အို ယေရုရှလင်မြို့၊ သင့်ကိုတိုက်ခိုက်ကြ သည့်လူမျိုးခြားအပေါင်းတို့သည် မြေမှုန့် ကဲ့သို့လည်းကောင်း၊ သူတို့၏ကြောက်မက် ဖွယ်ကောင်းသည့်စစ်တပ်များသည် ဖွဲကဲ့ သို့လည်းကောင်းချက်ခြင်းလွင့်စင်သွား ကြလိမ့်မည်။-
ဟေရှာယ 48:3 - Common Language Bible ဣသရေလအမျိုးသားတို့အားထာဝရ ဘုရားက၊ ``ရှေးအခါက၊ငါသည်ဖြစ်ပျက်မည့်အမှု အရာကို ကြိုတင်ဟောကြားခဲ့၏။ ထိုနောက်ထိုအရာကိုရုတ်တရက်ဖြစ်ပေါ် လာစေ၏။ Garrad Bible အ တိတ် အ ဖြစ် အ ပျက် များ ကို၊ ယ မန် က ပင် ငါ နှုတ် မြွက် ဖော် ပြ ကြား ပြော နှင့် သည့် အ လျောက်၊ ငါ ပြု လျှင် ပြု ချင်း ဖြစ် ပွား ခဲ့ ပြီ တ ကား။ Judson Bible ဖြစ်ဖူးသောအရာတို့ကို အထက်က သင်တို့အား ငါဟောလေပြီ။ ထိုအရာတို့သည် ငါ့နှုတ်မှထွက်၍ ထင်ရှားကြပြီ။ ချက်ချင်း ငါပြုသောကြောင့် ဖြစ်ကြပြီ။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “ယခင်ဖြစ်ပျက်ခဲ့သောအရာတို့ကို ရှေးမဆွကပင် ငါပြောကြားခဲ့ပြီ။ ငါ့နှုတ်မှထွက်ဆိုခဲ့ပြီ။ ငါကြားသိစေခဲ့ပြီ။ ငါချက်ချင်းလုပ်ဆောင်၍ ထိုအရာတို့ ဖြစ်လာခဲ့ပြီ။ |
အို ယေရုရှလင်မြို့၊ သင့်ကိုတိုက်ခိုက်ကြ သည့်လူမျိုးခြားအပေါင်းတို့သည် မြေမှုန့် ကဲ့သို့လည်းကောင်း၊ သူတို့၏ကြောက်မက် ဖွယ်ကောင်းသည့်စစ်တပ်များသည် ဖွဲကဲ့ သို့လည်းကောင်းချက်ခြင်းလွင့်စင်သွား ကြလိမ့်မည်။-
သင်တို့သည်အပြစ်ဒဏ်ခံထိုက်သူများသာ တည်း။ သင်တို့သည်တောက်လျှောက်ကွဲအက် လျက်နေသော အုတ်တံတိုင်းမြင့်ကြီးကဲ့သို့ ရုတ်တရက်လဲပြိုပျက်စီးကြလိမ့်မည်။-
သင်အမျက်ထွက်ပုံ၊ မာန်မာနကြီးပုံတို့ ကိုငါကြားသိရလေပြီ။ သို့ဖြစ်၍၊ ငါသည် သင့်ကိုနှာရှုတ်တပ်၍ဇက်ခွံ့ပြီးလျှင်လာ လမ်းအတိုင်းပြန်စေမည်။''
ထာဝရဘုရားသည်ဧကရာဇ်မင်းအား မိမိ၏ပြည်သို့ပြန်စေရန် သတင်းတစ်စုံတစ် ရာကိုကြားသိစေတော်မူလိမ့်မည်။ ထိုနောက် သူ့ကိုထိုပြည်၌ပင်အဆုံးစီရင်တော်မူ ပေအံ့'' ဟုပြန်ကြားလိုက်၏။
ဇိအုန်မြို့သတင်းကောင်းကိုဦးစွာပထမ ပြောကြားသူမှာငါထာဝရဘုရားပင်တည်း။ ငါသည်ယေရုရှလင်မြို့သို့တမန်တစ်ဦးကို စေလွှတ်၍ ``သင်တို့၏အမျိုးသားများသည်ပြန်လာ ကြလိမ့်မည်။ သူတို့သည်မိမိတို့ပြည်သို့ပြန်လာကြလိမ့် မည်'' ဟု ပြောကြားစေခဲ့၏။
ငါကြိုတင်ဟောကြားခဲ့သည့်အမှုအရာများ သည် ယခုဖြစ်ပျက်လာလေပြီ။ ယခုတစ်ဖန်ငါသည်သင့်အားဆန်းသစ်သည့် အမှုအရာများကို ယင်းတို့အစပြု၍မပေါ်ပေါက်မီပင်ဖော်ပြ ပါအံ့။''
လူမျိုးတကာတို့အားတရားစီရင်ရာသို့ ဆင့်ခေါ်ကြလော့။ သူတို့၏အဘယ်မည်သောဘုရားတို့သည် အနာဂတ်ဟောစတမ်းကိုထုတ်နိုင်ပါသနည်း။ အဘယ်မည်သောဘုရားတို့သည်ယခုဖြစ် ပျက်ဆဲ အမှုအရာများကိုကြိုတင်ဟောကြားခဲ့ပါ သနည်း။ ထိုဘုရားတို့သည်မိမိတို့မှန်ကန်၍နေ ကြောင်း အထောက်အထားပြနိုင်ရန်နှင့် မိမိတို့ပြောဆိုခဲ့သည့်အတိုင်းဟုတ်မှန်၍ နေပုံကို အကိုးအကားပြနိုင်ရန်၊ အသိသက်သေများကိုခေါ်ဆောင်ခဲ့ကြပါစေ။
လာရောက်၍သင်တို့၏အမှုကိုရုံးတော်သို့ တင်ကြလော့။ တရားခံတို့သည်အချင်းချင်းတစ်ဦးနှင့် တစ်ဦး တိုင်ပင်နှီးနှောရကြ၏။ ဖြစ်ပျက်မည့်အမှုအရာကိုအဘယ်သူသည် ကြိုတင်ဖော်ပြပါသနည်း။ ရှေးမဆွကပင်လျှင်ကြိုတင်ဟောကြားခဲ့ ပါသနည်း။ ငါထာဝရဘုရားသည်မိမိ၏လူမျိုးတော်ကို ကယ်တင်သည့်ဘုရား မဟုတ်ပါလော။ ငါမှတစ်ပါးအခြားအဘယ်ဘုရားမျှ မရှိ။
ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား ထားတော်မူသောကတိတော် ရှိသမျှအတိုင်းပြုတော်မူသတည်း။