ဟေရှာယ 32:6 - Common Language Bible6 လူမိုက်သည်မိုက်မဲသည့်စကားကိုပြောဆို၍ ဆိုးညစ်သောအမှုများကိုပြုရန်ကြံစည် တတ်၏။ သူပြုသောအမှုနှင့်သူပြောသော စကားတို့သည်ဘုရားသခင်အားစော်ကား ရာရောက်၏။ သူသည်ဆာငတ်မွတ်သိပ်သူတို့ကို အဘယ်အခါ၌မျှမကျွေးမွေး။ ရေငတ်သူ တို့ကိုလည်းအဘယ်အခါ၌မျှရေမတိုက်။- အခန်းကိုကြည့်ပါ။Garrad Bible6 အ သို့ ဆို သော်၊ သူ ယုတ် သည် စ ကား ယုတ် ဆို လျက်၊ စိတ် နှ လုံး ဖြင့် ဒု စ ရိုက် ကို ကြံ စည်၍ လှောင် ပြောင် ခြင်း၊ ထာ ဝ ရ ဘု ရား အား မှောက် မှား ပြော ဆို ခြင်း၊ မွတ် သိပ် သူ့ ကို ဆာ လောင် စေ ခြင်း၊ ရေ ငတ် သူ့ ကို ခေါင်း ပါး စေ ခြင်း များ ကို ပြု လေ့ ရှိ ၏။ အခန်းကိုကြည့်ပါ။Judson Bible6 အကြောင်းမူကား၊ ယုတ်သောသူသည် လျှို့ဝှက်လျက်၊ ထာဝရဘုရားကို နှုတ်ဖြင့်ပြစ်မှားလျက်၊ မွတ်သိပ်သောသူကို သာ၍ ဆင်းရဲစေခြင်းငှာလည်းကောင်း၊ ရေငတ်သောသူကို ရေမသောက်စေခြင်းငှာလည်းကောင်း၊ ယုတ်သောစကားကို ပြော၍ မကောင်းသောအကြံကို ကြံလေဦးမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 မိုက်မဲသောသူသည် မိုက်မဲသောစကားကိုပြောဆိုတတ်၏။ သူ၏စိတ်နှလုံးသည် ဒုစရိုက်ကိုကြံစည်တတ်၏။ သူတော်ကောင်းယောင်ဆောင်ပြီး ထာဝရဘုရားအကြောင်းကို မဟုတ်မမှန်ပြောဆိုတတ်၏။ ဆာလောင်မွတ်သိပ်သောသူကို အစာမကျွေး၊ ရေငတ်သောသူကို ရေမတိုက်။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ရှင်သည်သူယုတ်မာတို့အား သနားညှာတာတော်မူသော်လည်း၊ သူတို့သည်ဖြောင့်မှန်ရာကိုပြုကျင့်ရန် နားမလည်ကြပါ။ သူတော်ကောင်းတို့နေထိုင်ရာဤပြည်၌ပင် လျှင် သူတို့သည်မတရားသောအမှုတို့ကိုပြုလျက် ရှိကြပါ၏။ ကိုယ်တော်ရှင်၏အာနုဘော်တော်ကိုလည်း အသိအမှတ်မပြုကြပါ။
ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ကိုပုန်ကန် ကြပါ၏။ ကိုယ်တော်ရှင်ကိုပစ်ပယ်ကာနောက် တော်သို့လိုက်ရန်ငြင်းဆန်ခဲ့ကြပါ၏။ ကျွန် တော်မျိုးတို့သည်သူတစ်ပါးတို့အားနှိပ်စက် ညှင်းဆဲ၍ကိုယ်တော်ရှင်ကိုလည်းပုန်ကန်ကြ ပါပြီ။ ကျွန်တော်မျိုးတို့၏အကြံအစည် များသည်မူမမှန်ပါ။ ကျွန်တော်မျိုးတို့၏ စကားများသည်လည်းမုသားဖြစ်ပါ၏။-
သို့ဖြစ်၍ထာဝရဘုရားသည်အဘယ် လူငယ်လူရွယ်ကိုမျှ ချမ်းသာပေးတော်မူ လိမ့်မည်မဟုတ်။ မုဆိုးမများနှင့်မိဘမဲ့ သူများအားလည်းကရုဏာပြတော်မူ လိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်လူ အပေါင်းတို့သည်ဘုရားမဲ့လျက်ယုတ်မာ လျက်ရှိကြသည့်အပြင် ညစ်ညမ်းသည့် စကားကိုသာလျှင်ပြောဆိုကြသောကြောင့် ဖြစ်၏။ ထို့ကြောင့်ထာဝရဘုရားအမျက် တော်မပြေဘဲအပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကိုဆန့်တန်းချိန်ရွယ်လျက်ပင် ထားတော်မူ၏။
လူမည်းသည်မိမိ၏အသားအရောင်ကို ပြောင်းလဲစေနိုင်ပါသလော။ သို့တည်းမ ဟုတ်ကျားသစ်သည်မိမိ၏အကွက်များ ကိုဖယ်ရှားပစ်နိုင်ပါသလော။ အကယ်၍ ဤအမှုအရာများကိုပြုလုပ်နိုင်မည် ဆိုပါမူ ဒုစရိုက်ကိုသာလျှင်ပြုကျင့် တတ်သူသင်တို့သည်လည်း သုစရိုက်သို့ ပြောင်းလဲပြုကျင့်ကောင်းပြုကျင့်နိုင်ကြ ပေလိမ့်မည်။-