ထာဝရဘုရားက``သင်သည်ဒမာသက်မြို့အနီး တောကန္တာရသို့ပြန်သွားပြီးနောက် ထိုမြို့သို့ဝင် ၍ဟာဇေလအားရှုရိဘုရင်အဖြစ်ဘိသိက် ပေးလော့။-
ဟေရှာယ 45:1 - Common Language Bible ကုရုဘုရင်သည်ထာဝရဘုရားရွေးချယ် ပေးတော်မူသောသူဖြစ်ပါသည်တကား။ ထာဝရဘုရားသည်လူမျိုးတကာတို့ကို နှိမ်နင်းအောင်မြင်ရန်သူ့အားခန့်ထားတော် မူ၏။ ကိုယ်တော်သည်ပြည်ရှင်မင်းတို့၏တန်ခိုး အာဏာကို ရုပ်သိမ်းရန်သူ့အားစေလွှတ်တော်မူပြီ။ ထာဝရဘုရားသည်သူ့အတွက်မြို့တံခါး များကို ဖွင့်ပေးတော်မူမည်။ ထာဝရဘုရားကကုရုဘုရင်အား Garrad Bible လူ မျိုး ခြား တို့ ကို မျက် မှောက် တွင် နှိမ့် နင်း ၍ ဘု ရင် တို့၏ ခါး စည်း ကြိုး ကို လျော့ ဟာ စေ ရန် လည်း ကောင်း၊ နန်း မြို့ တံ ခါး၊ မြို့ ကြီး တံ ခါး များ ကို ပိတ် နိုင် ခွင့် မ ရ ကြ အောင် ဖွင့် လှစ် ရန်လည်း ကောင်း ညာ လက် ကို ငါ ကိုင် ဆွဲ လျက်၊ ဘိ သိက် တော် ခံ ကု ရု မင်း အား၊ ငါ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား။ Judson Bible အကြင်သူ၏ရှေ့မှာ အပြည်ပြည်တို့ကို နှိမ့်ချ၍၊ ရှင်ဘုရင်တို့ကို တန်ဆာချွတ်လျက်၊ အတွင်းတံခါးတို့ကို မပိတ်ရဘဲ၊ နှစ်ရွက်ရှိသော တံခါးတို့ကို ဖွင့်ခြင်းငှာ၊ အကြင်သူ၏ လက်ယာလက်ကို ငါထောက်မ၏။ ထိုသူတည်းဟူသော ကုရုမင်း၊ ထာဝရဘုရားပေးတော်မူ၍ ဘိသိက်ခံသောမင်းအား မိန့်တော်မူသည်ကား၊ မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်တို့၏ခါးပန်းကိုဖြေချပြီး တိုင်းနိုင်ငံတို့ကို သူ့အဖို့နှိမ်နင်းပေးဖို့၊ မြို့တံခါးကို ပိတ်မထားဘဲ သူ့အဖို့အစဉ်ပွင့်နေစေဖို့ ငါကိုယ်တိုင် သူ၏ညာလက်ကိုဆွဲကိုင်ထားသောသူ ငါ၏ဘိသိက်ခံကုရုမင်းကြီးအား ငါထာဝရဘုရားက |
ထာဝရဘုရားက``သင်သည်ဒမာသက်မြို့အနီး တောကန္တာရသို့ပြန်သွားပြီးနောက် ထိုမြို့သို့ဝင် ၍ဟာဇေလအားရှုရိဘုရင်အဖြစ်ဘိသိက် ပေးလော့။-
ပေရသိဘုရင်ကုရုသည်ဧကရာဇ် မင်းအဖြစ်နန်းစံပထမနှစ်၌ထာဝရဘုရားသည် သူ၏စိတ်ကိုနှိုးဆော်တော်မူသဖြင့် အင်ပါယာနိုင်ငံတစ်လျှောက်လုံးတွင်ကြေညာရန်အမိန့်စာထုတ်ပြန်တော်မူ၏။ ဤသို့ပြုတော်မူသည်မှာပရောဖက်ယေရမိအားဖြင့် ထာဝရဘုရားပေးတော်မူသည့်ဗျာဒိတ်တော်နှင့်အညီ ဖြစ်ပျက်လာစေရန်ပင်ဖြစ်ပေသည်။
ထိုအမိန့်တော်တွင် ဤကားပေရသိပြည်ကုရုမင်း၏အမိန့်တော်ဖြစ်သည်။ ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရဘုရားသည် ငါ့အားကမ္ဘာတစ်ဝှမ်းလုံးကိုအစိုးရစေတော်မူ၍ ယုဒပြည်ယေရုရှလင်မြို့၌ဗိမာန်တော်ကိုတည်ဆောက်ရန် တာဝန်ကိုငါ့အားပေးအပ်တော်မူလေပြီ။-
သို့သော်လည်းကျွန်တော်မျိုးသည်ကိုယ်တော် ရှင်၏ ထံတော်ပါးတွင်အစဉ်အမြဲနေပါ၏။ ကိုယ်တော်ရှင်သည်လည်းကျွန်တော်မျိုး၏ လက်ကိုဆွဲကိုင်ထားတော်မူပါ၏။
တောင်ကတုံးပေါ်တွင်စစ်အလံကိုလွှင့် ထူကြလော့။ မာန်မာနထောင်လွှားသည့်မြို့ တော်တံခါးတို့ကိုတိုက်ခိုက်ရန်ဟစ်အော် ကာ သင်တို့လက်ကိုမြှောက်၍ စစ်သည်တို့ အားအချက်ပေးကြလော့။-
ထာဝရဘုရားသည် မိမိအမျက်တော်ရှ သောသူတို့ကိုဒဏ်ခတ်ရန်အတွက် မိမိ၏ ယုံကြည်စိတ်ချဂုဏ်ယူဝါကြွားထိုက်သော စစ်သည်တော်တို့ကိုခေါ်ယူတော်မူပြီ။
ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၍ သင်တို့ကိုခွန်အားနှင့်ပြည့်ဝစေပါ၏။ `မကြောက်ကြနှင့်၊ငါကူမတော်မူမည်' ဟု သင်တို့အားပြောဆို၏'' ဟုမိန့်တော်မူ၏။
အရှေ့ပြည်မှစစ်နိုင်ဘုရင်ကိုအဘယ်သူ ခေါ်ဆောင်တော်မူခဲ့ပါသနည်း။ ရောက်ရှိလေရာအရပ်တို့တွင် သူ့အားအဘယ်သူသည်အောင်မြင်ခွင့်ကို ပေးတော်မူပါသနည်း။ အဘယ်သူသည်သူ့အားဘုရင်တကာတို့ အပေါ်၌လည်းကောင်း လူမျိုးတကာတို့အပေါ်၌လည်းကောင်း အောင်ပွဲကိုခံစေတော်မူပါသနည်း။ သူ၏ဋ္ဌားသည်ရန်သူတို့အားမြေမှုန့်သဖွယ် ခုတ်ချတတ်ပါသည်တကား။ သူ၏လေးမြားတို့သည်လည်းထိုသူတို့ကို လေတိုက်ရာတွင်လွင့်ပါသွားသည့်ဖွဲကဲ့သို့ ကွဲလွင့်စေတတ်ပါသည်တကား။
``ငါသည်အရှေ့ပြည်သားတစ်ဦးကို ရွေးချယ်ထားလေပြီ။ သူ့အားခေါ်ဆောင်ကာအရှေ့အရပ်မှနေ၍ တိုက်ခိုက်စေမည်။ အိုးထိန်းသည်ရွှံ့စေးကိုခြေဖြင့်နင်းချေ သကဲ့သို့ သူသည်ပြည်ရှင်မင်းတို့အား နင်းချေပစ်လိမ့်မည်။
``ငါထာဝရဘုရားသည်သင့်ကိုခေါ်ယူ၍ ကမ္ဘာမြေကြီးပေါ်တွင်တရားမျှတမှုကို ကျင့်သုံးစေရန် တန်ခိုးကိုပေးတော်မူပြီ။ သင့်အားဖြင့်ငါသည်လူများနှင့်ပဋိညာဉ် ပြုလျက် နိုင်ငံများအပေါ်သို့အလင်းကိုဆောင်စေ မည်။
ကုရုဘုရင်အားလည်း`သင်သည်ငါ၏ကိုယ် စား အုပ်စိုးရမည့်သူဖြစ်၏။ သင်သည်ငါအလိုရှိသည့်အမှုတို့ကိုပြုရမည်။ ယေရုရှလင်မြို့ကိုပြန်လည်တည်ထောင်ရန်နှင့် ဗိမာန်တော်အုတ်မြစ်များကိုချရန် အမိန့်ပေးရမည်ဟုငါဆို၏' '' ဟူ၍ မိန့်တော်မူ၏။
``ငါသည်ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါး အခြားအဘယ်ဘုရားမျှမရှိ။ သင်သည်ငါ့ကိုမသိသော်လည်းငါသည် သင်လိုအပ်သောခွန်အားစွမ်းရည်ကိုပေးမည်။
သူ့အားအမိန့်ပေး၍ခေါ်ယူသူမှာငါပင် ဖြစ်ပေသည်။ ငါသည်သူ့အားလမ်းပြပို့ဆောင်၍ အောင်မြင်မှုကိုပေးခဲ့၏။
လူမျိုးတကာတို့အားငါ၏အစေခံနေ ဗုခဒ်နေဇာ၏လက်အောက်သို့ကျရောက်စေ သူမှာငါပင်ဖြစ်၏။ ငါသည်တောတိရစ္ဆာန် များကိုပင်လျှင်သူ၏အစေကိုခံစေလေ ပြီ။-
ထိုနောက်သူတို့အား`ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်အနန္တတန်ခိုးရှင် ငါထာဝရ ဘုရားသည်မိမိ၏အစေခံဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာကိုဤအရပ်သို့ခေါ်ဆောင် လာမည်။ ငါမြှုပ်ထားသည့်ဤကျောက်တုံး များအပေါ်တွင်သူ၏ရာဇပလ္လင်ကိုတည် ၍သူ၏တဲတော်ကိုငါဖြန့်မည်။-
``မြောက်အရပ်မှလူမျိုးတစ်ရပ်သည်ဗာဗုလုန် မြို့ကိုတိုက်ခိုက်ရန်ချီတက်လာပြီးလျှင် ထိုမြို့ ကိုသဲကန္တာရဖြစ်စေကြလိမ့်မည်။ လူနှင့်တိရစ္ဆာန် များထွက်ပြေးကြမည်ဖြစ်၍ထိုအရပ်သည် လူသူဆိတ်ငြိမ်ရာဖြစ်လိမ့်မည်'' ဟုမိန့်တော် မူ၏။
ထာဝရဘုရားက``ဗာဗုလုန်ပြည်သည် ပျက်ပြုန်း ရလိမ့်မည်။ ပြည်သူပြည်သားများ၊အုပ်စိုးသူများနှင့် ပညာရှိများသည်သေဆုံးရကြလိမ့်မည်။
ထာဝရဘုရားသည်ဗာဗုလုန်မြို့ကိုသုတ် သင်ဖျက်ဆီးပစ်ရန်အကြံရှိတော်မူသဖြင့် မေဒိဘုရင်တို့ကိုလှုံ့ဆော်ပေးတော်မူလေ ပြီ။ ထိုနည်းအားဖြင့်ထာဝရဘုရားသည် ကိုယ်တော်၏ဗိမာန်တော်ဖျက်ဆီးခံခဲ့ ရခြင်းအတွက်လက်စားချေတော်မူမည်။ တိုက်ခိုက်နေသူတပ်မတော်အရာရှိများ က``သင်တို့၏မြားများကိုချွန်ကြလော့။ ဒိုင်းလွှားများကိုကိုင်ဆောင်ကြလော့။-
ဗာဗုလုန်စစ်သည်တပ်သားတို့သည်စစ်မတိုက် ကြတော့ဘဲမိမိတို့ခံတပ်များအတွင်း၌သာ လျှင်နေလျက်ရှိကြ၏။ သူတို့သည်စိတ်ပျက် အားလျော့ကာအမျိုးသမီးများသဖွယ်ဖြစ် ကြလေကုန်ပြီ။ မြို့တံခါးတို့သည်ကျိုးပေါက် ကုန်လျက်အိမ်များသည်လည်းမီးလောင်၍နေ၏။-
တန်ခိုးကြီးသည့်ဗာဗုလုန်မြို့၏မြို့ရိုးများသည် ပြိုကျရလိမ့်မည်။ မြင့်မားသောမြို့တံခါးတို့သည်လည်း မီးလောင်ကျွမ်း၍သွားလိမ့်မည်။ လူမျိုးတကာတို့လုပ်ဆောင်ထားသောအရာ များသည် အချည်းနှီးဖြစ်လျက် သူတို့ကြိုးပမ်းအားထုတ်ခဲ့မှုများသည်လည်း မီးတောက်တွင်ပျောက်လွင့်သွားကြ၏။ ဤကားအနန္တတန်ခိုးရှင်ထာဝရဘုရား မြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
သူသည်မိမိ၏တပ်မတော်ဖြင့်ငါ၏အမှု တော်ကိုထမ်းဆောင်ခဲ့သည်ဖြစ်၍ ငါသည် သူ့အားအီဂျစ်ပြည်ကိုပေးမည်။ ဤကား ငါအရှင်ထာဝရဘုရားမိန့်တော်မူ သောစကားဖြစ်၏။
မျက်နှာညှိုးငယ်၍သွားတော်မူ၏။ သူသည် အလွန်ကြောက်လန့်ကာမျက်နှာဖြူဖတ်ဖြူ ရော်ဖြစ်လျက်ဒူးများပင်ခိုက်ခိုက်တုန်၍ လာ၏။-
ငါသည်ဒုတိယသားရဲကိုမြင်ရ၏။ ထိုသားရဲသည်နောက်ခြေနှစ်ချောင်းဖြင့်ရပ်လျက်နေသောဝက်ဝံနှင့်တူ၏။ သူ၏ပါးစပ်တွင်နံရိုးသုံးချောင်းကိုကိုက်၍ထား၏။ အသံတစ်ခုကသူ့အား``အသားကိုဝအောင်စားလော့'' ဟုဆို၏။
မျှော်ကြည့်လိုက်ရာမြစ်အနီးတွင်ရပ်နေ သောသိုးထီးတစ်ကောင်ကိုမြင်ရ၏။ ထိုသိုး မှာဦးချိုရှည်ကြီးနှစ်ချောင်းရှိ၍တစ်ချောင်း မှာအခြားတစ်ချောင်းထက်ပိုရှည်၍နောက် မှပေါက်သောချိုဖြစ်သည်။-
ထိုသိုးသည်ဦးချိုဖြင့်အနောက်၊ တောင်၊ မြောက် အရပ်သုံးမျက်နှာသို့ခတ်ဝှေ့၍နေသည် ကိုငါကြည့်လျက်နေမိ၏။ သူ့အားအဘယ် တိရစ္ဆာန်မျှမဆီးတားနိုင်။ သူ၏လက်တွင်း မှလွတ်မြောက်အောင်လည်းမတတ်နိုင်။ သူ သည်မိမိအလိုရှိသည်အတိုင်းပြုကာ မာန်မာနထောင်လွှားလာလေသည်။
မြစ်အနီးရှိမြို့တံခါးများသည်ရုတ်တရက် ပွင့်ထွက်လာလေပြီ။ နန်းတော်တွင်လည်းကြောက်စိတ်လွှမ်းလျက် နေတော့၏။
သင်၏စစ်သည်တပ်သားတို့သည်အမျိုးသမီး များသဖွယ်ဖြစ်၍ သင်၏ပြည်ရှိတံခါးများ သည်လည်းရန်သူများရှေ့တွင်ခုခံကာကွယ် နိုင်စွမ်းကင်းမဲ့လျက်ပွင့်နေ၏။ သင်၏မြို့ တံခါးကန့်လန့်ကျင်တို့သည်မီးလောင် ကျွမ်း၍သွားလိမ့်မည်။-