ယေဇကျေလ 4:3 - Common Language Bible3 သံပြားတစ်ချပ်ကိုလည်းယူ၍မြို့နှင့်သင် ၏စပ်ကြားတွင်တံတိုင်းသဖွယ်ထောင်၍ ထားလော့။ သင်သည်မြို့ဘက်သို့မျက်နှာမူ လော့။ မြို့သည်ဝိုင်းရံခြင်းကိုခံလျက်ရှိ၏။ သင်သည်မြို့ကိုဝိုင်းရံသူဖြစ်၏။ ဤသည် ကားဣသရေလအမျိုးသားတို့အတွက် ပုဗ္ဗနိမိတ်ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible3 သံ မြို့ ရိုး အ ဖြစ်၊ သင် နှင့် မြို့ ပုံ ကြား တွင် သံ အိုး ကင်း ကို ယူ ထား ပြီး လျှင် မြို့ ပုံ ကို မျက် နှာ မူ လျက် ပိတ် ဆို့ ရန် ဝိုင်း ထား လော။ ဣ သ ရေ လ အ မျိုး သား တို့ အ ဖို့ သက် သေ လ က္ခ ဏာ ဖြစ် လိမ့် သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible3 ထိုမှတစ်ပါး၊ သံပြားကိုယူ၍၊ သင်နှင့် မြို့စပ်ကြားမှာ သံရိုးဖြစ်စေခြင်းငှာ ထောင်ပြီးလျှင်၊ မြို့တစ်ဖက်၌ သင်၏မျက်နှာကိုထားလော့။ ထိုသို့ ဝိုင်းထားသဖြင့်၊ ထိုမြို့သည် ဝိုင်းထားခြင်းကို ခံရမည်။ ဤသည်ကား ဣသရေလအမျိုးအား နိမိတ်လက္ခဏာဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ထို့နောက် သံပြားတစ်ချပ်ကိုယူ၍ သင်နှင့်မြို့ပုံအကြားတွင် သံမြို့ရိုးသဖွယ် ကာထားလော့။ သင်သည် မြို့ဘက်သို့ စိုက်ကြည့်လော့။ ထိုအခါ မြို့သည် ဝိုင်းထားခြင်းခံရသကဲ့သို့ ဖြစ်မည်။ ဤသို့ မြို့ကိုဝိုင်းထားခြင်းသည် အစ္စရေးအမျိုးအနွယ်တို့အတွက် နိမိတ်လက္ခဏာဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ငါ့အားထာဝရဘုရားပေးသနားတော် မူသောသားသမီးများနှင့်အတူ ငါသည် ဤမှာရှိပါ၏။ ဇိအုန်တောင်တော်ပေါ်တွင် စိုးစံတော်မူသောအနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် ငါတို့အားဣသရေလအမျိုး သားတို့အတွက်ပြန်ကြားသည့်ဗျာဒိတ် တော်တို့ကို သရုပ်ဆောင်သူများဖြစ်စေ တော်မူလေပြီ။
ထိုအထုပ်အပိုးကိုပခုံးပေါ်သို့တင်သည် ကိုလည်းကောင်း၊ မိမိသွားမည့်လမ်းကိုမမြင် နိုင်စေရန်မျက်နှာကိုဖုံး၍မှောင်ထဲတွင် သင် ထွက်ခွာသည်ကိုလည်းကောင်းထိုသူတို့မြင် ကြပါစေ။ သင်ပြုသောအမှုသည်ဣသရေ လအမျိုးသားတို့အတွက် သတိပေးသည့် နိမိတ်လက္ခဏာဖြစ်လိမ့်မည်'' ဟုမိန့်တော် မူ၏။
``ဆီးရီးယားဘုရင်သည်မိမိ၏ကြီးမား သောစစ်တပ်တစ်တပ်လုံးဖြင့် စစ်ချီရန်ကြံ စည်လိမ့်မည်။ ထိုနောက်ရန်သူ့နိုင်ငံပြိုပျက် ရေးအတွက် ရန်သူနိုင်ငံ၏မင်းနှင့်မဟာမိတ် ဖွဲ့ကာသူ့အားသမီးတော်ကိုထိမ်းမြားဆောင် နှင်းပေးလိမ့်မည်။ သို့ရာတွင်ဤအကြံအစည် သည်အောင်မြင်လိမ့်မည်မဟုတ်။-
ရှုမောင်သည်သူတို့ကိုကောင်းချီးပေး၍ ``ဣသရေလ အမျိုးသားတို့တွင် ပျက်စီးဆုံးရှုံးရသူများနှင့် ကယ်တင်ခြင်းကိုခံရသူများပေါ်ပေါက်လာစေရန် ဤသူငယ်ကိုဘုရားသခင်ရွေးချယ်ခန့်ထားတော် မူပြီ။ သူသည်ဘုရားသခင်၏နိမိတ်လက္ခဏာ ဖြစ်၍သူ့အားလူအများပင်ဆန့်ကျင်ပြောဆို ကြခြင်းဖြင့်၊-
တစ်ချိန်တည်းမှာပင်ဘုရားသခင်သည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများနှင့် ထူးဆန်းသောတန်ခိုးအမျိုးမျိုးတို့ကို ပြတော်မူခြင်းအားဖြင့်လည်းကောင်း၊ သန့်ရှင်း သောဝိညာဉ်တော်သည်မိမိအလိုတော် အတိုင်း ဆုကျေးဇူးများကိုဝေငှတော်မူ ခြင်းအားဖြင့်လည်းကောင်းထပ်လောင်း သက်သေပြတော်မူ၏။