တောလည် 14:34 - Common Language Bible34 သင်တို့ခါနာန်ပြည်ကိုစုံစမ်းထောက်လှမ်းခဲ့ သောရက်ပေါင်းလေးဆယ်အတွက် တစ်ရက်လျှင် တစ်နှစ်ကျဖြင့်သင်တို့၏အပြစ်ဒဏ်ကိုနှစ် ပေါင်းလေးဆယ်ခံရကြမည်။ သင်တို့သည်ငါ ၏ပစ်ပယ်ခြင်းဒဏ်ကိုခံရကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible34 ထို ပြည် ကို စူး စမ်း ခဲ့ သော အ ရက် လေး ဆယ် အ ရေ အ တွက် အ လိုက် တစ် ရက် လျှင် တစ် နှစ် ကျ၊ နှစ် ပေါင်း လေး ဆယ် တိုင် တိုင် သင် တို့ ဒု စ ရိုက် ဝန် ကို ထမ်း လျက် ဆန့် ကျင် ဘက် ပြု တော် မူ ခြင်း ကို ခံ ရ ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible34 ထိုပြည်ကို စူးစမ်းရာနေ့ရက်ပေါင်း အရက်လေးဆယ်နှင့်အညီ၊ တစ်ရက်ကို တစ်နှစ်ထား၍ အနှစ်လေးဆယ်ပတ်လုံး ကိုယ်အပြစ်ကိုဆောင်လျက်၊ ငါ့စွန့်ပစ်ခြင်းကို သိရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း34 သင်တို့သည် ထိုပြည်ကိုရက်ပေါင်းလေးဆယ်စူးစမ်းခဲ့သည်ဖြစ်၍ ထိုရက်များ၏အရေအတွက်အတိုင်း တစ်ရက်ကို တစ်နှစ်ကျဖြင့် သင်တို့၏ဒုစရိုက်ဝန်ကို နှစ်ပေါင်းလေးဆယ်ဆောင်ရမည်။ ဤသို့ ငါဆန့်ကျင်သည်ကို သင်တို့သိရလိမ့်မည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်ဟု ဆင့်ဆိုလော့။ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသားတို့၏အပြစ်ကို သင်၏အပေါ်သို့ငါတင်မည်။ သင်သည်ယင်း သို့အိပ်လျက်သူတို့၏အပြစ်ကိုခံရသည့် အနေဖြင့် ရက်ပေါင်းသုံးရာကိုးဆယ်တိုင်တိုင် နေရမည်။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့ အပြစ်ဒဏ်ခံရမည့်နှစ်တစ်နှစ်လျှင်တစ်ရက် နှုန်းဖြင့်သင့်အားခံစေရန် ငါစီရင်ချက်ချ မှတ်ထားပြီဖြစ်သောကြောင့်တည်း။-
``ခုနစ်ဆယ်ခုနစ်လီနှစ်ကာလသည်ကား သင်၏အမျိုးသားများနှင့် သင်၏သန့်ရှင်း မြင့်မြတ်သောမြို့တော်အား အပြစ်ဒုစရိုက် နှင့်မကောင်းမှုများမှလွတ်မြောက်စေရန် ဘုရားသခင်သတ်မှတ်ပေးတော်မူသည့် အချိန်ကာလဖြစ်၏။ ရူပါရုံနှင့်ဗျာဒိတ် တော်အကောင်အထည်ပေါ်လာစေရန်နှင့် အသန့်ရှင်းဆုံးဗိမာန်တော်ကိုပြန်လည် ဆက်ကပ်နိုင်ရေးအတွက် ဘုရားသခင် သည်ထိုသူတို့၏အပြစ်များကိုဖြေ လွှတ်တော်မူ၍ ထာဝစဉ်တရားမျှတ မှုစိုးမိုးရာခေတ်ကိုတည်ထောင်တော် မူလိမ့်မည်။-
ယခုမှစ၍လေဝိအနွယ်ဝင်တို့ကသာလျှင် တဲတော်ကိုထိန်းသိမ်း၍ တဲတော်နှင့်ဆိုင်သော ဝေယျာဝစ္စရှိသမျှကိုတာဝန်ခံဆောင်ရွက် ရမည်။ ဤပညတ်ကိုသင်၏သားမြေးအစဉ် အဆက်စောင့်ထိန်းရမည်။ ငါ့အားဣသရေလ အမျိုးသားတို့ကအထူးအလှူအဖြစ် ဆက် သသောဆယ်ဖို့တစ်ဖို့ကိုလေဝိအနွယ်ဝင် တို့ကိုငါပေးထားပြီဖြစ်သောကြောင့် ဣသ ရေလနိုင်ငံတွင်ပစ္စည်းဥစ္စာမပိုင်ဆိုင်ရ။ သို့ ဖြစ်၍သူတို့သည်ဣသရေလနိုင်ငံတွင် ပစ္စည်းဥစ္စာမပိုင်ရဟုငါအမိန့်ရှိခဲ့ပြီ'' ဟုမိန့်တော်မူ၏။
``သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ပြုခဲ့လေသမျှကိုအဘယ်သို့ကောင်း ချီးပေးတော်မူခဲ့သည်ကို သတိရကြလော့။ ဤကျယ်ပြန့်သောတောကန္တာရကိုလှည့်လည်ဖြတ် သန်းရာခရီး၌ သင်တို့ကိုစောင့်ရှောက်တော်မူ ခဲ့ပြီ။ ကိုယ်တော်သည်နှစ်ပေါင်းလေးဆယ်ပတ် လုံးသင်တို့နှင့်အတူရှိတော်မူသဖြင့် သင် တို့လိုအပ်သမျှကိုရရှိခဲ့ကြပြီ။''
ထာဝရဘုရားသည်မောရှေအားထိုသို့ မိန့်တော်မူခဲ့သည်မှာလေးဆယ့်ငါးနှစ်ရှိ ပါပြီ။ ထိုစဉ်အခါကဣသရေလအမျိုး သားတို့သည် တောကန္တာရကိုဖြတ်ကျော် လျက်ရှိကြပါ၏။ ထာဝရဘုရားသည် ကတိတော်အတိုင်း အကျွန်ုပ်အားယနေ့ တိုင်အောင်အသက်ရှင်လျက်ရှိစေတော် မူပါ၏။ ယခုအကျွန်ုပ်သည်အသက်ရှစ် ဆယ်ငါးနှစ်ရှိပါပြီ။-
ဣသရေလအမျိုးသားတို့၏အရှင်ဖြစ် တော်မူသောငါထာဝရဘုရားသည် သင့် အိမ်ထောင်စုနှင့်သားချင်းစုတို့အားကာလ အစဉ်အဆက်ယဇ်ပုရောဟိတ်ဖြစ်စေမည် ဟု အတိတ်ကာလကကတိပြုခဲ့၏။ သို့ ရာတွင်ယခုထိုကတိကိုတည်စေတော့ မည်မဟုတ်ဟုငါဆို၏။ ငါ့အားဂုဏ်ပြု ချီးမြှင့်သူတို့ကိုငါဂုဏ်ပြုချီးမြှင့်မည်။ ငါ့အားမထီမဲ့မြင်ပြုသူတို့အားရွံရှာ စက်ဆုပ်မည်။-