Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 48:31 - Common Language Bible

31 သို့​ဖြစ်​၍​ငါ​သည်​မော​ဘ​ပြည်​သူ​အ​ပေါင်း တို့​နှင့်​ကိ​ရ​ဟ​ရက်​မြို့​သူ​မြို့​သား​တို့ အ​တွက်​မျက်​ရည်​ကျ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

31 ထို့ ကြောင့်၊ မော ဘ အ တွက် အော် ခြင်း၊ ပြည် သူ ပြည် သား တို့ အ တွက် ဟစ် ခြင်း ကို၊ ငါ ပြု သည့် အ လျောက်၊ ကိ ရ ဟ ရက် မြို့ သား တို့ ကို လည်း၊ လွမ်း ဆွတ် ညည်း ညူ ခြင်း ရှိ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 ထို​ကြောင့်၊ မော​ဘ​အ​တွက် ငါ​သည်​ညည်း​တွား​မြည်​တမ်း​မည်။ မော​ဘ​ပြည် တစ်​ပြည်​လုံး​အ​တွက် ငို​ကြွေး​မည်။ ကိ​ရ​ဟ​ရက်​မြို့​သား​တို့​အ​တွက် ညည်း​တွား​ခြင်း ရှိ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 သို့ဖြစ်၍ မောဘ​ပြည်​ကြောင့် ငါ​ညည်းတွားငိုကြွေး​မည်​။ မောဘ​ပြည်​တစ်ပြည်လုံး​ကြောင့် ငါ​အော်ဟစ်​မည်​။ ကိရဟရက်​မြို့သား​တို့​ကြောင့် ငါ​ညည်းတွား​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 48:31
4 ပူးပေါင်းရင်းမြစ်များ  

မြေ​ကောင်း​မြေ​သန့်​ကို​တွေ့​ရှိ​သည့်​အ​ခါ​တိုင်း ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ကိုယ်​စီ​ကိုယ်​ငှ ကျောက်​ခဲ​တစ်​လုံး​စီ​ပစ်​ချ​ကြ​သ​ဖြင့် နောက်​ဆုံး ၌​ထို​မြေ​တို့​ကို​ကျောက်​ခဲ​များ​ဖြင့်​ဖုံး​အုပ်​စေ ကြ​၏။ စမ်း​ရေ​တွင်း​ရှိ​သ​မျှ​ကို​လည်း​ပိတ်​ဆို့​၍ သစ်​သီး​ပင်​များ​ကို​လည်း​ခုတ်​လှဲ​ကြ​၏။ နောက် ဆုံး​၌​ကိ​ရ​ဟ​ရက်​မြို့​တော်​သာ​လျှင်​ကျန်​တော့ သ​ဖြင့် လောက်​လွှဲ​တပ်​သား​တို့​သည်​ထို​မြို့​ကို ဝိုင်း​ရံ​တိုက်​ခိုက်​ကြ​၏။


ငါ​သည်​မော​ဘ​ပြည်​အ​တွက်​ငို​ကျွေး​၏။ ပြည် သူ​တို့​သည်​ဇော​ရ​မြို့​ဧ​ဂ​လတ်​ရှ​လိ​ရှိ​ယ အ​ထိ​ထွက်​ပြေး​ကြ​၏။ အ​ချို့​သော​သူ​တို့ သည်​မျက်​ရည်​ကျ​လျက် လု​ဟိတ်​တောင်​လမ်း အ​တိုင်း​တက်​သွား​ကြ​၏။ အ​ချို့​တို့​က​မူ ဝမ်း​နည်း​အော်​ဟစ်​ငို​ကြွေး​ကာ ဟော​ရ​နိမ် မြို့​သို့​ထွက်​ပြေး​ကြ​ကုန်​၏။-


``မော​ဘ​ပြည်​သား​များ​နှင့် ကိ​ရ​ဟ​ရက်​မြို့ သူ​မြို့​သား​များ​သည်​မိ​မိ​တို့​ပိုင်​ဆိုင်​သ​မျှ သော​ဥစ္စာ​ပစ္စည်း​များ​ဆုံး​ရှုံး​ကုန်​ကြ​ပြီ ဖြစ်​၍ ငါ​၏​စိတ်​နှ​လုံး​သည်​မ​သာ​သီ​ချင်း ကို​ပြွေ​မှုတ်​သူ​ကဲ့​သို့​ထို​သူ​တို့​၏​အ​တွက် ငို​ကြွေး​မြည်​တမ်း​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ