ​၍ ထို​မြစ်​ကို ချောင်း​ခုနစ်​သွယ်​ဖြစ်​အောင်​ရိုက်​တော်မူ​သဖြင့် လူ​တို့​သည် ဖိနပ်​စီး​လျက် ဖြတ်သွား​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 11:15
19 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ဘေး​အ​န္တရာယ်​ရှိ​သော​ပင်​လယ်​ကို ဖြတ်​၍​သွား​ရကြ​သော​အ​ခါ​ငါ​သည် လှိုင်း​တံ​ပိုး​များ​ကို​ဆုံး​မ​မည်။ နိုင်း​မြစ်​မှ​ရေ​နက်​ရာ​အ​ရပ်​တို့​သည်​လည်း ခန်း​ခြောက်​၍​သွား​လိမ့်​မည်။ အာ​ရှု​ရိ​ပြည်​၏​မာန်​မာ​န​ကို​ငါ​ချိုး​နှိမ် မည်။ စွမ်း​အင်​ကြီး​မား​သည့်​အီ​ဂျစ်​ပြည်​သည်​လည်း တန်​ခိုး​အာ​ဏာ​မှေး​မှိန်​၍​သွား​လိမ့်​မည်။


ထို​နောက်​ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​သည်​မိ​မိ​၏ ဖ​လား​မှ အ​မျက်​တော်​ကို​ဥ​ဖ​ရတ်​မြစ်​ကြီး​ပေါ် သို့​သွန်း​လောင်း​လိုက်​၏။ ထို​အ​ခါ​မြစ်​ရေ​သည် ခန်း​ခြောက်​သွား​သ​ဖြင့် အ​ရှေ့​ပြည်​မှ​လာ​သော ရှင်​ဘု​ရင်​တို့​အ​တွက်​လမ်း​ပွင့်​သွား​၏။-


``ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​ကယ်​ရန် လာ​စဉ်​အ​ခါ​က၊ အ​ဘယ်​ကြောင့်​သူ​တို့​သည်​ငါ့​အား​တုံ့​ပြန် ဖြေ​ကြား​မှု​မ​ပြု​ကြ​ပါ​သ​နည်း။ ငါ​ခေါ်​သော​အ​ခါ​အ​ဘယ်​ကြောင့်​မ​ထူး​ကြ ပါ​သ​နည်း။ ငါ​သည်​သူ​တို့​ကို​ကယ်​နိုင်​စွမ်း​မ​ရှိ​အောင်​ပင် အား​အင်​ချည့်​နဲ့​၍​နေ​ပါ​သ​လော။ ပင်​လယ်​ကို​အ​မိန့်​ပေး​၍​ငါ​ခန်း​ခြောက်​စေ​နိုင်​၏။ မြစ်​များ​ကို​သဲ​ကန္တာ​ရ​အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​နိုင်​၏။ ထို​မြစ်​တို့​တွင်​ရေ​မ​ရှိ​သ​ဖြင့်​ငါး​များ သေ​ကြ​ကုန်​၏။


အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​မိန်း​မ​ကဲ့​သို့ သ​ဝန်​ကြောင်​ကြ​မည့်​အ​ချိန်​ကာ​လ ကျ​ရောက် လာ​လိမ့်​မည်။ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ရန် လက်​တော်​ကို​ချိန်​ရွယ်​လျက်​ထား​တော်​မူ သည်​ကို​တွေ့​မြင်​ကြ​သော​အ​ခါ၊ သူ​တို့ သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်။-


ငါ​သည်​နိုင်း​မြစ်​ကို​ခန်း​ခြောက်​စေ​၍ အီ​ဂျစ် ပြည်​ကို​ဆိုး​ညစ်​သူ​တို့​၏​လက်​အောက်​သို့ ကျ​ရောက်​စေ​မည်။ လူ​မျိုး​ခြား​တို့​သည်​ထို ပြည်​တစ်​ပြည်​လုံး​ကို​ပျက်​ပြုန်း​စေ​ကြ လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။


ငါ​သည်​သင်​၏​ရန်​သူ၊ နိုင်း​မြစ်​၏​ရန်​သူ ဖြစ်​၏။ မြောက်​ဘက်​ရှိ​မိ​ဂ​ဒေါ​လ​မြို့​မှ​သည် တောင်​ဘက်​သု​ဏေ​မြို့​တိုင်​အောင်၊ ဆူ​ဒန်​နယ် စပ်​အ​ထိ​အီ​ဂျစ်​ပြည်​တစ်​ပြည်​လုံး​ကို လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ်​ဖြစ်​စေ​မည်။-


``ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ၊ ထာ​ဝ​ရ ဘု​ရား​သည်​ဥ​ဖ​ရတ်​မြစ်​တစ်​ဖက်​ကမ်း​မှ အာ​ရှု​ရိ​ဘု​ရင်​တည်း​ဟူ​သော​ဆံ​ပင်​ညှပ် သ​မား​ကို​ငှား​၍​သင်​တို့​၏​မုတ်​ဆိတ်​များ ကို​လည်း​ကောင်း၊ ဆံ​ပင်​နှင့်​ကိုယ်​မွေး​များ ကို​လည်း​ကောင်း​ရိတ်​စေ​တော်​မူ​လိမ့်​မည်။


မော​ရှေ​သည်​ပင်​လယ်​ပေါ်​သို့​လက်​ကို​ဆန့် လိုက်​ရာ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှေ့​ဘက် မှ​လေ​ပြင်း​ကို​တစ်​ည​လုံး​တိုက်​ခတ်​စေ သ​ဖြင့် ပင်​လယ်​ရေ​ကွဲ​၍​အောက်​ခြေ​၌ ခြောက်​သွေ့​သော​မြေ​ပေါ်​စေ​တော်​မူ​၏။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား တစ်​ဘက် တစ်​ချက်​ရှိ​ရေ​တံ​တိုင်း​နှစ်​ခု​အ​ကြား​ခြောက် သွေ့​သော​မြေ​ပေါ်​မှာ လျှောက်​၍​ပင်​လယ်​ကို ဖြတ်​ကူး​ခဲ့​ရ​ကြ​လေ​၏။


ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ရှု​ရိ​ဘု​ရင်​နှင့် သူ​၏​တပ်​သား​များ​အား​ခေါ်​ယူ​၍ ယု​ဒ​ပြည် ကို​တိုက်​ခိုက်​စေ​မည်။ သူ​တို့​သည်​ဥ​ဖ​ရတ် မြစ်​ရေ​လျှံ​သ​ကဲ့​သို့​ကျယ်​ပြန့်​စွာ​ချီ​တတ် လာ​ကြ​လိမ့်​မည်။-


ရှေး​အ​ခါ​က၊ထာ​ဝ​ရ​ဘု​ရား​သည်​ပင်​လယ် ဝဲ​သြ​ဃ​ကို ဖြတ်​၍​လမ်း​ဖောက်​တော်​မူ​ခဲ့​၏။


ငါ​သည်​အ​မိန့်​ပေး​၍​သ​မုဒ္ဒ​ရာ​ကို​ခန်း​ခြောက် စေ​၏။


ကိုယ်​တော်​ရှင်​ကယ်​ဆယ်​တော်​မူ​လိုက်​သည့် သူ​တို့​သည်​အား​ရ​ရွှင်​လန်း​စွာ​သီ​ဆို​ကြွေး ကြော်​လျက်၊ ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ​ကြ​ပါ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​စဉ်​ဝမ်း​မြောက်​ရွှင်​လန်း​ရ​ကြ​၍၊ ထာ​ဝ​စဉ်​ဝမ်း​နည်း​ကြေ​ကွဲ​မှု​နှင့်​ကင်း​လွတ်​ရ​ကြ ပါ​လိမ့်​မည်။


မော​ရှေ​အား​ဖြင့်​တန်​ခိုး​တော်​ကို​အ​သုံး​ပြု ကာ မိ​မိ​၏​လူ​မျိုး​တော်​ရှေ့​၌​ပင်​လယ်​ရေ​ကို နှစ်​ချမ်း​ကွဲ​စေ​တော်​မူ​ပြီး​လျှင် ထာ​ဝ​စဉ်​ကျော် ကြား​လာ​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကား အ​ဘယ်​မှာ​နည်း​ဟု'' မေး​ကြ​၏။


ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရေ​တံ​တိုင်း​နှစ်​ခု​အ​ကြား​ခြောက်​သွေ့​သော မြေ​ပေါ်​မှာ​လျှောက်​၍​ပင်​လယ်​ကို​ဖြတ်​၍ သွား​ကြ​လေ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ