ငါသည်အီဂျစ်အမျိုးသားတို့အားရက်စက် ကြမ်းကြုတ်သူမင်းဆိုးမင်းညစ်တစ်ပါး၏ လက်သို့အပ်၍ ထိုမင်းကိုသူတို့အားအုပ်စိုး စေမည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။
ဟေရှာယ 20:3 - Common Language Bible အာဇုတ်မြို့ကျဆုံးသောအခါထာဝရ ဘုရားက``ငါ၏အစေခံဟေရှာယသည် ဖိနပ်မစီးဘဲ အဝတ်အချည်းစည်းနှင့်သုံး နှစ်တိုင်တိုင်သွားလာနေခဲ့သည်မှာ အီဂျစ် ပြည်နှင့်ဆူဒန်ပြည်တို့ကြုံတွေ့ရမည့် အဖြစ်အပျက်နိမိတ်လက္ခဏာပင်ဖြစ်၏။- Garrad Bible ထာ ဝ ရ ဘု ရား က၊ ငါ့ ကျွန် ဟေ ရှာ ယ သည်၊ အိ ဂျစ် ပြည်၊ ကု ရှ ပြည် များ နှင့် စပ် ဆိုင် သော သက် သေ နိ မိတ် လက္ခ ဏာ အ ဖြစ် ဖြင့်၊ အ ဝတ် မ ဆင်၊ ဖိ နပ် မ စီး ဘဲ သုံး နှစ် ပတ် လုံး သွား လာ သည့် နည်း တူ၊ Judson Bible ထာဝရဘုရားကလည်း၊ ငါ့ကျွန်ဟေရှာယသည် အဲဂုတ္တုပြည်နှင့် ကုရှပြည်၌ ပုပ္ပနိမိတ်၊ အံ့ဖွယ်သောအရာကို ပြခြင်းငှာ၊ သုံးနှစ်ပတ်လုံး အဝတ်ကိုမဝတ်၊ ခြေနင်းကိုမစီးဘဲ သွားလာသကဲ့သို့၊ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရားက “ငါ၏အစေအပါး ဟေရှာယသည် အီဂျစ်ပြည်၊ အီသီယိုးပီးယားပြည်တို့နှင့်ဆိုင်သော နိမိတ်လက္ခဏာ၊ အံ့ဖွယ်ရာအဖြစ် အဝတ်မပါ၊ ဖိနပ်မပါဘဲ သုံးနှစ်ပတ်လုံးသွားလာသကဲ့သို့ |
ငါသည်အီဂျစ်အမျိုးသားတို့အားရက်စက် ကြမ်းကြုတ်သူမင်းဆိုးမင်းညစ်တစ်ပါး၏ လက်သို့အပ်၍ ထိုမင်းကိုသူတို့အားအုပ်စိုး စေမည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။
ထိုအခါဆူဒန်ဘုရင်တိရက္ကဦးစီးခေါင်း ဆောင်သည့်အီဂျစ်တပ်မတော်သည် မိမိတို့ အားတိုက်ခိုက်ရန်ချီတက်လာကြောင်းအာ ရှုရိအမျိုးသားတို့သတင်းရရှိကြ၏။-
အဘယ်ကြောင့်ဆိုသော်ငါသည် ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့် မြတ်သော ဘုရားသခင်၊ သင်တို့ကိုကယ်တင်သောအရှင်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်သောကြောင့်တည်း။ ငါသည်သင်တို့ကျွန်ဘဝမှလွတ်မြောက်ခွင့် ရရှိကြစေရန် အီဂျစ်ပြည်ကိုစွန့်လွှတ်မည်။ ဆူဒန်ပြည်နှင့် သေဘပြည်ကိုငါစွန့်လွှတ်မည်။
ငါ့အားထာဝရဘုရားပေးသနားတော် မူသောသားသမီးများနှင့်အတူ ငါသည် ဤမှာရှိပါ၏။ ဇိအုန်တောင်တော်ပေါ်တွင် စိုးစံတော်မူသောအနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် ငါတို့အားဣသရေလအမျိုး သားတို့အတွက်ပြန်ကြားသည့်ဗျာဒိတ် တော်တို့ကို သရုပ်ဆောင်သူများဖြစ်စေ တော်မူလေပြီ။
ထာဝရဘုရားသည် ပိတ်ခါးဝတ်ကိုသွား ရောက်ဝယ်ယူဝတ်ဆင်ရန်ငါ့အားမိန့်တော်မူ ပြီးလျှင် ထိုခါးဝတ်ကိုရေမစွတ်စိုစေရန် လည်းမှာကြားတော်မူပါ၏။-
ထိုအထုပ်အပိုးကိုပခုံးပေါ်သို့တင်သည် ကိုလည်းကောင်း၊ မိမိသွားမည့်လမ်းကိုမမြင် နိုင်စေရန်မျက်နှာကိုဖုံး၍မှောင်ထဲတွင် သင် ထွက်ခွာသည်ကိုလည်းကောင်းထိုသူတို့မြင် ကြပါစေ။ သင်ပြုသောအမှုသည်ဣသရေ လအမျိုးသားတို့အတွက် သတိပေးသည့် နိမိတ်လက္ခဏာဖြစ်လိမ့်မည်'' ဟုမိန့်တော် မူ၏။
အီဂျစ်ပြည်တွင်စစ်ဖြစ်လိမ့်မည်။ ကုရှပြည်တွင်ကြီးစွာသောဘေးအန္တရာယ်နှင့် ကြုံတွေ့ကြလိမ့်မည်။ လူအမြောက်အမြားပင်အီဂျစ်ပြည်တွင် အသတ်ခံရကြလိမ့်မည်။ ထိုပြည်သည်လုယက်ဖျက်ဆီးခြင်းခံရ၍ ယိုယွင်းပျက်စီး၍ကျန်ရစ်လိမ့်မည်။
ထာဝရဘုရားက``မြောက်ဘက်ရှိမိဂ ဒေါလမြို့မှသည်တောင်ဘက်ရှိသုဏေ မြို့တိုင်အောင်အီဂျစ်ပြည်ဘက်မှနေ၍ ခုခံကာကွယ်ကြသူအပေါင်းတို့သည် စစ်ပွဲတွင်ကျဆုံးကြလိမ့်မည်။ အီဂျစ် ပြည်ဂုဏ်ယူဝါကြွားရသောတပ်မတော် သည်ပြိုပျက်သွားလိမ့်မည်။ ဤကားငါ အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။-
ထို့နောက်``အချင်းလူသား၊ အုတ်တစ်ချပ်ကို ယူ၍သင်၏ရှေ့တွင်ထားပြီးလျှင် ယေရုရှ လင်မြို့ပုံကိုအုတ်ပေါ်တွင်ရေးဆွဲလော့။-
သံပြားတစ်ချပ်ကိုလည်းယူ၍မြို့နှင့်သင် ၏စပ်ကြားတွင်တံတိုင်းသဖွယ်ထောင်၍ ထားလော့။ သင်သည်မြို့ဘက်သို့မျက်နှာမူ လော့။ မြို့သည်ဝိုင်းရံခြင်းကိုခံလျက်ရှိ၏။ သင်သည်မြို့ကိုဝိုင်းရံသူဖြစ်၏။ ဤသည် ကားဣသရေလအမျိုးသားတို့အတွက် ပုဗ္ဗနိမိတ်ဖြစ်လိမ့်မည်။
သို့ဖြစ်၍ယဇ်ပုရောဟိတ်မင်းဖြစ်သူယောရှု၊ နားထောင်လော့။ ယောရှု၏အပေါင်းအဖော် ယဇ်ပုရောဟိတ်တို့၊ သာယာသောအနာဂတ် ၏နိမိတ်လက္ခဏာကိုဆောင်သူတို့၊ နားထောင် ကြလော့။ ငါသည်``အညွှန့်အတက်'' ဟုနာမည် တွင်သောမိမိ၏အစေခံကိုပေါ်ထွန်းစေ မည်။-
သင်တို့ခါနာန်ပြည်ကိုစုံစမ်းထောက်လှမ်းခဲ့ သောရက်ပေါင်းလေးဆယ်အတွက် တစ်ရက်လျှင် တစ်နှစ်ကျဖြင့်သင်တို့၏အပြစ်ဒဏ်ကိုနှစ် ပေါင်းလေးဆယ်ခံရကြမည်။ သင်တို့သည်ငါ ၏ပစ်ပယ်ခြင်းဒဏ်ကိုခံရကြလိမ့်မည်။-