ဟာနုန်သည်ဒါဝိဒ်၏စေတမန်များကို ဖမ်းဆီးကာမုတ်ဆိတ်တစ်ခြမ်းကိုရိတ်၍ အင်္ကျီအဝတ်များကိုခါးမှဖြတ်ပြီး လျှင်ပြန်၍လွှတ်လိုက်လေသည်။-
ဟေရှာယ 15:2 - Common Language Bible ဒိဘုန်မြို့သားတို့သည်ရုပ်တုကိုးကွယ်ရာ ဌာနသို့ သွားရောက်ငိုကြွေးရန်တောင်ပေါ်သို့ တက်ကြ၏။ မောဘပြည်သူတို့သည်လည်း နေဗောမြို့နှင့်မေဒဘမြို့အတွက်ဝမ်းနည်း သဖြင့်အော်ဟစ်ငိုကြွေးကြကုန်၏။ သူတို့ သည်ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် ဆံပင်နှင့် မုတ်ဆိတ်များကိုရိတ်ပစ်ကြလေ သည်။- Garrad Bible မော ဘ ပြည် သူ ပြည် သား တို့ သည် ကိုယ့် ဗိ မာန် သို့လလည်း ကောင်း၊ ဒိ ဘုန် မြို့ ရှိ မြင့် ရာ ဌာ န များ သို့လည်း ကောင်း၊ တက်၍ ငို ကြွေး ကြ ပြီ။ နေ ဗော မြို့ နှင့် မေ ဒ ဘ မြို့ အ ထက် တွင် အော် ကြ ရာ၊ ဆံ မုတ် ဆိတ် ရှိ သ မျှ ကို ပယ် ကြ လေ ပြီ။ Judson Bible ပြည်သားတို့သည် ဗက်မြို့၊ ဒိဘုန်မြို့၌ မြင့်သောအရပ်သို့တက်၍ ငိုကြွေးကြ၏။ မောဘပြည်သူတို့သည် နေဗောမြို့၊ မေဒဘမြို့ပေါ်မှာ ညည်းတွားမြည်တမ်းကြ၏။ သူတို့ခေါင်းပေါ်မှာ ဆံပင်မရှိ။ သူတို့ မုတ်ဆိတ်ကိုလည်းရိတ်ပယ်ပြီ။ မြန်မာ့စံမီသမ္မာကျမ်း မောဘပြည်သားတို့သည် မြင့်ရာအရပ်ရှိ အိမ်တော်သို့၊ ဒိဘုန်မြို့သို့ တက်သွား၍ ငိုကြွေးကြပြီ။ နေဗောမြို့၊ မေဒဘမြို့အတွက် ညည်းတွားငိုကြွေးကြပြီ။ သူတို့အားလုံး ခေါင်းတုံးတုံးကြ၏။ မုတ်ဆိတ်ရိတ်ကြ၏။ |
ဟာနုန်သည်ဒါဝိဒ်၏စေတမန်များကို ဖမ်းဆီးကာမုတ်ဆိတ်တစ်ခြမ်းကိုရိတ်၍ အင်္ကျီအဝတ်များကိုခါးမှဖြတ်ပြီး လျှင်ပြန်၍လွှတ်လိုက်လေသည်။-
ဟာနုန်သည်ဒါဝိဒ်၏ စေတမန်တို့ကိုဖမ်း ဆီးကာမုတ်ဆိတ်များကိုရိတ်၍ အဝတ်များ ကိုတင်ပါးအထိဖြတ်ပြီးလျှင်သူတို့ အားပြန်၍လွှတ်လိုက်၏။-
ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲကထွက်လာ၏။
အို ဖိလိတ္တိမြို့အပေါင်းတို့၊ ညည်းတွားမြည် တမ်းလျက်အကူအညီအော်ဟစ်တောင်းခံ ကြလော့။ သင်တို့အားလုံးပင်ထိတ်လန့်တုန် လှုပ်လျက်ရှိနေကြလော့။ သူရဲဘောကြောင် သူတစ်ဦးတစ်ယောက်မျှမပါသည့်တပ် မတော်ကြီးတစ်ခုသည်ဖုတ်တထောင်း ထောင်းနှင့်မြောက်အရပ်မှချီတက်လာနေ၏။
လမ်းများပေါ်ရှိလူတို့သည်လျှော်တေကို ဝတ်ထားကြ၏။ မြေကွက်လပ်များနှင့်အိမ် ခေါင်မိုးများအပေါ်၌လည်းဝမ်းနည်း ကြေကွဲမှုကိုပြ၍ငိုကြွေးကြ၏။-
မောဘပြည်သူတို့သည်ဆုတောင်းပတ္ထနာ ပြုရန်အပင်ပန်းခံကာရုပ်တုကိုးကွယ်ရာ ဌာနများနှင့် ဝတ်ကျောင်းများသို့သွားရောက် ကြသော်လည်းအဘယ်သို့မျှအကျိုးရှိ လိမ့်မည်မဟုတ်။
မောဘပြည်သူတို့သည်မိမိတို့ခံရသည့် ဆင်းရဲဒုက္ခများအတွက်ငိုယိုကြလိမ့်မည်။ ကိရဟရက်မြို့တွင်မိမိတို့စားခဲ့ရဖူး သည့်ကောင်းသောအစားအစာများကို ပြန်လည်သတိရသောအခါသူတို့အား လုံးပင်ငိုယိုကြလိမ့်မည်။ စိတ်ပျက်အား ငယ်လျက်နေကြလိမ့်မည်။-
ထိုစဉ်အခါကအနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် သင့်အားငိုကြွေး၍၊ ဝမ်းနည်းသည့် အမှတ်လက္ခဏာပြရန်နှင့်ခေါင်းတုံးရိတ်၍ လျှော်တေကိုဝတ်ရန်စေခိုင်းတော်မူခဲ့၏။-
သူတို့သည်ရေမွှေးနံ့မရဘဲပုပ်စပ်နံစော် ၍နေလိမ့်မည်။ လှပသည့်ခါးပတ်များအစား ကြိုးကြမ်းများကိုအသုံးပြုရကြလိမ့်မည်။ ရှုချင်စဖွယ်ကောင်းသောဆံထုံးများအစား ဦးပြည်းခေါင်းတုံးထားရကြလိမ့်မည်။ တင့် တယ်လှပသောဝတ်စားတန်ဆာများအစား အဝတ်စုတ်များကိုဝတ်ဆင်ရကြလိမ့်မည်။ သူတို့၏နှစ်လိုဖွယ်ရာအဆင်းသည်လည်း ရှက်ဖွယ်ရာအဖြစ်သို့ပြောင်းလဲ၍သွား လိမ့်မည်။
တောင်ထိပ်များပေါ်တွင်အသံတစ်ခုကို ကြားရကြ၏။ ထိုအသံကားဣသရေလပြည်သားတို့သည် အပြစ်ဒုစရိုက်တွင်ကျင်လည်ကာ၊ မိမိတို့ဘုရားသခင်ထာဝရဘုရားအား မေ့လျော့ခဲ့ကြသဖြင့်၊ ငိုကြွေးလျက်ပန်ကြားလျှောက်ထားကြသည့် အသံပင်ဖြစ်၏။
ကိုယ်တော်က၊ ``ကြည့်ရှုလော့။ မြောက်အရပ်တွင်ရေတက် လျက် ရေလျှံမြစ်ကဲ့သို့စီးဆင်းလာလိမ့်မည်။ ထိုရေတို့သည်ကမ္ဘာမြေကြီးနှင့်မြေကြီး ပေါ်တွင် ရှိသမျှသောအရာများ၊မြို့များနှင့် မြို့သူမြို့သားများကိုလွှမ်းမိုးကြလိမ့်မည်။ လူတို့သည်ကယ်ရန်ဟစ်ခေါ်ကြလိမ့်မည်။ ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့သည်ပြင်းပြစွာ ငိုကြွေးကြလိမ့်မည်။
ဂါဇမြို့သူမြို့သားတို့သည်များစွာ ဝမ်းနည်းကြေကွဲရကြလေပြီ။ အာရှကေလုန်မြို့သူမြို့သားတို့သည်လည်း ဆိတ်ဆိတ်နေကြ၏။ ကြွင်းကျန်၍နေသောဖိလိတ္တိပြည်သူတို့ သည်အဘယ်မျှ ကြာကြာငိုကြွေးမြည်တမ်းလျက်နေကြ မည်နည်း။
မောဘပြည်ကိုရည်မှတ်၍အနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူသည်ကားဤသို့ တည်း။ ``နေဗောမြို့သူမြို့သားတို့အားကရုဏာ သက်ကြလော့။ သူတို့၏မြို့သည်ပျက်စီး၍သွားလေပြီ။ ကိရယသိမ်မြို့သည်ဖမ်းဆီးသိမ်းယူခြင်း ကိုခံ၍၊ ထိုမြို့၏ခံတပ်များသည်ဖြိုပျက်လျက် မြို့သူမြို့သားတို့သည်လည်းအရှက်ကွဲရ ကြ၏။
ဒိဘုန်မြို့တွင်နေထိုင်သူတို့၊ သင်တို့သည်ဂုဏ်အသရေရှိသည့်နေရာမှ သက်ဆင်း၍မြေမှုန့်ပေါ်တွင်ထိုင်ကြလော့။ မောဘပြည်ကိုပျက်ပြုန်းစေသောသူသည် ဤအရပ်သို့ရောက်ရှိလာကာသင်၏ခံတပ် များကို ဖြိုဖျက်လိုက်လေပြီ။
သို့ဖြစ်၍ငါသည်မောဘပြည်သူအပေါင်း တို့နှင့်ကိရဟရက်မြို့သူမြို့သားတို့ အတွက်မျက်ရည်ကျမည်။-
ငါသည်မောဘပြည်သားတို့အားတောင် ထိပ်များတွင်မီးရှို့ရာပူဇော်သကာများ ဆက်ကပ်မှုနှင့် မိမိတို့ဘုရားများအား ယဇ်ပူဇော်မှုကိုရပ်စဲစေမည်။ ဤကားငါ ထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။
ဟေရှဘုန်မြို့သားတို့ငိုကြွေးကြလော့။ သင်တို့၏အာဣမြို့သည်ပျက်စီးသွားလေ ပြီ။ ရဗ္ဗာမြို့သူတို့၊ ဝမ်းနည်းကြွေကွဲမှုကိုပြ ကြလော့။ လျှော်တေကိုဝတ်၍ဝမ်းနည်းကြေ ကွဲမှုကိုပြကြလော့။ ကယောင်ချောက်ချား ပြေးလွှားကြလော့။ သင်တို့၏မိလကုံဘုရား သည်သူ၏ယဇ်ပုရောဟိတ်များ၊ မင်းသား များနှင့်အတူပြည်နှင်ဒဏ်ခံရလိမ့်မည်။-
``ယေရုရှလင်မြို့သားတို့၊ငိုကြွေးမြည်တမ်း ကြလော့။ သင်တို့၏ဆံပင်ကိုဖြတ်၍ပစ်ထုတ်လိုက် ကြလော့။ ငါထာဝရဘုရားသည်မိမိအမျက်တော် ရှသည့် လူမျိုးတော်အားပစ်ပယ်စွန့်လွှတ်လိုက်ပြီ ဖြစ်၍ သင်တို့သည်တောင်ထိပ်များပေါ်တွင်အသုဘ သီချင်းကိုဆိုကြလော့။
သူတို့သည်သင်၏အဖြစ်ကိုမြင်၍ ဦးခေါင်းများကိုရိတ်ကာဝမ်းနည်းပူဆွေး သည့် လက္ခဏာဖြင့်လျှော်တေကိုဝတ်ကြ၏။ သူတို့သည်ဝမ်းနည်းပက်လက်ဟစ်အော် ငိုကြွေးကြ၏။ သူတို့သည်ငိုကြွေးမြည်တမ်းလျက်သင်နှင့် ဆိုင်သော ငိုချင်းကိုသီဆိုကြလိမ့်မည်။
ကိုယ်တော်က``အချင်းလူသား၊ ငါအရှင် ထာဝရဘုရား၏အမိန့်တော်ကိုအသံ ကျယ်စွာဟောပြောရမည်မှာ ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းသောနေ့သည် ကျရောက်လတ္တံ့။
သူတို့သည်လျှော်တေအဝတ်ကိုဝတ်၍ တစ် ကိုယ်လုံးတုန်လှုပ်လျက်နေကြလိမ့်မည်။ ဦး ဆံပယ်၍ရှက်ကြောက်နေသောမျက်နှာများ တွေ့ရကြလိမ့်မည်။-
အမျိုးသားသို့မဟုတ် အမျိုးသမီးတစ် ယောက်၏ဦးခေါင်းအနောက်ပိုင်းမှဖြစ်စေ၊ အရှေ့ပိုင်းမှဖြစ်စေဆံပင်များကျွတ်လျှင် မသန့်ရှင်းသူဟူ၍မသတ်မှတ်ရ။-
ယဇ်ပုရောဟိတ်သည်သေဆုံးသူအတွက် ဝမ်း နည်းသည့်အနေဖြင့်ဆံပင်ကိုကွက်ကျား မရိတ်ရ။ မုတ်ဆိတ်မွေးကိုလည်းမညှပ်ရ။ မိမိကိုယ်ကိုလည်းမလှီးမရှရ။-
သင်တို့ပျော်ပွဲရွှင်ပွဲများကိုမသာပွဲအဖြစ် သို့ပြောင်းပစ်မည်။ သင်တို့တက်ကြွရွှင်မြူးသော တေးသံတို့ကိုငိုကြွေးသံများဖြစ်သွားစေ မည်။ သင်တို့သည်ဆံပင်များကိုရိတ်ပြီးလျှော် တေအဝတ်ကိုဝတ်ရလိမ့်မည်။ တစ်ဦးတည်း သောသားသေဆုံးသဖြင့်ရတက်ပွားရသည့် မိဘပမာဖြစ်ရကြမည်။ နေဝင်သည့်တိုင် ထိုနေ့တာသည်ဆိုးဝါးလှမည်။
တစ်ခါကရှိဟုန်ဘုရင်၏တပ်သည်ဟေရှဘုန် မြို့မှ ထွက်သောမီးလျှံကဲ့သို့ချီတက်၍ မောဘပြည်အာရမြို့ကိုဖျက်ဆီးလျက် အာနုန်မြစ် အထက်ပိုင်းရှိတောင်များကိုလောင်ကျွမ်းစေ၏။
သို့ဖြစ်၍သူတို့၏အဆက်အနွယ်တို့သည် ဟေရှဘုန်မြို့မှဒိဘုန်မြို့သို့လည်းကောင်း၊ နာရှင်မြို့မှမေဒဘမြို့အနီးနောဖာမြို့သို့ လည်းကောင်း၊ ဖျက်ဆီးသုတ်သင်ခြင်းခံရလေပြီ'' ဟူ၍ စပ်ဆိုကြ၏။
``ထာဝရဘုရားကူမတော်မူခြင်းဖြင့်ဣသ ရေလအမျိုးသားတို့သိမ်းပိုက်ရရှိသော အတ ရုတ်မြို့၊ ဒိဘုန်မြို့၊ ယာဇာမြို့၊ နိမရမြို့၊ ဟေရှ ဘုန်မြို့၊ ဧလာလေမြို့၊ ရှေဘံမြို့၊ နေဗောမြို့နှင့် ဗောနမြို့များတည်ရှိရာဒေသတွင်စားကျက် ကောင်းများရှိပါသည်။ အကျွန်ုပ်တို့တွင်သိုး နွားတိရစ္ဆာန်များစွာရှိပါသည်။-
နေဗောမြို့၊ ဗာလမောနမြို့(ဤမြို့၏နာမည် ကိုပြောင်းလိုက်၏) နှင့်ရှိဗမမြို့များကို ပြန်လည်တည်ဆောက်ကြသည်။ သူတို့ပြန် လည်တည်ဆောက်သောမြို့များကိုနာမည် သစ်ဖြင့်မှည့်ခေါ်ကြသည်။
``သင်တို့သည်သင်တို့ဘုရားသခင်ထာဝရ ဘုရား၏လူမျိုးတော်ဖြစ်သောကြောင့် သေဆုံး သူအတွက်ဝမ်းနည်းကြေကွဲကြသောအခါ ကိုယ်ခန္ဓာကိုကွဲရှပွန်းပဲ့စေခြင်း၊ ဆံဦး စွန်းကိုရိတ်ခြင်းမပြုရ။-
ထိုနောက်မောရှေသည်မောဘလွင်ပြင်မှ ယေရိ ခေါမြို့အရှေ့ဘက်ရှိနေဗောခေါ်ပိသဂါတောင် ထိပ်ပေါ်သို့တက်လေ၏။ ထိုအရပ်တွင်ထာဝရ ဘုရားသည် မြောက်ဘက်ရှိဒန်မြို့အထိကျယ် ပြန့်သောဂိလဒ်ပြည်နယ်၊-