ယုဒသည်ရာဇလှံတံကိုကိုင်စွဲရလိမ့်မည်။ သူ၏အဆက်အနွယ်တို့၌အုပ်စိုးခြင်းအာဏာ အမြဲရှိလိမ့်မည်။ တိုင်းနိုင်ငံတို့သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာ ဆက်သ၍သူ့သြဇာကိုခံကြလိမ့်မည်။
ဟေရှာယ 11:10 - Common Language Bible ဒါဝိဒ်မင်းဆက်မှပေါ်ထွန်းလာသည့်ဘုရင် သည် လူမျိုးတကာတို့အဖို့အချက်ပြအမှတ် လက္ခဏာတစ်ရပ်ဖြစ်သည့်အချိန်ကာလကျ ရောက်လာလိမ့်မည်။ သူတို့သည်သူ၏မြို့တော် သို့လာရောက်စုရုံးကြလျက် သူ့အားဂုဏ်ပြု ချီးမြှင့်ကြလိမ့်မည်။- Garrad Bible ထို ကာ လ၊ လူ မျိုး တို့၏ အ လံ သ ဖွယ် တည် သော၊ ယေ ရှဲ၏ အ မြစ် အ ညွန့် ကို လူ မျိုး ခြား တို့ လိုက် ရှာ မေး မြန်း လျက်၊ ကိန်း ဝပ် တော် မူ ရာ အ ရပ် သည် ဘုန်း ကြီး လိမ့် မည်။ Judson Bible ထိုကာလ၌ ယေရှဲ၏အမြစ်သည် ပေါက်၍၊ လူများအဖို့ထူသောအလံ ဖြစ်လိမ့်မည်။ ထိုအလံ၌ တစ်ပါးအမျိုးသားတို့သည် ဆည်းကပ်ကြလိမ့်မည်။ ကျိန်းဝပ်တော်မူရာအရပ်သည်လည်း ဘုန်းကြီးလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်၌ ယေရှဲ၏အမြစ်သည် လူတို့အတွက် အောင်လံသဖွယ်ရပ်တည်လိမ့်မည်။ လူမျိုးတို့သည် သူ့ကို မေးမြန်းစူးစမ်းကြလိမ့်မည်။ ကိန်းဝပ်တော်မူရာအရပ်သည် ဘုန်းအသရေရှိလိမ့်မည်။ |
ယုဒသည်ရာဇလှံတံကိုကိုင်စွဲရလိမ့်မည်။ သူ၏အဆက်အနွယ်တို့၌အုပ်စိုးခြင်းအာဏာ အမြဲရှိလိမ့်မည်။ တိုင်းနိုင်ငံတို့သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာ ဆက်သ၍သူ့သြဇာကိုခံကြလိမ့်မည်။
အို ငါ့စိတ်နှလုံး၊ထာဝရဘုရားသည် ငါ့အားကျေးဇူးပြုတော်မူပြီဖြစ်၍ ယုံကြည်စိတ်ချစွာနေလော့။
သူတို့သည်ကိုယ်တော်ရှင်၏ဘုန်းအသရေ တော်နှင့် အာနုဘော်တော်အကြောင်းကိုပြောကြား ပါလိမ့်မည်။
ထာဝရဘုရား၏လူစုတော်သည်စစ်ပွဲနိုင် သဖြင့် ရွှင်မြူးကြစေ။ အိပ်စက်ရာပေါ်မှာဝမ်းမြောက်စွာသီချင်းဆိုကြစေ။
ထာဝရဘုရားထံတော်သို့ခိုလှုံရန် ချဉ်းကပ်သူသည်လည်းကောင်း၊ အနန္တတန်ခိုးရှင်၏ကွယ်ကာစောင့်ထိန်းမှုကို ခံယူသူသည်လည်းကောင်း၊
ကိုယ်တော်သည်မိမိ၏အတောင်တော်ဖြင့် သင့်ကိုဖုံးအုပ်တော်မူလိမ့်မည်။ သင်သည်ကိုယ်တော်၏ကြည့်ရှုစောင့်ရှောက်ခြင်းကို ခံရ၍ဘေးမဲ့လုံခြုံလျက်နေလိမ့်မည်။ ကိုယ်တော်၏သစ္စာတော်သည်သင့်ကိုစောင့်ထိန်း ကွယ်ကာရာဒိုင်းလွှားဖြစ်လိမ့်မည်။
ဒါဝိဒ်မင်းဆက်သည်ခုတ်လှဲသည့်သစ်ပင်နှင့် တူ၏။ သို့ရာတွင်သစ်ငုတ်မှအကိုင်းအခက် များထွက်လာသကဲ့သို့ ဒါဝိဒ်၏သားမြေး များအထဲမှဘုရင်သစ်တစ်ပါးပေါ်ထွက် လာလိမ့်မည်။
မိမိသည်ကွဲလွင့်လျက်နေသောဣသရေလ ကိုလည်းကောင်း၊ ပြန့်ကျဲနေသောယုဒလူမျိုး တို့အား ကမ္ဘာမြေပြင်အရပ်လေးမျက်နှာမှ ပြန်လည်စုသိမ်းလျက်နေတော်မူကြောင်း ကိုလည်းကောင်း ဖော်ပြရန်ထာဝရဘုရား သည်အချက်ပြအလံတော်ကိုလွှင့်ထူ တော်မူလိမ့်မည်။-
ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား မိမိတို့ခံစားရသောဝေဒနာ နှင့်ဆင်းရဲဒုက္ခများမှလည်းကောင်း၊ အလုပ် ကြမ်းလုပ်ကိုင်ရမှုမှလည်းကောင်းသက် သာခွင့်ပေးတော်မူလိမ့်မည်။-
လူတို့၏မာန်စွယ်ကျိုးမည့်အချိန်၊ မောက်မာ ထောင်လွှားမှုပျက်သုဉ်းမည့်အချိန်ကျရောက် လာလိမ့်မည်။ ထိုအခါထာဝရဘုရားတစ်ပါး တည်းသာလျှင်ချီးမြှောက်ခြင်းကိုခံတော်မူရ လိမ့်မည်။-
ဟေရှာယက နောင်လာလတ္တံ့သောကာလ၌ ယခုဗိမာန်တော်တည်ရာတောင်တော်သည် တောင်တကာတို့ကိုလွှမ်းမိုး၍ အမြင့်ဆုံးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည်လည်းထိုတောင်တော်သို့ လာရောက်ကြလိမ့်မည်။
သူတို့က ``ထာဝရဘုရား၏တောင်တော်ပေါ်သို့ ဣသရေလအမျိုးသားတို့ဘုရားသခင်၏ ဗိမာန်တော်သို့ငါတို့တက်ကြကုန်အံ့။ ကိုယ်တော်၏အလိုတော်ကိုသင်ယူကြကုန်အံ့။ ကိုယ်တော်ရွေးချယ်ပေးတော်မူသောလမ်းကို ငါတို့လိုက်လျှောက်ကြကုန်အံ့'' ဟုဆိုကြ လိမ့်မည်။ ``ထာဝရဘုရား၏တရားတော်သည် ယေရုရှလင်မြို့မှလည်းကောင်း ကိုယ်တော်၏နှုတ်ကပတ်တော်သည် ဇိအုန်တောင်ပေါ်မှလည်းကောင်း ပေါ်ထွက်လာလိမ့်မည်။''
ကိုယ်တော်သည်သင်တို့အားငြိမ်းအေးချမ်းမြေ့ စွာနေထိုင်ခွင့်ကိုပေးတော်မူသော်လည်း သင် တို့သည်ကိုယ်တော်၏စကားကိုနားမထောင် ကြ။-
သူသည်စိတ်ပျက်အားလျော့လိမ့်မည်မဟုတ်။ ကမ္ဘာမြေကြီးပေါ်တွင်တရားမျှတစွာစီရင် အုပ်ချုပ်မှုကိုတည်တံ့ခိုင်မြဲစေလိမ့်မည်။ ရပ်ဝေးနိုင်ငံများသည်လည်းသူ၏သြဝါဒ ကို စိတ်ဝင်စားစွာစောင့်မျှော်ကြလိမ့်မည်။''
ထာဝရအရှင်ဘုရားသခင်ကမိမိ၏ လူမျိုးတော်အား ``ငါသည်လူမျိုးတကာတို့အားအချက် ပေးလိုက်သောအခါ၊ သူတို့သည်သင်တို့၏သားသမီးများကို ခေါ်ဆောင်လာကြလိမ့်မည်။
အရှေ့မျက်နှာမှသည်အနောက်မျက်နှာသို့ တိုင်အောင် လူအပေါင်းတို့သည်ကိုယ်တော်၏ နာမတော်နှင့်ဘုန်းတန်ခိုးတော်တို့ကိုကြောက် ရွံ့လေးစားကြလိမ့်မည်။ ကိုယ်တော်သည်အရှိန် ပြင်းသည့်ချောင်းရေကဲ့သို့လည်းကောင်း၊ အဟုန် ကြီးသည့်လေကဲ့သို့လည်းကောင်းကြွလာ တော်မူလိမ့်မည်။
လူမျိုးတကာတို့သည်သင်၏ အလင်းရှိရာသို့လည်းကောင်း၊ ရှင်ဘုရင်တို့သည်သင်၏တက်သစ်စ နေအရုဏ်ရောင်ခြည်သို့လည်းကောင်း လာရောက်ကြလိမ့်မည်။
သင်သည်ဤအမှုအရာကိုမြင်၍ရွှင်လန်း ဝမ်းမြောက်ရလိမ့်မည်။ စိတ်နှလုံးထိခိုက်တုန်လှုပ်လာလိမ့်မည်။ လူမျိုးတကာတို့သည်မိမိတို့၏စည်းစိမ် ချမ်းသာများကို သင်၏ထံသို့ယူဆောင်လာကြလိမ့်မည်။ သူတို့၏ပစ္စည်းဥစ္စာများသည်ပင်လယ်ရပ်ခြား မှ ရောက်ရှိလာလိမ့်မည်။
ယေရုရှလင်မြို့သူမြို့သားတို့၊ မြို့တွင်းမှ ထွက်ကြလော့။ ပြည်တော်ပြန်သင်တို့၏အမျိုးသားများ အတွက် လမ်းကိုဖောက်လုပ်ကြလော့။ လမ်းမကြီးကိုပြင်ဆင်ကြလော့။ ကျောက်ခဲတို့ကိုဖယ်ရှားပစ်ကြလော့။ တိုင်းသူပြည်သားများသိစေရန်အချက်ပြ အလံများတင်ကြလော့။
ငါသည်သူတို့အားငါ၏ဂုဏ်သတင်းကို မကြားဘူး၊ ငါ၏ကြီးမြတ်သည့်တန်ခိုး တော်ကိုမမြင်ဘူးသည့်ရပ်ဝေးနိုင်ငံများ ဖြစ်သော တာရှုပြည်လိဗိယပြည်နှင့်ကျွမ်း ကျင်သူလေးသည်တော်များရှိရာလုဒ ပြည်သို့လည်းကောင်း၊ တုဗလပြည်နှင့် ဂရိတ်ပြည်သို့လည်းကောင်းငါစေလွှတ်မည်။ သူတို့သည်ထိုပြည်များမှလူတို့အား ငါ၏ဘုန်းတော်အကြောင်းကိုပြောကြား ရလိမ့်မည်။-
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အား``လမ်းဆုံလမ်းခွတို့တွင်ရပ်၍ကြည့် ကြလော့။ ရှေးလမ်းဟောင်းတို့ကိုစုံစမ်း ရှာဖွေကြလော့။ အကောင်းဆုံးသောလမ်း အဘယ်မှာနည်းဟုမေးမြန်း၍ ထိုလမ်းသို့ လိုက်လျှင်သင်တို့၏ဝိညာဉ်သည်ငြိမ်းချမ်း သာယာမှုရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။ သို့ရာတွင်သူတို့က``ထိုလမ်းကို အကျွန်ုပ် တို့မလိုက်လိုပါ'' ဟုပြန်ပြောကြ၏။
ဗိမာန်တော်သစ်သည်ဗိမာန်တော်ဟောင်း ထက်ပို၍တင့်တယ်လှပလိမ့်မည်။ ထိုအရပ် တွင်ငါသည်မိမိ၏လူမျိုးတော်အား ကောင်းစားစေ၍ ငြိမ်းချမ်းသာယာမှုကို ပေးမည်'' ဟုအနန္တတန်ခိုးရှင်ထာဝရ ဘုရားမိန့်မှာတော်မူ၏။ ဤကားအနန္တ တန်ခိုးရှင်ထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
ထိုသူသည်ဗိမာန်တော်ကိုတည်ဆောက်ရမည့် သူ၊ ဘုရင်တို့နှင့်ထိုက်တန်သည့်ဘုန်းအသရေ ကိုခံယူရရှိမည့်သူဖြစ်သဖြင့် မိမိ၏အမျိုး သားတို့ကိုအုပ်စိုးရလိမ့်မည်။ သူ၏ရာဇပလ္လင် အနီးတွင်ယဇ်ပုရောဟိတ်တစ်ပါးသည်ရပ် လျက်သူနှင့်အတူငြိမ်းချမ်းသင့်မြတ်စွာ ပူးပေါင်းဆောင်ရွက်ပေးလိမ့်မည်။-
ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရား၏သိနာတောင်တော်မှထွက်ခွာ၍ သုံး ရက်ကြာမျှခရီးပြုလေသည်။ သူတို့စခန်း ချရာအရပ်ကိုညွှန်ပြရန် ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်သည်သူတို့ရှေ့မှ အစဉ်သွားရ၏။-
``အမှန်အကန်သင်တို့အားငါဆိုသည်ကား ဤ ကဲ့သို့သောယုံကြည်ခြင်းကိုဣသရေအမျိုးသား တို့တွင်ငါမတွေ့မကြုံဘူးသေး။ လူအမြောက် အမြားပင်အရှေ့အရပ်နှင့်အနောက်အရပ်မှ လာ၍ကောင်းကင်နိုင်ငံတော်တွင်အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့နှင့်အတူစားသောက်ကြလိမ့်မည်။-
ငါသည်မြေမှမြှောက်ထားခြင်းခံရသောအခါ လူခပ်သိမ်းတို့ကိုငါထံသို့ဆွဲဆောင်မည်'' ဟု မိန့်တော်မူ၏။-
ထိုစကားကိုကြားသောအခါ ထိုသူတို့သည် ပြစ်တင်ဝေဖန်မှုကိုမပြုကြတော့ဘဲ ``ဘုရား သခင်သည်လူမျိုးခြားတို့အားလည်း နောင်တရ ၍အသက်ရှင်ခွင့်ကိုပေးတော်မူပါသည်တကား'' ဟုဆို၍ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး ကြ၏။
နိဂုံးချုပ်အနေဖြင့်ပေါလုက ``သို့ဖြစ်၍ ကယ်တင်တော်မူခြင်းဆိုင်ရာဘုရားသခင်၏ ကယ်တင်ခြင်းတရားကို လူမျိုးခြားတို့ကြား နာရန်ဟောပြောမည့်သူတို့ကိုစေလွှတ်ပြီဖြစ် ၍ သူတို့သည်ကြားနာကြလိမ့်မည်ဖြစ်ကြောင်း သင်တို့သိမှတ်ကြလော့'' ဟုဆို၏။
ငြိမ်ဝပ်ချမ်းသာခံစားခွင့်ကိုငါတို့အား ဘုရားသခင်ပေးတော်မူမည်ဟုကတိ တော်ရှိ၏။ သင်တို့အနက်တစ်စုံတစ်ယောက် မျှ ယင်းငြိမ်ဝပ်ရာချမ်းသာကိုလက်မလွတ် စေရန်သတိပြုကြလော့။-
သို့ရာတွင်သင်တို့သည်အချိန်အနည်းငယ်မျှ ယင်းသို့ဆင်းရဲဒုက္ခရောက်ကြပြီးနောက်ကျေးဇူး တော်အပေါင်း၏အရှင်၊ သင်တို့အားခရစ်တော် နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေလျက် ထာဝရ ဘုန်းအသရေတော်ကိုဝင်စားခွင့်ပေးရန်ဖိတ် ခေါ်တော်မူသောအရှင်၊ ဘုရားသခင်ကိုယ်တော် တိုင်သင်တို့အားအပြစ်ဆိုဖွယ်မရှိအောင်ပြု ပြင်ပေးတော်မူ၍ သင်တို့အားခိုင်ခံ့စေတော်မူ ပြီးလျှင်ခွန်အားနှင့်ပြည့်ဝစေလျက်ကြံ့ခိုင် စွာရပ်တည်စေတော်မူလိမ့်မည်။-
``ငါယေရှုသည်အသင်းတော်များရှိသင်တို့အား ဤအကြောင်းအရာများကိုကြေညာရန် ငါ၏ ကောင်းကင်တမန်ကိုစေလွှတ်လိုက်၏။ ငါသည် ဒါဝိဒ်၏အနွယ်ဝင်ဖြစ်၏။ ထွန်းလင်းတောက်ပ သောမိုးသောက်ကြယ်လည်းဖြစ်၏။
ထိုအခါအကြီးအကဲတစ်ပါးကငါ့အား``မငို ပါနှင့်။ ကြည့်ရှုလော့။ ယုဒအနွယ်ဝင်ခြင်္သေ့တည်း ဟူသောဒါဝိဒ်မှဆင်းသက်သူသည်အောင်မြင် လေပြီ။ သူသည်ဤစာလိပ်နှင့်ချိပ်တံဆိပ် ခုနစ်ခုကိုဖွင့်နိုင်၏'' ဟုပြောလေ၏။