ဟေရှာယ 62:10 - Common Language Bible10 ယေရုရှလင်မြို့သူမြို့သားတို့၊ မြို့တွင်းမှ ထွက်ကြလော့။ ပြည်တော်ပြန်သင်တို့၏အမျိုးသားများ အတွက် လမ်းကိုဖောက်လုပ်ကြလော့။ လမ်းမကြီးကိုပြင်ဆင်ကြလော့။ ကျောက်ခဲတို့ကိုဖယ်ရှားပစ်ကြလော့။ တိုင်းသူပြည်သားများသိစေရန်အချက်ပြ အလံများတင်ကြလော့။ အခန်းကိုကြည့်ပါ။Garrad Bible10 မြို့ တံ ခါး များ မှ ထွက် ကြ လော့။ ထွက် ကြ လော့။ လူ မျိုး တော် တို့ သွား ရာ လမ်း မ ကို ဖို့၍ ပြင် ဆင် ကြ လော့။ ဖို့ ကြ လော့။ ကျောက် လုံး များ ကို ဖယ် ရှင်း ကြ လော့။ လူ အ မျိုး မျိုး တို့ အား အ လံ ထူ ပြ ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible10 မြို့တံခါးမှ ထွက်ကြ။ ထွက်ကြ။ လူများဖို့လမ်းကို ပြင်ကြ။ မြေဖို့ကြ။ ဖို့ကြ။ ကျောက်များကို ပယ်ရှင်းကြ။ လူများဖို့ အလံကိုထူကြ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 ဖြတ်သွားကြ။ မြို့တံခါးကို ဖြတ်သွားကြ။ လူမျိုးတကာတို့သွားရာလမ်းကိုပြင်ကြ။ ဖို့ကြ။ လမ်းမကြီးကိုဖို့ကြ။ ကျောက်ခဲကိုဖယ်ကြ။ လူမျိုးတကာတို့အတွက် အချက်ပြအလံကိုလွှင့်ထူကြ။ အခန်းကိုကြည့်ပါ။ |
ထိုအရပ်တွင်``သန့်ရှင်းမြင့်မြတ်ရာသို့ သွားသည့်လမ်း'' ဟု နာမည်တွင်သောလမ်းမကြီးတစ်သွယ် ပေါ်ပေါက်၍လာလိမ့်မည်။ အဘယ်အပြစ်ကူးသူမှန်သမျှထိုလမ်းကို လျှောက်သွားရလိမ့်မည်မဟုတ်။ အဘယ်လူမိုက်ကမျှထိုလမ်းတွင် လျှောက်နေသူတို့အား လမ်းမှားစေနိုင်လိမ့်မည်မဟုတ်။
ငါသည်သူတို့အားငါ၏ဂုဏ်သတင်းကို မကြားဘူး၊ ငါ၏ကြီးမြတ်သည့်တန်ခိုး တော်ကိုမမြင်ဘူးသည့်ရပ်ဝေးနိုင်ငံများ ဖြစ်သော တာရှုပြည်လိဗိယပြည်နှင့်ကျွမ်း ကျင်သူလေးသည်တော်များရှိရာလုဒ ပြည်သို့လည်းကောင်း၊ တုဗလပြည်နှင့် ဂရိတ်ပြည်သို့လည်းကောင်းငါစေလွှတ်မည်။ သူတို့သည်ထိုပြည်များမှလူတို့အား ငါ၏ဘုန်းတော်အကြောင်းကိုပြောကြား ရလိမ့်မည်။-
သို့ရာတွင်ငါ၏လူမျိုးတော်မူကားငါ့ကို မေ့လျော့ကြလေပြီ။ သူတို့သည်တန်ဖိုးမရှိသောရုပ်တုများအား နံ့သာပေါင်းကိုမီးရှို့ပူဇော်ကြ၏။ သူတို့သည်မိမိတို့လိုက်သင့်သောလမ်းတွင် ခြေချော်၍လဲကြလေပြီ။ လမ်းဟောင်းကိုမလိုက်ကြတော့ပေ။ သူတို့သည်အမှတ်အသားပြမထားသည့် မတည်ဆောက်ရသေးသောလမ်းများကိုလိုက် ကြ၏။