ဆာလံ 145:11 - Common Language Bible11 သူတို့သည်ကိုယ်တော်ရှင်၏ဘုန်းအသရေ တော်နှင့် အာနုဘော်တော်အကြောင်းကိုပြောကြား ပါလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible11 ကိုယ် တော်၏ တန် ခိုး နှင့် နိုင် ငံ တော်၏ ဘုန်း အ ကြောင်း တိုင် ပင် နှီး နှော ကြ သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible11 နိုင်ငံတော်၏ဘုန်းကိုလည်းကောင်း၊ တန်ခိုးတော်ကိုလည်းကောင်း ဟောပြောမြွက်ဆိုသဖြင့်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 သူတို့သည် ကိုယ်တော့်နိုင်ငံ၏ ဘုန်းအသရေတော်အကြောင်းကို ပြောဆိုကြပါလိမ့်မည်။ ကိုယ်တော်၏အစွမ်းတန်ခိုးတော်အကြောင်းကိုလည်း မြွက်ဆိုကြပါလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အနန္တတန်ခိုးရှင်ထာဝရဘုရားသည်နန်း စံတော်မူတော့မည်ဖြစ်၍ လသည်မိုက်လျက် နေလိမ့်မည်။ နေသည်လည်းနောက်တစ်ဖန်ထွန်း လင်းတော့မည်မဟုတ်။ ကိုယ်တော်သည်ယေရု ရှလင်မြို့၊ ဇိအုန်တောင်ပေါ်တွင်စိုးစံတော် မူလိမ့်မည်။ ပြည်သူတို့၏ဦးစီးခေါင်းဆောင် များသည်လည်း ကိုယ်တော်၏ဘုန်းအသရေ တော်ကိုဖူးမြင်ရကြလိမ့်မည်။
ဇိအုန်မြို့သူ၊မြို့သားအပေါင်းတို့၊ အားရ ရွှင်မြူး ကြလော့။ အားရရွှင်မြူးကြလော့။ အချင်းယေရုရှလင်မြို့သူ၊မြို့သားတို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ကြည့်ကြ။ သင်တို့၏ဘုရင်ကြွလာတော်မူပြီ။ ထိုအရှင်သည်အောင်ပွဲခံ၍ကယ်တင်တော် မူရန် ကြွလာသည်ဖြစ်သော်လည်း စိတ်နှလုံးနှိမ့်ချလျက်မြည်းမ၏သား မြည်းကလေးကိုစီး၍လာ၏။