ဟေရှာယ 3:14 - Common Language Bible14 ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အထဲမှ အသက်ကြီးသူများနှင့်ဦးစီး ခေါင်းဆောင်များအားတရားစီရင်တော်မူ ပေအံ့။ သူတို့အားကိုယ်တော်က``သင်တို့သည် စပျစ်ဥယျာဉ်များကိုလုယက်ကြလေပြီ။ သင်တို့၏အိမ်များသည်လည်းဆင်းရဲသူ တို့ထံမှသိမ်းယူထားသည့်ဥစ္စာပစ္စည်းများ နှင့်ပြည့်လျက်နေ၏။- အခန်းကိုကြည့်ပါ။Garrad Bible14 ထာ ဝ ရ ဘု ရား သည်၊ လူ မျိုး တော်၏ မင်း များ မှ စ သော လူ ကြီး တို့ နှင့် တ ရား ဆိုင် တော် မူ သည် မှာ စ ပျစ် ဥ ယျာဉ် ပါ မျို စား သူ ကား သင် တို့ တည်း။ ဆင်း ရဲ သား တို့ ထံ မှ လု ယက် သ မျှ သည် သင် တို့ အိမ် များ၌ ရှိ ၏။ အခန်းကိုကြည့်ပါ။Judson Bible14 ထာဝရဘုရားသည် မိမိလူတို့တွင်၊ အသက်ကြီးသူတို့ကိုလည်းကောင်း၊ မင်းတို့ကိုလည်းကောင်း တရားစီရင်ရာ၌ ဆီးကြိုတော်မူမည်။ သင်တို့သည် ငါ့ဥယျာဉ်တော်ကို စားကြပြီ။ ဆင်းရဲသောသူတို့၏ဥစ္စာကိုလုယူ၍၊ မိမိတို့အိမ်၌ သိုထားကြပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ထာဝရဘုရားသည် မိမိလူမျိုးတော်၏သက်ကြီးဝါကြီးများ၊ အကြီးအကဲများကို တရားစီရင်ရန် ကြွလာတော်မူမည်။ “သင်တို့သည် စပျစ်ခြံကို ဝါးမျိုဖျက်ဆီးကြပြီ။ ဆင်းရဲသားတို့၏ပစ္စည်းကို လုယူ၍ သင်တို့အိမ်၌ သိမ်းထားကြပြီ။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် ထဲမှ ဆင်းရဲနွမ်းပါးသူတို့ကို သိုးထိန်းသဖွယ် စောင့်ရှောက်တော်မူ၍ဘေးမဲ့လုံခြုံစွာနေစေ တော်မူလိမ့်မည်။ သို့ရာတွင်သင်တို့မူကား ကြောက်မက်ဖွယ်ရာငတ်မွတ်ခေါင်းပါးခြင်း ဘေးဆိုက်ရောက်စေတော်မူမည်ဖြစ်၍ သင်တို့ တစ်စုံတစ်ယောက်မျှအသက်မသေဘဲကျန် ရှိရလိမ့်မည်မဟုတ်။
ဣသရေလပြည်သည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏ဥယျာဉ်ဖြစ်၏။ ယုဒပြည်သူတို့မှာကိုယ်တော်စိုက်ပျိုးသည့် စပျစ်ပင်များဖြစ်ကြ၏။ သူတို့သည်သုစရိုက်ကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။ သို့ရာတွင်သူတို့ကလူသတ်မှုကို ကူးလွန်ကြလေသည်။ သူတို့သည်ဖြောင့်မှန်ရာကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။ သို့ရာတွင်သူတို့၏အနှိပ်အစက်ခံရကြ သူတို့သည် တရားမျှတမှုရရှိရန်အော်ဟစ်လျက် နေကြလေသည်။
``အခြားပုံဥပမာတစ်ခုကိုနားထောင်ကြဦး လော့။ စပျစ်ဥယျာဉ်တစ်ခုကိုစိုက်ပျိုးသည့်မြေ ပိုင်ရှင်တစ်ယောက်ရှိ၏။ သူသည်ခြံဝင်းကာ၍ စပျစ်သီးနယ်ရာကျင်းကိုတူး၏။ မျှော်စင်တစ်ခု ကိုလည်းဆောက်လုပ်၏။ ထိုနောက်မိမိ၏ဥယျာဉ် ကိုခြံသမားတို့အားသီးစားချ၍နိုင်ငံရပ် ခြားသို့ထွက်သွား၏။-