ဒံယေလ 8:3 - Common Language Bible3 မျှော်ကြည့်လိုက်ရာမြစ်အနီးတွင်ရပ်နေ သောသိုးထီးတစ်ကောင်ကိုမြင်ရ၏။ ထိုသိုး မှာဦးချိုရှည်ကြီးနှစ်ချောင်းရှိ၍တစ်ချောင်း မှာအခြားတစ်ချောင်းထက်ပိုရှည်၍နောက် မှပေါက်သောချိုဖြစ်သည်။- အခန်းကိုကြည့်ပါ။Garrad Bible3 ငါ မြော် ကြည့် သော် ဦး ချို နှစ် ချောင်း ရှိ သော သိုး ထီး တစ် ကောင် သည် မြစ် ကမ်း ပေါ် တွင် ရပ် နေ၏။ ထို ဦး ချို နှစ် ချောင်း လုံး ပင် ရှည် လျား သော် လည်း တစ် ချောင်း သာ၍ ရှည်၏။ ဦး ချို ရှည် သည် နောက် မှ ပေါ် ထွက် သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible3 ငါမျှော်ကြည့်သော်၊ ရှည်လျားသော ချိုနှစ်ချောင်းရှိသော သိုးတစ်ကောင်သည် မြစ်တစ်ဖက်၌ ရပ်နေ၏။ ထိုချိုနှစ်ချောင်းသည် မညီ၊ တစ်ချောင်းသာ၍ ရှည်၏။ သာ၍ ရှည်သောချိုသည် နောက်ပေါက်သတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ငါမျှော်ကြည့်လိုက်သောအခါ မြစ်ဘေးတွင် သိုးထီးတစ်ကောင်ရပ်နေသည်ကို မြင်ရ၏။ ထိုသိုးထီးတွင် ချိုရှည်နှစ်ချောင်း ရှိ၏။ ချိုရှည်နှစ်ချောင်းတွင် တစ်ချောင်းသည် အခြားတစ်ချောင်းထက် ပိုရှည်၏။ ပိုရှည်သောချိုသည် နောက်မှပေါက်သောချိုဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်ဗာဗုလုန်မြို့ကိုသုတ် သင်ဖျက်ဆီးပစ်ရန်အကြံရှိတော်မူသဖြင့် မေဒိဘုရင်တို့ကိုလှုံ့ဆော်ပေးတော်မူလေ ပြီ။ ထိုနည်းအားဖြင့်ထာဝရဘုရားသည် ကိုယ်တော်၏ဗိမာန်တော်ဖျက်ဆီးခံခဲ့ ရခြင်းအတွက်လက်စားချေတော်မူမည်။ တိုက်ခိုက်နေသူတပ်မတော်အရာရှိများ က``သင်တို့၏မြားများကိုချွန်ကြလော့။ ဒိုင်းလွှားများကိုကိုင်ဆောင်ကြလော့။-
ရက်စက်ကြမ်းကြုတ်မှုများ၊ သစ္စာဖောက်မှု နှင့်သုတ်သင်ဖျက်ဆီးမှုတို့ကိုဗျာဒိတ် ရူပါရုံတွင်ငါမြင်ရပြီ။ အို ဧလံတပ်မတော်သားတို့၊ တိုက်ခိုက်ကြ လော့။ အို မေဒိတပ်မတော်သားတို့၊ မြို့များ ကိုဝိုင်းရံထားကြလော့။ ဘုရားသခင်သည် ဗာဗုလုန်မြို့သားတို့ပေးသည့်ဆင်းရဲဒုက္ခ ကိုချုပ်ငြိမ်းစေတော်မူလိမ့်မည်။
ကောင်းကင်တမန်သည်ယေရုရှလင်မြို့ကို ဖျက်ဆီးပစ်ရန် ဋ္ဌားကိုကိုင်ကာလေထဲတွင် ရပ်နေသည်ကိုဒါဝိဒ်မြင်လေ၏။ ထိုအခါ သူသည်ဣသရေလပြည်သားခေါင်းဆောင် များနှင့်အတူ မြေသို့တိုင်အောင်ဦးညွှတ် ပျပ်ဝပ်လိုက်၏။ သူတို့အားလုံးပင်လျှင် လျှော်တေအဝတ်ကိုဝတ်ဆင်ထားသတည်း။-
ထိုနောက်သိုးသူငယ်သည်သက်ရှိသတ္တဝါလေး ပါးတို့နှင့်အကြီးအကဲများခြံရံလျက်ရှိ သည့်ပလ္လင်တော်အလယ်၌ရပ်လျက်နေသည် ကိုငါမြင်၏။ သူသည်ယဇ်ပူဇော်ရန်အသတ် ခံရပြီးသည့်သိုးနှင့်တူ၏။ သူ့မှာဦးချိုခုနစ် ချောင်းနှင့်မျက်စိခုနစ်လုံးရှိ၏။ ယင်းတို့သည် ကမ္ဘာမြေတစ်ပြင်လုံးသို့ဘုရားသခင်စေ လွှတ်တော်မူသောဝိညာဉ်ခုနစ်ပါးဖြစ်၏။-