အသက်မသေဘဲကျန်ရှိကြသူတို့သည် ရွှင် လန်းဝမ်းမြောက်လျက်သီချင်းဆိုကြလိမ့် မည်။ အနောက်အရပ်မှလူတို့သည်ဘုရားသခင်၏ကြီးမြတ်တော်မူပုံကိုဖော်ပြ၍၊-
၎င်း တို့ သည် ထာ ဝ ရ ဘု ရား၏ ဘုန်း အာ နု ဘော် တော် ကြောင့်၊ သ မု ဒ္ဒ ရာ အ နီး တွင် ကျူး ဧ လျက်၊ နေ ထွက် ရာ အ ရပ်၌ ထာ ဝ ရ ဘု ရား ကိုလည်း ကောင်း၊ ပင် လယ် ကမ်း ခြေ တစ် လျှောက် ၌ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သခင် ထာ ဝ ရ ဘု ရား နာ မ တော် ကို လည်း ကောင်း၊ ချီး မြှောက် ကြ လော့ ဟု ဟစ် ခေါ် ကြွေး ကြော် ကြ လိမ့် မည်။
ထိုသူတို့သည် ကြွေးကြော်၍ ရွှင်လန်းစွာ သီချင်းဆိုကြလိမ့်မည်။ ထာဝရဘုရားကို ချီးမွမ်းသောအသံနှင့် ပင်လယ်တစ်ဖက်မှ မြည်ကြလိမ့်မည်။
သူတို့သည် အသံကိုလွှင့်၍ ရွှင်လန်းစွာသီချင်းဆိုကြလိမ့်မည်။ ထာဝရဘုရား၏ဘုန်းတန်ခိုးကြီးမြတ်တော်မူကြောင်းကို အနောက်အရပ်မှ ကြွေးကြော်ကြလိမ့်မည်။
အို ထာဝရဘုရားကိုယ်တော်ရှင်သည်၊ ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုချီးမြှောက်၍ နာမတော်ကိုထောမနာပြုပါမည်။ ကိုယ်တော်ရှင်သည်အံ့သြဖွယ်ရာအမှုတို့ကို ပြုတော်မူပါပြီ။ ရှေးမဆွကပင်ပြုတော်မူခဲ့သည့် အကြံအစည်တော်တို့ကို၊ တိကျစွာအကောင်အထည်ဖော်တော်မူပါပြီ။
ယုဒပြည်တွင်အောက်ပါသီချင်းကိုလူတို့ သီဆိုကြသည့်နေ့ရက်ကာလကျရောက်လာ လိမ့်မည်။ သူတို့က ``ငါတို့၏မြို့တို့သည်ခိုင်ခန့်ပေသည်။ ကယ်တင်ခြင်းနှင့်ဆိုင်သောမြို့ရိုးများကို ဘုရားသခင်ကိုယ်တော်တိုင်ကာကွယ်တော်မူ ပါ၏။
ထိုကာလ၌ထာဝရဘုရားသည် မိမိ၏ သာယာသောစပျစ်ဥယျာဉ်နှင့်ပတ်သက်၍၊-
သူတို့သည်ဝမ်းမြောက်ပျော်ရွှင်စွာသီချင်း ဆိုလျက် ယေရုရှလင်မြို့သို့ရောက်ရှိလာကြလိမ့်မည်။ သူတို့သည်ထာဝစဉ်ရွှင်လန်းဝမ်းမြောက်ကြ လိမ့်မည်။ ဝမ်းနည်းပူဆွေးခြင်းနှင့်ထာဝစဉ်ကင်းလွတ် ကြလိမ့်မည်။
အို ယေရုရှလင်မြို့၊ မြင့်သောတောင်ပေါ်သို့တက်၍၊ သတင်းကောင်းကိုကြေညာလော့။ အို ဇိအုန်တောင်၊ အသံကျယ်စွာဟစ်၍သတင်းကောင်းကို ကြေညာလော့။ မကြောက်နှင့်၊ ပွင့်လင်းစွာပြောကြားလော့။ ယုဒမြို့များအားသူတို့၏ဘုရားသခင် ကြွလာစေတော်မူမည့်အကြောင်းကိုပြောကြားလော့။
အချင်းမိုးကောင်းကင်၊ ဝမ်းမြောက်ရွှင်လန်း စွာ ကြွေးကြော်ကြလော့။ ကမ္ဘာမြေကြီးရှိနက်ရှိုင်းရာအရပ်တို့၊ ကြွေးကြော်ကြလော့။ တောင်များနှင့်တောမှသစ်ပင်အပေါင်းတို့၊ ဝမ်းမြောက်ရွှင်လန်းစွာကြွေးကြော်ကြလော့။ ထာဝရဘုရားသည်မိမိ၏လူမျိုးတော် ဣသရေလအမျိုးသားတို့အားကယ်တော် မူ၍၊ မိမိ၏ ဘုန်းအာနုဘော်တော်ကိုပြတော်မူပြီ။
ဗာဗုလုန်ပြည်မှထွက်သွားကြလော့။ လွတ်လပ်စွာထွက်ခွာသွားကြလော့။ ``ထာဝရဘုရားသည်မိမိ၏အစေခံ ဣသရေလအမျိုးသားတို့အားကယ်တော် မူပြီ'' ဟူသော သတင်းကိုဝမ်းမြောက်စွာကြွေးကြော်ကြလော့။ အရပ်တကာတွင်ကြားသိစေကြလော့။
ကိုယ်တော်ရှင်ကယ်ဆယ်တော်မူလိုက်သည့် သူတို့သည်အားရရွှင်လန်းစွာသီဆိုကြွေး ကြော်လျက်၊ ယေရုရှလင်မြို့သို့ရောက်ရှိလာကြပါလိမ့်မည်။ သူတို့သည်ထာဝစဉ်ဝမ်းမြောက်ရွှင်လန်းရကြ၍၊ ထာဝစဉ်ဝမ်းနည်းကြေကွဲမှုနှင့်ကင်းလွတ်ရကြ ပါလိမ့်မည်။
အို ယေရုရှလင်မြို့၊သင်သည်သားသမီးမရ သည့် အမျိုးသမီးနှင့်တူ၍နေခဲ့၏။ သို့ရာတွင်ယခုအခါ၌ဝမ်းမြောက်ရွှင်လန်းစွာ သီချင်းဆို၍ကြွေးကြော်နိုင်လေပြီ။ ယခုသင်သည်ခင်ပွန်းဖြစ်သူ၏စွန့်ပစ်မှုကို အဘယ်အခါ၌မျှမခံရဘူးသည့် အမျိုးသမီးထက်ပင်ပို၍သားသမီးများကို ရရှိပေလိမ့်မည်။
သင်သည်ဤအမှုအရာကိုမြင်၍ရွှင်လန်း ဝမ်းမြောက်ရလိမ့်မည်။ စိတ်နှလုံးထိခိုက်တုန်လှုပ်လာလိမ့်မည်။ လူမျိုးတကာတို့သည်မိမိတို့၏စည်းစိမ် ချမ်းသာများကို သင်၏ထံသို့ယူဆောင်လာကြလိမ့်မည်။ သူတို့၏ပစ္စည်းဥစ္စာများသည်ပင်လယ်ရပ်ခြား မှ ရောက်ရှိလာလိမ့်မည်။
ထိုနေရာတို့တွင်နေထိုင်ကြသူများသည် ထောမနာသီချင်းကိုသီဆိုကြလိမ့်မည်။ သူတို့သည်ဝမ်းမြောက်စွာကြွေးကြော်ကြ လိမ့်မည်။ ငါသည်သူတို့အားလူဦးရေတိုးပွားစေ၍ ဂုဏ်အသရေရှိစေမည်။
သူတို့သည်လာ၍ဇိအုန်တောင်ပေါ်တွင် ဝမ်းမြောက်စွာသီချင်းဆိုကြလိမ့်မည်။ ငါချပေးသည့်ကျေးဇူးများဖြစ်သော ဂျုံ၊စပါး၊စပျစ်ရည်၊ဆီ၊သိုးငယ်များနှင့်ကျွဲနွား များဖြင့်၊ ရွှင်လန်းဝမ်းမြောက်လျက်နေကြလိမ့်မည်။ သူတို့သည်ရေကိုကောင်းစွာရရှိသည့် ဥယျာဉ်ကဲ့သို့ဖြစ်၍ နောင်အဘယ်အခါ၌မျှဝမ်းနည်းပူဆွေး ကြရလိမ့်မည်မဟုတ်။
ဝမ်းမြောက်ရွှင်မြူးသံများနှင့်မင်္ဂလာဆောင် သတို့သားသတို့သမီးတို့၏အသံများ ကို နောက်တစ်ဖန်သင်တို့ကြားရကြလိမ့်မည်။ လူတို့သည်ကျေးဇူးတော်ချီးမွမ်းရန်ပူဇော် သကာများကို ငါ၏ဗိမာန်တော်သို့ယူဆောင် ကာသီချင်းအေးကူးကြသည့်အသံများ ကိုသင်တို့ကြားရကြလိမ့်မည်။ သူတို့က၊ `အနန္တတန်ခိုးရှင်ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကောင်းမြတ်တော်မူ၍၊ မေတ္တာတော်သည်ထာဝစဉ်တည်သောကြောင့် ဖြစ်၏' ဟုမြွက်ဆိုကြလိမ့်မည်။ ငါသည်ဤပြည်ကိုရှေးကနည်းတူပြန်လည် ကောင်းစားစေမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
``ငါ၏လူစုတော်က`ငါတို့ဖြောင့်မှန်ကြောင်း ကို ထာဝရဘုရားပြတော်မူလေပြီ။ ငါ တို့သည်ဇိအုန်မြို့သူမြို့သားတို့ထံသို့ သွား၍ ငါတို့၏ဘုရားသခင်ထာဝရ ဘုရားပြုတော်မူသောအမှုတော်ကို ပြောကြားကြကုန်အံ့' ဟုကြွေးကြော်၏'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားက``အို ယေရုရှလင်မြို့သူတို့၊ ဝမ်းမြောက်စွာသီချင်းဆိုကြပါလော့။ ငါသည် သင်တို့အလယ်တွင်ကျိန်းဝပ်ရန်ကြွလာတော် မူမည်'' ဟုမိန့်တော်မူ၏။