Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 16:7 - Common Language Bible

7 မော​ဘ​ပြည်​သူ​တို့​သည်​မိ​မိ​တို့​ခံ​ရ​သည့် ဆင်း​ရဲ​ဒုက္ခ​များ​အ​တွက်​ငို​ယို​ကြ​လိမ့်​မည်။ ကိ​ရ​ဟ​ရက်​မြို့​တွင်​မိ​မိ​တို့​စား​ခဲ့​ရ​ဖူး သည့်​ကောင်း​သော​အ​စား​အ​စာ​များ​ကို ပြန်​လည်​သ​တိ​ရ​သော​အ​ခါ​သူ​တို့​အား လုံး​ပင်​ငို​ယို​ကြ​လိမ့်​မည်။ စိတ်​ပျက်​အား ငယ်​လျက်​နေ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 မော ဘ သည် မော ဘ အ တွက် အော် ရာ၊ လူ ခပ် သိမ်း ပင် အော် ရ ကြ မည်။ ဒဏ် ချက် ပြင်း စွာ ခံ ရ သည့် အ လျောက်၊ ကိ ရ ဟ ရက် မြို့၊ စ ပျစ် ပျဉ် များ ကို၊ လွမ်း ဆွတ် ညည်း ညူ ရ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ထို​ကြောင့်၊ မော​ဘ​သည် မိ​မိ​အ​တွက် ညည်း​တွား​မြည်​တမ်း​ရ​လိမ့်​မည်။ ပြည်​သား​ရှိ​သ​မျှ​တို့​သည် ညည်း​တွား​မြည်​တမ်း​ကြ​လိမ့်​မည်။ ကိ​ရ​ဟ​ရက်​မြို့ ပျက်​သည်​အ​တွက် သင်​တို့​သည် ညည်း​တွား​ကြ​လိမ့်​မည်။ ထို​မြို့​သည် ဒဏ်​ခတ်​ခြင်း​ကို​အ​လွန်​ခံ​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ထို့ကြောင့် မောဘ​ပြည်သား​သည် မောဘ​ပြည်​ကြောင့် ညည်းတွားငိုကြွေး​ကြ​ရ​မည်​။ လူ​တိုင်း ညည်းတွားငိုကြွေး​ကြ​ရ​မည်​။ သင်​တို့​သည် ကိရဟရက်​မြို့​မှ စပျစ်ခြောက်မုန့်​များ​ကြောင့် ညည်းတွား​ကြ​ရ​မည်​။ အမှန်ပင် ပူဆွေးသောက​ရောက်​ကြ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 16:7
8 ပူးပေါင်းရင်းမြစ်များ  

မြေ​ကောင်း​မြေ​သန့်​ကို​တွေ့​ရှိ​သည့်​အ​ခါ​တိုင်း ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ကိုယ်​စီ​ကိုယ်​ငှ ကျောက်​ခဲ​တစ်​လုံး​စီ​ပစ်​ချ​ကြ​သ​ဖြင့် နောက်​ဆုံး ၌​ထို​မြေ​တို့​ကို​ကျောက်​ခဲ​များ​ဖြင့်​ဖုံး​အုပ်​စေ ကြ​၏။ စမ်း​ရေ​တွင်း​ရှိ​သ​မျှ​ကို​လည်း​ပိတ်​ဆို့​၍ သစ်​သီး​ပင်​များ​ကို​လည်း​ခုတ်​လှဲ​ကြ​၏။ နောက် ဆုံး​၌​ကိ​ရ​ဟ​ရက်​မြို့​တော်​သာ​လျှင်​ကျန်​တော့ သ​ဖြင့် လောက်​လွှဲ​တပ်​သား​တို့​သည်​ထို​မြို့​ကို ဝိုင်း​ရံ​တိုက်​ခိုက်​ကြ​၏။


ဝေး​ကွာ​သော​ဣ​သ​ခါ​ခ​ရိုင်၊ ဇာ​ဗု​လုန်​ခ​ရိုင်​နှင့် န​ဿ​လိ​ခ​ရိုင်​မှ​စ​သော​မြောက်​ပိုင်း​အ​ရပ်​များ မှ​လူ​တို့​သည်​မုန့်​ညက်၊ သင်္ဘော​သ​ဖန်း​သီး၊ စ​ပျစ် ရည်​နှင့်​သံ​လွင်​ဆီ​တို့​ကို​မြည်း​များ၊ ကု​လား အုတ်​များ၊ လား​များ၊ နွား​များ​ဖြင့်​တင်​ဆောင် လာ​ကြ​၏။ သူ​တို့​သည်​သတ်​၍​စား​ရန်​အ​တွက် နွား​များ​နှင့်​သိုး​များ​ကို​လည်း​ယူ​ဆောင်​လာ လေ​သည်။ ဤ​အ​မှု​အ​ရာ​အ​ပေါင်း​အား​ဖြင့် နိုင်​ငံ​တစ်​ဝှမ်း​လုံး​ရှိ​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ပျော်​ရွှင်​ကြ​ပုံ​ကို​ထုတ်​ဖော်​၍​ပြ​သ​တည်း။


အ​စား​အ​စာ​များ​ကို​ဝေ​ပေး​တော်​မူ​၏။ မင်း ကြီး​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​အ​မျိုး​သား အ​မျိုး​သ​မီး​အ​ပေါင်း​တို့​အား​မုန့်​တစ်​လုံး၊ အ​မဲ​သား​တစ်​တုံး​နှင့် စ​ပျစ်​သီး​ခြောက် အ​နည်း​ငယ်​စီ​ပေး​တော်​မူ​၏။


ငါ​သည်​မော​ဘ​ပြည်​အ​တွက်​စိတ်​ညှိုး​ငယ် လျက်၊ ကိ​ရ​ဟ​ရက်​မြို့​အ​တွက်​ဝမ်း​နည်း လျက်​ညည်း​ညူ​မိ​ပါ​၏။-


လူ​တို့​သည်​ဖတ်​ရွတ်​သ​ရဇ္စျာယ်​တတ်​သူ​ဗေ​ဒင် ဆ​ရာ​များ​နှင့် နတ်​ဝင်​သည်​တို့​အား​စုံ​စမ်း မေး​မြန်း​ရန်​သင်​တို့​အား​ပြော​ကြ​လိမ့်​မည်။ သူ​တို့​က``လူ​တို့​သည်​အ​သက်​ရှင်​သူ​တို့ ကိုယ်​စား​သေ​သူ​တို့​၏​ဝိ​ညာဉ်​များ​ကို​မေး မြန်း​စုံ​စမ်း​အပ်​သည်'' ဟု​ဆို​ကြ​လိမ့်​မည်။


ထို​သူ​တို့​က`မော​ဘ​ပြည်​ကျ​ဆုံး​လေ​ပြီ။ ထို​ပြည်​အ​တွက်​ငို​ကြွေး​ကြ​လော့။ ယင်း​သည်​အ​ရှက်​ကွဲ​လေ​ပြီ။ မော​ဘ​ပြည်​ပျက်​သုဉ်း​၍​သွား​ကြောင်း​ကို အာ​နုန်​မြစ်​ရိုး​တစ်​လျှောက်​တွင်​ကြွေး​ကြော် ကြ​လော့' ဟု​ပြန်​လည်​ဖြေ​ကြား​ကြ​လိမ့်​မည်။


သို့​ဖြစ်​၍​ငါ​သည်​မော​ဘ​ပြည်​သူ​အ​ပေါင်း တို့​နှင့်​ကိ​ရ​ဟ​ရက်​မြို့​သူ​မြို့​သား​တို့ အ​တွက်​မျက်​ရည်​ကျ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ