အို ထာဝရဘုရား၊ သူတို့သည်ကိုယ်တော်ရှင်၏လူစုတော်ကို နှိပ်ကွပ်ကြပါ၏။ ကိုယ်တော်ပိုင်တော်မူသောလူတို့အား ဖိစီးနှိပ်စက်ကြပါ၏။
ဟေရှာယ 3:15 - Common Language Bible သူတို့တွင်ငါ၏လူမျိုးတော်အားဤသို့ နှိပ်စက်ပိုင်ခွင့်၊ ဆင်းရဲသူတို့အပေါ်၌အခွင့် ကောင်းယူပိုင်ခွင့်လည်းမရှိ။ ဤကားအနန္တ တန်ခိုးရှင်ငါထာဝရဘုရားမြွက်ဆို တော်မူသောစကားဖြစ်၏'' ဟုမိန့်တော် မူ၏။ Garrad Bible လူ မျိုး တော် ကို နှိပ် စက် ခြင်း၊ ဆင်း ရဲ သား တို့ မျက် နှာ ကို ထောင်း ထု ခြင်း ကား အ သို့ နည်း ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် မိန့် တော် မူ၏။ Judson Bible ငါ၏လူတို့ကို အဘယ်ကြောင့် နှိပ်စက်ကြသနည်း။ ဆင်းရဲသားတို့၏မျက်နှာကို အဘယ်ကြောင့် ကြိတ်ကြသနည်းဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရား မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် မည်သည့်အကြောင်းကြောင့် ငါ၏လူမျိုးတော်ကို ချိုးဖဲ့ခြေမွှ၍ ဆင်းရဲသားတို့၏မျက်နှာကို ကြိတ်ကြရသနည်း”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။ |
အို ထာဝရဘုရား၊ သူတို့သည်ကိုယ်တော်ရှင်၏လူစုတော်ကို နှိပ်ကွပ်ကြပါ၏။ ကိုယ်တော်ပိုင်တော်မူသောလူတို့အား ဖိစီးနှိပ်စက်ကြပါ၏။
အီဂျစ်အမျိုးသားအုပ်ချုပ်သူတို့က ဣသ ရေလအမျိုးသားအလုပ်ကြပ်တို့ကိုရိုက် နှက်လျက်``ယနေ့သင်တို့သည်အဘယ်ကြောင့် ယခင်အုတ်အရေအတွက်နှုန်းကိုမီအောင် မထုတ်နိုင်သနည်း'' ဟုမေးကြ၏။
ဆင်းရဲသောသူတို့ကို မြေကြီးပေါ်က၎င်း၊ ငတ်မွတ်သောသူတို့ကို လူစုထဲက၎င်း၊ ကိုက်စားပယ်ရှင်း စရာဘို့ သန်လျက်နှင့်တူသောသွား၊ ထားနှင့်တူသော အံနှင့် ပြည့်စုံသော လူတမျိုးရှိ၏။
ဤနည်းအားဖြင့်သင်တို့သည်ဆင်းရဲသူတို့ အား မိမိတို့ရပိုင်ခွင့်များကိုမရရှိကြ စေရန်၊ တရားသဖြင့်သင်တို့သည်စီရင် ဆုံးဖြတ်မှုများကိုမခံရကြစေရန်ပြု ကြ၏။ မုဆိုးမများနှင့်မိဘမဲ့သူတို့၏ ဥစ္စာပစ္စည်းများကိုလည်းသိမ်းယူကြ၏။-
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် ထဲမှ ဆင်းရဲနွမ်းပါးသူတို့ကို သိုးထိန်းသဖွယ် စောင့်ရှောက်တော်မူ၍ဘေးမဲ့လုံခြုံစွာနေစေ တော်မူလိမ့်မည်။ သို့ရာတွင်သင်တို့မူကား ကြောက်မက်ဖွယ်ရာငတ်မွတ်ခေါင်းပါးခြင်း ဘေးဆိုက်ရောက်စေတော်မူမည်ဖြစ်၍ သင်တို့ တစ်စုံတစ်ယောက်မျှအသက်မသေဘဲကျန် ရှိရလိမ့်မည်မဟုတ်။
ဖိနှိပ်ချုပ်ချယ်မှုခံခဲ့ရကြသူ တို့သည်လည်း ယခုအခါ၊ထိုမြို့ကိုခြေနှင့်နင်း၍ ကျော်လွှားသွားလာလျက်ရှိကြ၏။
ဆင်းရဲသူများနှင့်နှိမ့်ချသောသူတို့သည် ဣသရေလအမျိုးသားတို့၏မြင့်မြတ် သောဘုရားသခင်ထာဝရဘုရားပေး တော်မူသော ရွှင်လန်းဝမ်းမြောက်မှုကိုတစ် ဖန်ပြန်၍ရရှိကြလိမ့်မည်။-
သို့ရာတွင်ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်သောဘုရားသခင်က``သင် တို့သည်ငါ့စကားကိုအရေးမစိုက်ဘဲ အကြမ်းဖက်မှုနှင့်လိမ်လည်မှုကိုသာ အားကိုးကြ၏။-
လူမိုက်သည်မိုက်မဲသည့်စကားကိုပြောဆို၍ ဆိုးညစ်သောအမှုများကိုပြုရန်ကြံစည် တတ်၏။ သူပြုသောအမှုနှင့်သူပြောသော စကားတို့သည်ဘုရားသခင်အားစော်ကား ရာရောက်၏။ သူသည်ဆာငတ်မွတ်သိပ်သူတို့ကို အဘယ်အခါ၌မျှမကျွေးမွေး။ ရေငတ်သူ တို့ကိုလည်းအဘယ်အခါ၌မျှရေမတိုက်။-
ဣသရေလပြည်သည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏ဥယျာဉ်ဖြစ်၏။ ယုဒပြည်သူတို့မှာကိုယ်တော်စိုက်ပျိုးသည့် စပျစ်ပင်များဖြစ်ကြ၏။ သူတို့သည်သုစရိုက်ကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။ သို့ရာတွင်သူတို့ကလူသတ်မှုကို ကူးလွန်ကြလေသည်။ သူတို့သည်ဖြောင့်မှန်ရာကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။ သို့ရာတွင်သူတို့၏အနှိပ်အစက်ခံရကြ သူတို့သည် တရားမျှတမှုရရှိရန်အော်ဟစ်လျက် နေကြလေသည်။
သင်တို့အစာရှောင်ခြင်းသည်သင်တို့အား အစဉ်အမြဲအချင်းများစေလျက်ခိုက်ရန် ဒေါသဖြစ်ကာအကြမ်းဖက်စေကြ၏။ ဤ နည်းအားဖြင့်သင်တို့တောင်းလျှောက်ကြသည့် ဆုတောင်းပတ္ထနာများသည် ငါ့ကိုနားညောင်း စေနိုင်လိမ့်မည်ဟုသင်တို့ထင်မှတ်ကြပါ သလော။-
ထာဝရဘုရားက``သူတို့သည်ငါ၏လူမျိုး တော်ဖြစ်၍ငါ့အားလိမ်လည်လှည့်စားကြလိမ့် မည်မဟုတ်'' ဟုမိန့်တော်မူ၏။ ထိုနောက်ကိုယ် တော်သည်သူတို့ခံစားရသည့်ဒုက္ခဆင်းရဲ အပေါင်းမှကယ်တင်တော်မူ၏။-
ကိုယ်တော်က ``မိဘတို့စပျစ်ချဉ်သီးကိုသုံးဆောင်ခြင်း ကြောင့်၊ သားသမီးများသွားကျိန်းရကြ၏'' ဟူသောစကားပုံကိုဣသရေလအမျိုး သားတို့ ထပ်ကာထပ်ကာပြောဆိုနေကြရာ ၌အဘယ်သို့ဆိုလိုသနည်း။''
ထိုအခါသင်္ဘောသူကြီးသည် သူ့ထံလာပြီးသူ့အား``သင်သည်အဘယ်ကြောင့်အိပ်နေပါသနည်း။ ထလော့၊ သင်၏ဘုရားထံတွင် ငါတို့ကိုကယ်တင်ရန်ဆုတောင်းလော့။ ထိုအရှင်သည်ငါတို့အားသနား၍ငါတို့ကိုကယ်တင်ကောင်းကယ်တင်တော်မူပါလိမ့်မည်'' ဟုဆို၏။