ကိုယ်တော်ရှင်သည်ဣသရေလလူမျိုးအား မိမိထာဝစဉ်ပိုင်ရာလူမျိုးတော်ဖြစ်စေ တော်မူပြီ။ အို ထာဝရဘုရား၊ ကိုယ်တော် ရှင်သည်လည်းသူတို့၏ဘုရားဖြစ်တော် မူပြီ။''
ဟေရှာယ 12:2 - Common Language Bible ``ဘုရားသခင်သည်ငါ၏ကယ်တင်ရှင်ဖြစ် တော်မူ၏။ ငါသည်ကိုယ်တော်အားကြောက်လန့်၍မနေဘဲ ယုံကြည်ကိုးစားမည်။ ထာဝရဘုရားသည်ငါ့အားတန်ခိုးနှင့် ခွန်အားကို ပေးတော်မူသောအရှင်ဖြစ်ပါ၏။ ကိုယ်တော်သည်ငါ၏ကယ်တင်ရှင်တည်း။ Garrad Bible ဘု ရား သ ခင် သည်၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ပေ တည်း။ ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ ငါ၏ စွမ်း အား၊ ငါ ကျူး ဧ ဖွဲ့ ဆို ရာ၊ ငါ့ ကို ကယ် တင် ရာ အ ကြောင်း ဖြစ် စေ တော် မူ သ ဖြင့်၊ ကြောက် ရွံ့ ခြင်း ကင်း ၍ ကိုး စား ပါ မည် ဟု မြွက် ဆို လျက်၊ Judson Bible ဘုရားသခင်သည် ငါ့ကို ကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ကြောက်လန့်သောစိတ်မရှိဘဲ ရဲရင့်မည်။ ထာဝရဘုရားသည် ငါချီးမွမ်းရာ၊ ငါသီချင်းဆိုရာ၊ ငါ့ကိုကယ်တင်တော်မူသောအရှင် ဖြစ်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါသည် ကြောက်ရွံ့ခြင်းမရှိဘဲ ယုံကြည်ကိုးစားမည်။ အကြောင်းမူကား ထာဝရဘုရားသည် ငါ၏ခွန်အား၊ ငါ၏တေးသီချင်း၊ ငါ့ကို ကယ်တင်သောအရှင်ဖြစ်တော်မူ၏”ဟု ဆိုလိမ့်မည်။ |
ကိုယ်တော်ရှင်သည်ဣသရေလလူမျိုးအား မိမိထာဝစဉ်ပိုင်ရာလူမျိုးတော်ဖြစ်စေ တော်မူပြီ။ အို ထာဝရဘုရား၊ ကိုယ်တော် ရှင်သည်လည်းသူတို့၏ဘုရားဖြစ်တော် မူပြီ။''
သူသည်စိုးရိမ်ပူပန်မှုနှင့်သော်လည်းကောင်း၊ ကြောက်လန့်မှုနှင့်သော်လည်းကောင်းကင်း၏။ မိမိ၏ရန်သူများအရေးရှုံးနိမ့်သည်ကိုမုချ တွေ့မြင်ရလိမ့်မည်။
ထာဝရဘုရားသည်ငါ့အားတန်ခိုးစွမ်းရည် ကြီးမားစေတော်မူ၏။ ကိုယ်တော်သည်ငါ့ကိုကယ်တင်တော်မူ ပြီ။
အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးလျှောက်ထား ချက်ကို ကြားတော်မူ၍ ကျွန်တော်မျိုးအားအောင်ပွဲကိုပေးတော်မူ သဖြင့် ကျွန်တော်မျိုးသည်ကိုယ်တော်အားထောမနာ ပြုပါ၏။
ထာဝရဘုရားသည်ငါ၏အလင်း၊ ငါ၏ကယ်တင်ရှင်ဖြစ်တော်မူ၏။ ငါသည်အဘယ်သူကိုမျှကြောက်လန့်ရ အံ့နည်း။ ထာဝရဘုရားသည်ဘေးအန္တရာယ်အပေါင်းမှ ငါ့ကိုကွယ်ကာစောင့်ရှောက်တော်မူ၏။ ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။
ကိုယ်တော်ရှင်သည်တန်ခိုးတော်အားဖြင့် တောင်များကိုနေရာချထားတော်မူလျက် တန်ခိုးအာနုဘော်တော်ကိုပြတော်မူပါ၏။
ငါတို့၏ဘုရားသည်ကယ်တော်မူသောဘုရား ဖြစ်တော်မူ၏။ ကိုယ်တော်ကားထာဝရဘုရား၊ ငါတို့အားသေဘေးမှကယ်ဆယ်တော် မူသော ငါတို့၏ဘုရားရှင်ဖြစ်တော်မူ၏။
ထာဝရဘုရားသည်မိမိ၏ရန်သူများနှင့် အပြစ်ပြုမြဲပြုနေသူများ၏ဦးခေါင်းကို ဧကန်အမှန်ခုတ်ဖြတ်တော်မူလိမ့်မည်။
သူတို့သည်ကိုယ်တော်ရှင်တစ်ပါးတည်းသာလျှင် ထာဝရဘုရားဖြစ်တော်မူ၍ ကမ္ဘာတစ်ဝန်းလုံးတွင်ဘုရင်တကာတို့၏ဘုရင် ဖြစ်တော်မူကြောင်းကိုသိရှိကြပါစေသော။
ထာဝရဘုရားသည်ငါ၏ခွန်အားကြီးသော အကာအကွယ်၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ငါသည်ကိုယ်တော်အားထောမနာပြုပါမည်။ ကိုယ်တော်သည်ငါ့အဖ၏ဘုရားသခင် ဖြစ်တော်မူ၍ ကိုယ်တော်၏ကြီးမြတ်တော်မူခြင်းကို ကူးရင့်သီဆိုပါမည်။
အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ဇိအုန် မြို့တွင်နေထိုင်ကြသူ မိမိတို့၏လူမျိုးတော် အား``အာရှုရိအမျိုးသားတို့သည်အီဂျစ် အမျိုးသားတို့နည်းတူ သင်တို့အားဖိနှိပ် ကြသော်လည်း သင်တို့သည်သူတို့ကိုမ ကြောက်ကြနှင့်။-
အို ဣသရေလပြည်၊ သင်သည်မိမိအားကယ် ဆယ်တော်မူ၍ကျောက်တုံးကြီးသဖွယ်ကွယ် ကာတော်မူသောဘုရားသခင်ကိုမေ့လျော့ ခဲ့လေပြီ။ သင်သည်လူမျိုးခြားများ၏ဘုရား ကိုဝတ်ပြုကိုးကွယ်ရန်အတွက် မွန်မြတ်သော အပင်များကိုစိုက်ပျိုးခဲ့ပေသည်။
သို့ရာတွင်ငါ၏လူမျိုးတော်၏ရန်သူများ သည် ငါ၏ကွယ်ကာစောင့်ထိန်းမှုကိုအလိုရှိ ပါမူ ငါနှင့်ပြေလည်ကျေအေးမှုရရှိရန် ဆောင်ရွက်ကြရာ၏။ သူတို့သည်ငါနှင့်ပြေ လည်ကျေအေးမှုရရှိရန် အမှန်ပင်ဆောင် ရွက်ကြရာ၏'' ဟုမိန့်တော်မူလိမ့်မည်။
သူတို့အားလုံးပင်လေနှင့်မိုးသက်မုန်တိုင်း များမှခိုလှုံရာအရပ်ကဲ့သို့ဖြစ်လိမ့်မည်။ သူတို့သည်ခြောက်သွေ့ရာအရပ်၌စီးလျက် နေသည့်ချောင်းများနှင့်လည်းကောင်း၊ ကွင်း ခေါင်ခေါင်နေပူကြဲကြဲတွင်ရှိသောကျောက် တုံးကြီး၏အရိပ်နှင့်လည်းကောင်းတူလိမ့် မည်။-
ထိုလှေသင်္ဘောများ၏ရွက်တိုင်နှင့်ကြိုးတို့ သည်ပြုတ်လျက် ရွက်များသည်လည်းဖြန့်၍ မရပါတကား။ ရန်သူတပ်မှဥစ္စာပစ္စည်း များကိုလုယူကြလိမ့်မည်။ ထိုပစ္စည်းဥစ္စာ တို့မှာမြောက်မြားလှသည်ဖြစ်၍ ခြေမစွမ်း သူများပင်လျှင်မိမိတို့ဝေစုကိုရရှိကြ လိမ့်မည်။ ထာဝရဘုရားကိုယ်တော်တိုင် ပင်လျှင် ငါတို့၏ဘုရင်ဖြစ်တော်မူလိမ့် မည်။ ကိုယ်တော်သည်ငါတို့ကိုအုပ်စိုး၍ ကွယ်ကာတော်မူလိမ့်မည်။-
အို ထာဝရဘုရားကိုယ်တော်ရှင်သည် ကျွန်တော်မျိုး၏အနာရောဂါကိုပျောက်ကင်း စေတော်မူပါပြီ။ ကျွန်တော်မျိုးတို့သည်စောင်းများကိုတီး၍ ကိုယ်တော်၏ဂုဏ်တော်ကိုချီးမွမ်း၍ သီချင်းဆိုပါမည်။ မိမိတို့အသက်ရှင်သမျှကာလပတ်လုံး ကိုယ်တော်ရှင်၏ဗိမာန်တော်တွင်ထောမနာ ပြု၍ သီချင်းဆိုပါမည်။
သို့ရာတွင်ဣသရေလအမျိုးသားတို့မူကား ထာဝရဘုရား၏ကယ်တင်တော်မူခြင်းကို ခံကြလျက်သူတို့၏အောင်ပွဲသည် ထာဝစဉ်တည်လိမ့်မည်။ သူတို့သည်လည်းအဘယ်အခါ၌မျှ အသရေပျက်ကြရလိမ့်မည်မဟုတ်။' ''
အမိဝမ်းတွင်ရှိစဉ်အခါကပင်လျှင်၊ငါ့အား ထာဝရဘုရားသည်ရွေးချယ်ထားတော်မူပါ၏။ ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား ပြန်လည်ခေါ်ဆောင်လာစေရန်၊ ပျံ့လွင့်လျက်ရှိသည့်ဣသရေလအမျိုးသား တို့အား ပြန်လည်ခေါ်ဆောင်လာစေရန် အစေခံအဖြစ်ဖြင့်ငါကိုခန့်ထားတော်မူပါ၏။ ထာဝရဘုရားသည်ငါ့ကိုဂုဏ်ပြုတော်မူ၍ ငါ့ခွန်အား၏အရင်းအမြစ်ဖြစ်တော်မူ၏။
ထာဝရဘုရားအားကြောက်ရွံ့ရိုသေ၍၊ ကိုယ်တော်အစေခံ၏စကားကိုနားထောင်သူ အပေါင်းတို့၊ သင်တို့လျှောက်ရသည့်လမ်းသည်မှောင်လျက် နေကောင်းနေလိမ့်မည်။ သို့ရာတွင်သင်တို့သည်ထာဝရဘုရားကို ယုံကြည်ကိုးစားကြလော့။ သင်တို့၏ဘုရားသခင်ကိုမှီခိုအားကိုးကြလော့။
ထာဝရဘုရားက၊ ``သင်တို့ကိုခွန်အားဖြင့်ပြည့်ဝစေသူမှာငါပင် ဖြစ်၏။ မြက်ပင်တမျှသာအသက်ရှည်သူ သေမျိုးလူသားအား၊သင်တို့သည်အဘယ်ကြောင့် ကြောက်လန့်ရပါမည်နည်း။
ယေရုရှလင်မြို့သည်ထာဝရဘုရားပြု တော်မူသော အမှုတော်အတွက်ရွှင်လန်းဝမ်းမြောက်ရလိမ့်မည်။ သူသည်မင်္ဂလာဆောင်ပွဲအတွက်ဝတ်စား တန်ဆာဆင်ထားသည့်သတို့သမီးနှင့်တူ၏။ ဘုရားသခင်သည်သူ့ကိုကယ်တင်ခြင်းနှင့် အောင်မြင်ခြင်း တို့ဖြင့်တန်ဆာဆင်ပေးတော်မူပါ၏။
``သင်တို့၏ကယ်တင်ရှင်ထာဝရဘုရား သည် မိမိကယ်တင်တော်မူခဲ့သည့်လူတို့ကို ခေါ်ဆောင်ကာ ကြွလာတော်မူလိမ့်မည်'' ဟု ယေရုရှလင်မြို့သားတို့အားပြောပြကြရန်၊ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့အားထာဝရ ဘုရား ကြေညာလျက်နေတော်မူပါ၏။
ငါဖန်ဆင်းတော်မူသည့်အမှု၌ထာဝစဉ် အားရဝမ်းမြောက်ကြလော့။ ငါဖန်ဆင်းတော် မူသည့်ယေရုရှလင်မြို့သစ်သည်နှစ်ထောင်း အားရဖွယ်ကောင်း၍၊ ထိုမြို့မှလူတို့သည် လည်းဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်။-
ယခုထာဝရဘုရားကိုယ်တော်တိုင်ပင် သင့် အားနိမိတ်လက္ခဏာတစ်ခုကိုပြတော်မူ လိမ့်မည်။ အမျိုးသမီးပျိုတစ်ယောက်သည် ကိုယ်ဝန်ဆောင်၍သားယောကျာ်းကိုဖွားမြင် လိမ့်မည်။ သူသည်ထိုသားကို`ဧမာနွေလ' ဟုနာမည်ပေးလိမ့်မည်။-
ထိုမင်းနန်းစံချိန်၌ယုဒပြည်သားတို့သည် ဘေးမဲ့လုံခြုံမှုရှိလျက်၊ ဣသရေလပြည် သားတို့သည်ငြိမ်းချမ်းသာယာစွာနေထိုင် ရကြလိမ့်မည်။ သူတို့သည်ထိုမင်း၏ဘွဲ့ နာမကို``ငါတို့အားကယ်တင်တော်မူသော ထာဝရဘုရား'' ဟူ၍ခေါ်ဆိုသမုတ်ကြ လိမ့်မည်။
တောင်ထိပ်များအပေါ်၌ဝတ်ပြုကိုးကွယ် ခြင်းအားဖြင့် အကျွန်ုပ်တို့အကူအညီမရ ပါ။ ဣသရေလအတွက်အကူအညီကို အကျွန်ုပ်ဘုရားသခင်ထာဝရဘုရား ထံတော်၌သာလျှင်ရရှိနိုင်ပါ၏။-
မင်းကြီးက``ရှာဒရက်၊ မေရှက်နှင့်အဗေဒ နေဂေါတို့ကိုးကွယ်သောဘုရားသခင်ကို ထောမနာပြုကြလော့။ ကိုယ်တော်သည်ကောင်း ကင်တမန်ကိုစေလွှတ်တော်မူ၍ မိမိကိုယုံ ကြည်ကိုးစားကြသောဤသူသုံးဦးတို့ အားကယ်တင်တော်မူ၏။ သူတို့သည်မိမိ တို့၏ဘုရားမှတစ်ပါးအခြားဘုရားကို ဦးညွှတ်ရှိခိုးမည့်အစား မိမိတို့အသက် ဘေးကိုပင်ပမာဏမပြုဘဲငါ၏အမိန့် ကိုဖီဆန်ခဲ့ကြ၏။
ငါသည်ယုဒပြည်သားတို့ကိုမူကား သနားကြင်နာဦးမည်။ သူတို့၏ဘုရားသခင်ငါထာဝရဘုရားသည်သူတို့ အားကယ်တင်မည်။ သို့ရာတွင်စစ်တိုက် ခြင်းအားဖြင့်လည်းကောင်း၊ လေး၊ မြား၊ ဋ္ဌား၊ မြင်း၊ မြင်းတပ်အားဖြင့်လည်းကောင်းသူ တို့အားကယ်တင်မည်မဟုတ်။
``အို ဇိအုန်မြို့သားတို့ဝမ်းမြောက်ကြလော့။ သင်တို့အားဘုရားသခင်ထာဝရဘုရား ပြုတော်မူသောအမှုများအတွက်အားရ ရွှင်မြူးကြလော့။ ကိုယ်တော်သည်သင်တို့အားဆောင်းဦးမိုး အလုံအလောက်ချပေးတော်မူလေပြီ။ ဆောင်းနှောင်းမိုးကိုလည်းကောင်းယခင် အခါများမှာကဲ့သို့ နွေဦးမိုးကိုလည်းကောင်း၊သင်တို့အပေါ်သို့ ရွာသွန်းစေတော်မူလေပြီ။
သို့ရာတွင်အကျွန်ုပ်တို့သည်အရှင်၏ ဂုဏ်တော်ကိုချီးကူးပါမည်။ ကိုယ်တော်အားယဇ်ပူဇော်ပါမည်။ ထို့ပြင်အကျွန်ုပ်ပြုခဲ့သည့်သစ္စာကတိ အတိုင်း လိုက်နာပါမည်။ အကြောင်းမှာကယ်တင်ခြင်းအမှုသည် ထာဝရဘုရားထံတော်မှလာပါသည်'' ဟု ဆုတောင်းပတ္ထနာပြုလေ၏။
ငါသည်သတင်းကောင်းကိုလုံးဝယုံကြည် စိတ်ချ၏။ ထိုသတင်းကောင်းသည်ဦးစွာယုဒ လူမျိုး၊ ထို့နောက်လူမျိုးခြားတို့တွင်ယုံကြည် သူအပေါင်းတို့အားကယ်တင်သောဘုရား သခင်၏တန်ခိုးတော်ဖြစ်၏။-
ငါတို့၏ဘာသာတရားတော်နက်နဲပုံကို အဘယ်သူမျှငြင်းဆို၍မရပေ။ ထိုနက်နဲ ပုံကားအောက်ပါအတိုင်းဖြစ်သည်။ ကိုယ်တော်သည်ကိုယ်ခန္ဓာ၌ပေါ်ထွန်းတော်မူ ပြီ။ ဟုတ်မှန်တော်မူကြောင်းကိုဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ။ ကောင်းကင်တမန်များသည်ကိုယ်တော်ကို ရှုမြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းတော်ကို လူမျိုးတကာတို့အားကြေညာပြီ။ ကမ္ဘာပေါ်ရှိလူတို့သည်ယုံကြည်ကြပြီ။ ကောင်းကင်ဘုံသို့ဆောင်ယူခြင်းကိုခံတော် မူပြီ။
သူတို့က``ကယ်တင်ခြင်းကျေးဇူးသည်ပလ္လင် တော်ပေါ်မှာစံတော်မူသော ငါတို့ဘုရား သခင်နှင့်သိုးသူငယ်တော်ထံမှသက်ရောက် လာ၏'' ဟုကြီးသောအသံနှင့်ကြွေးကြော် ကြ၏။-
ဟန္နသည်ဤသို့ဆုတောင်းပတ္ထနာပြုသည်။ ``ထာဝရဘုရားသည်ကျွန်မအားစိတ်ရွှင်လန်း စေတော်မူပြီ။ ကျွန်မသည်ကိုယ်တော်ပြုတော်မူသော အမှုကိုထောက်၍ဝမ်းမြောက်ပါ၏။ ကျွန်မသည်ရန်သူတို့အားပြက်ရယ်ပြုခွင့် ရပါ၏။ ဘုရားသခင်သည်ကျွန်မကိုကူမတော်မူပြီ ဖြစ်၍ ကျွန်မသည်စိတ်ရွှင်လန်းပါ၏။