ဟေရှာယ 12:1 - Common Language Bible1 ``အို ထာဝရဘုရားကိုယ်တော်ရှင်အား၊ ကျွန်တော်မျိုးထောမနာပြုပါ၏။ ကိုယ်တော်ရှင်သည်ယခင်ကကျွန်တော်မျိုးအား အမျက်ထွက်တော်မူခဲ့သော်လည်း၊ ယခုအခါအမျက်ထွက်တော်မမူတော့ဘဲ နှစ်သိမ့်မှုကိုပေးတော်မူပါပြီ'' ဟု လူတို့သီဆိုကူးဧကြမည့်အချိန်ကာလ ရောက်လာလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible1 ထို ကာ လ၊ သင် တို့ မြွက် ဆို ရ မည် ကား၊ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ကို အ မျက် တော် ထား တော် မူ သော် လည်း၊ ပြေ ငြိမ်း၍ နှစ် သိမ့် စေ တော် မူ သော ကြောင့်၊ ကျေး ဇူး တော် ကို ချီး မွမ်း ပါ မည်။ အခန်းကိုကြည့်ပါ။Judson Bible1 ထိုကာလ၌ သင်မြွက်ဆိုရမည်ကား၊ အို ထာဝရဘုရား၊ အကျွန်ုပ်သည် ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ အကျွန်ုပ်ကို အမျက်ထွက်တော်မူသော်လည်း၊ တစ်ဖန်အမျက်တော်ငြိမ်း၍၊ အကျွန်ုပ်ကို နှစ်သိမ့်စေတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ထိုနေ့ရက်၌ သင်က “အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုချီးမွမ်းပါမည်။ ကိုယ်တော်သည် အကျွန်ုပ်ကို အမျက်ထွက်တော်မူသော်လည်း အမျက်တော်ပြေ၍ အကျွန်ုပ်ကိုနှစ်သိမ့်တော်မူပါ၏။ အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရားကိုယ်တော်ရှင်သည်၊ ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုချီးမြှောက်၍ နာမတော်ကိုထောမနာပြုပါမည်။ ကိုယ်တော်ရှင်သည်အံ့သြဖွယ်ရာအမှုတို့ကို ပြုတော်မူပါပြီ။ ရှေးမဆွကပင်ပြုတော်မူခဲ့သည့် အကြံအစည်တော်တို့ကို၊ တိကျစွာအကောင်အထည်ဖော်တော်မူပါပြီ။
``ငါသည်ဇိအုန်မြို့နှင့်ထိုမြို့၏ပျက်စီးယိုယွင်းလျက် ရှိသည့်အဆောက်အဦများတွင် နေထိုင်သူတို့အားကရုဏာပြမည်။ ဇိအုန်ဒေသသည်တောကန္တာရပင်ဖြစ်သော်လည်း ငါသည်ယင်းကိုဧဒင်အရပ်မှာကဲ့သို့ ထာဝရဘုရား၏ဥယျာဉ်ဖြစ်စေမည်။ ထိုအရပ်တွင်လူတို့သည်ဝမ်းမြောက်ရွှင်လန်းလျက်၊ ထောမနာသီချင်းဆိုလျက်၊ငါ၏ကျေးဇူးတော်ကို ချီးမွမ်းလျက်နေကြလိမ့်မည်။
အို မိုးကောင်းကင်၊သီချင်းဆိုလော့။ အို ကမ္ဘာမြေကြီး၊ ရွှင်လန်းဝမ်းမြောက်စွာ သီချင်းဆိုကြလော့။ တောင်ရိုးတို့သည်အသံလွှင့်၍သီချင်းဆိုကြစေ။ ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား နှစ်သိမ့်မှုကိုပေးတော်မူလိမ့်မည်။ ကိုယ်တော်သည်ဆင်းရဲဒုက္ခရောက်လျက် ရှိသော မိမိ၏လူမျိုးတော်အားသနားတော်မူလိမ့်မည်။
ဤအမှုအရာများဖြစ်ပျက်လာသောအခါ လူအပေါင်းတို့က``ကိုယ်တော်သည်ငါတို့၏ ဘုရားသခင်ဖြစ်တော်မူပါသည်တကား။ ငါတို့သည်ကိုယ်တော်ကိုယုံကြည်ကိုးစား သည်ဖြစ်၍ ကိုယ်တော်ကလည်းငါတို့အား ကယ်ဆယ်တော်မူလေပြီ။ ကိုယ်တော်ကား ထာဝရဘုရားပေတည်း။ ငါတို့သည် ကိုယ်တော်ကိုယုံကြည်ကိုးစားခဲ့ကြ၏။ ကိုယ်တော်သည်ငါတို့ကိုကယ်တင်တော် မူပြီဖြစ်၍ယခုအခါ ငါတို့သည်ဝမ်း မြောက်ကြည်နူးရွှင်မြူးအားရကြပေ သည်'' ဟုဆိုကြလိမ့်မည်။
ဘုရားသခင်သည်ငါ၏အမျိုးသားတို့အား ပစ်ပယ်တော်မူသောအခါ၌ကမ္ဘာသူကမ္ဘာသား တို့အား မိမိရန်သူများဖြစ်ရာမှမိတ်ဆွေများ ဖြစ်စေတော်မူ၏။ သို့ဖြစ်၍ယုဒအမျိုးသား တို့အားဘုရားသခင်ပြန်လည်လက်ခံတော်မူ သောအခါ၌အဘယ်သို့ဖြစ်လိမ့်မည်နည်း။ သူသေတို့အားအသက်ပြန်၍ရှင်စေသကဲ့ သို့ဖြစ်လိမ့်မည်။
``အို ဣသရေလငါသည်သင့်ကိုအဘယ်သို့ ပစ်ပယ်နိုင်မည်နည်း။ ငါသည်သင့်ကိုအဘယ်သို့ စွန့်ပစ်နိုင်မည်နည်း။ ငါသည်အာဒမာမြို့ကိုဖျက်ဆီးသကဲ့သို့ လည်းကောင်း၊ ဇေဘိုင်မြို့ကိုပျက်သုဉ်းစေသကဲ့သို့လည်း ကောင်း၊ သင့်ကိုအဘယ်သို့သုတ်သင်ဖျက်ဆီးနိုင်မည် နည်း။ သင်တို့အပေါ်၌ငါ့မေတ္တာကရုဏာသည် ကြီးမားလှသောကြောင့်၊ ငါ၏စိတ်နှလုံးသည်ထိုသို့မပြုရက်နိုင်။
``ငါသည်ကမ္ဘာမြေကြီးကိုနောက်တစ်ဖန် ရေလွှမ်းမိုးစေလိမ့်မည်မဟုတ်ဟု နောဧ၏လက်ထက်၌ကတိပြုခဲ့၏။ သင်တို့အားနောက်တစ်ဖန် အမျက်ထွက်တော်မူလိမ့်မည်မဟုတ်ကြောင်း ယခုငါကတိပြုပါ၏။ ငါသည်သင်တို့အားပြစ်တင်ဆုံးမမှုနှင့် အပြစ်ဒဏ်ခတ်မှုကိုပြုလိမ့်မည်မဟုတ်ပါ။
ကိုယ်တော်ရှင်သည်မှန်ရာကိုပြုကျင့်၍ပျော်မွေ့ တတ်သူများအားလည်းကောင်း၊ ကိုယ်တော်ရှင် ၏အလိုတော်အတိုင်းပြုကျင့်ရန်မမေ့မ လျော့တတ်သူများအားလည်းကောင်းကြိုဆို လက်ခံတော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန် တော်မျိုးတို့အားအမျက်ထွက်တော်မူသော် လည်း ကျွန်တော်မျိုးတို့သည်အပြစ်ကူးမြဲ ကူးလျက်နေကြပါ၏။ ကိုယ်တော်အမျက် ထွက်နေပါလျက်ကျွန်တော်မျိုးတို့သည် အမှားကိုပြုမြဲပြုကြပါ၏။ ရှေးယခင် ကစ၍ဤသို့ပြုခဲ့မိကြပါ၏။-
ယခုအိမ်သို့ပြန်၍ပျော်ရွှင်စွာစားသောက် ကြလော့။ သင်တို့၏အစားအစာနှင့်စပျစ် ရည်ကို မရှိဆင်းရဲသူတို့အားဝေငှကြ လော့။ ဤနေ့သည်ငါတို့ထာဝရဘုရား ၏နေ့မြတ်ဖြစ်သဖြင့် ဝမ်းမနည်းကြနှင့်။ ထာဝရဘုရားထံတော်မှရသောဝမ်း မြောက်ခြင်းသည် သင်တို့ကိုခွန်အားပြည့် ဝလာစေလိမ့်မည်'' ဟုပြောကြားကြ၏။
ထာဝရဘုရားကယေရုရှလင်မြို့အား ``လူမျိုးခြားတို့သည်သင်၏မြို့ရိုးများကို ပြန်လည်တည်ဆောက်ကြလိမ့်မည်။ သူတို့၏ဘုရင်များသည်လည်းသင်တို့၏ အစေကိုခံကြလိမ့်မည်။ ငါသည်အမျက်ထွက်သဖြင့်သင်တို့အား အပြစ်ဒဏ်ခတ်ခဲ့၏။ သို့ရာတွင်ယခုအခါသင်တို့အားမျက်နှာ သာပေး၍ ကရုဏာပြတော်မူမည်။
ထိုအခါသမီးကညာတို့သည်ပျော်ရွှင်ဝမ်း မြောက်စွာ ကခုန်ကြလိမ့်မည်။ လူအိုလူပျိုများသည်လည်းအားရ ရွှင်မြူးကြလိမ့်မည်။ ငါသည်သူတို့အားနှစ်သိမ့်စေ၍သူတို့ငို ကြွေးခြင်းကို ပျော်ရွှင်ခြင်းအဖြစ်သို့လည်းကောင်း၊ သူတို့၏ဝမ်းနည်းခြင်းကို နှစ်သိမ့်ခြင်းနှင့်ဝမ်းမြောက်ခြင်းအဖြစ်သို့လည်း ကောင်း ပြောင်းလဲစေမည်။