ယေရမိ 47:2 - Common Language Bible2 ကိုယ်တော်က၊ ``ကြည့်ရှုလော့။ မြောက်အရပ်တွင်ရေတက် လျက် ရေလျှံမြစ်ကဲ့သို့စီးဆင်းလာလိမ့်မည်။ ထိုရေတို့သည်ကမ္ဘာမြေကြီးနှင့်မြေကြီး ပေါ်တွင် ရှိသမျှသောအရာများ၊မြို့များနှင့် မြို့သူမြို့သားများကိုလွှမ်းမိုးကြလိမ့်မည်။ လူတို့သည်ကယ်ရန်ဟစ်ခေါ်ကြလိမ့်မည်။ ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့သည်ပြင်းပြစွာ ငိုကြွေးကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible2 ထာ ဝ ရ ဘု ရား က၊ မြောက် ပိုင်း မှ ထွက် စီး သော ရေ သည်၊ လျှံ တက် သော မြစ် သ ဖွယ်၊ နေ ပြည် နှင့် ပေါ် ပေါက် သ မျှ ကို လည်း ကောင်း၊ မြို့ ရွာ နှင့် နေ ထိုင် သ မျှ ကို လည်း ကောင်း၊ လွှမ်း မိုး သည့် အ တွက်၊ ပြည် သူ ပြည် သား တို့ သည်၊ အော် ဟစ် ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible2 ထာဝရဘုရား မိန့်တော်မူသည်ကား၊ မြောက်မျက်နှာဘက်က ရေသည်ထ၍ လွှမ်းမိုးသောပင်လယ်ဖြစ်လျက်၊ တစ်ပြည်လုံးနှင့်၊ ပြည်၌ ပါသမျှကိုလည်းကောင်း၊ မြို့နှင့် မြို့၌နေသော သူတို့ကိုလည်းကောင်းလွှမ်းမိုး၍၊ သူတို့သည် အော်ဟစ်ကြလိမ့်မည်။ ပြည်သူပြည်သားတို့သည် မြည်တမ်းကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ထာဝရဘုရားက “ကြည့်ရှုလော့။ ရေသည် မြောက်အရပ်မှတက်လာ၍ မြစ်ရေလျှံသကဲ့သို့ လျှံတက်လိမ့်မည်။ ထိုရေသည် ပြည်နှင့်ထိုပြည်၌ရှိသမျှ၊ မြို့နှင့်မြို့သားရှိသမျှတို့ကို လွှမ်းမိုးလိမ့်မည်။ လူတို့ အော်ဟစ်ကြလိမ့်မည်။ ပြည်သူပြည်သားတို့ ညည်းတွားငိုကြွေးကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုအုတ်မြစ်အတွက်တရားမျှတမှုကို တံမျဉ်းကြိုး၊ ရိုးသားဖြောင့်မှန်မှုကိုချိန် သီးကြိုးအဖြစ်အသုံးပြုမည်။ ထိုကြောင့်ငါသည်မိုးသီးမုန်တိုင်းသဖွယ် သင်တို့၏အမှီသဟဲဖြစ်သည့်လိမ်လည် မှုများကို သိမ်းကျုံးဖယ်ရှားကာမြစ်လျှံ ရေကဲ့သို့ သင်တို့၏လုံခြုံမှုကိုလည်းလွှမ်း မိုးပျက်ပြားစေတော်မူမည်။
အရှေ့မျက်နှာမှသည်အနောက်မျက်နှာသို့ တိုင်အောင် လူအပေါင်းတို့သည်ကိုယ်တော်၏ နာမတော်နှင့်ဘုန်းတန်ခိုးတော်တို့ကိုကြောက် ရွံ့လေးစားကြလိမ့်မည်။ ကိုယ်တော်သည်အရှိန် ပြင်းသည့်ချောင်းရေကဲ့သို့လည်းကောင်း၊ အဟုန် ကြီးသည့်လေကဲ့သို့လည်းကောင်းကြွလာ တော်မူလိမ့်မည်။
မောဘပြည်သည်ကြေမွ၍သွားလေပြီ။ မောဘပြည်သည်ငိုကြွေးလျက်နေလေပြီ။ မောဘပြည်သည်အသရေပျက်လေပြီ။ ထို ပြည်သည်ယိုယွင်းပျက်စီးလျက်နေသဖြင့် နီးနားဝန်းကျင်မှလူမျိုးအပေါင်းတို့သည် ယင်းကိုပြက်ရယ်ပြုကြကုန်၏။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူသည်။
ရန်သူများသည်မြောက်ဘက်ရှိဒန်မြို့သို့ တိုင်အောင်ရောက်ရှိလာကြရာ သူတို့၏မြင်း များနှာမှုတ်သံကိုငါတို့ကြားရကြ၏။ သူတို့၏မြင်းများဟီလိုက်သောအခါ၌ တစ်တိုင်းတစ်ပြည်လုံးတုန်လှုပ်၍သွား၏။ သူတို့သည်ငါတို့ပြည်နှင့်တကွ ငါတို့ ပြည်တွင်ရှိသမျှသောအရာများ၊ ငါတို့ မြို့နှင့်မြို့သူမြို့သားများအားသုတ်သင် ဖျက်ဆီးရန်လာရောက်ကြလေပြီ'' ဟုဆို ကြ၏။