Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 149:5 - Common Language Bible

5 ထာ​ဝ​ရ​ဘု​ရား​၏​လူ​စု​တော်​သည်​စစ်​ပွဲ​နိုင် သ​ဖြင့် ရွှင်​မြူး​ကြ​စေ။ အိပ်​စက်​ရာ​ပေါ်​မှာ​ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ကြ​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ကြည် ညို သူ တို့ သည် ဘုန်း တော် ကြောင့် ရွှင် လန်း လျက်၊ အိပ် စက် ရာ ပေါ် မှာ ကြွေး ကြော် ကြ ပါ စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 သန့်​ရှင်း​သူ​တို့​သည် ဘုန်း​ကြီး၍ ဝမ်း​မြောက်​ဝမ်း​သာ​ကြ​စေ။ ကျိန်း​ဝပ်​ရာ​ပေါ်​မှာ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 သန့်ရှင်း​သူ​တို့​သည် ဘုန်းအသရေ​တော်​၌​ရွှင်မြူး​ကြ​ပါစေ​။ မိမိ​တို့​၏​အိပ်ရာ​ပေါ်၌ ရွှင်လန်း​စွာ​သီချင်းဆို​ကြ​ပါစေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 149:5
12 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​မင်း​ကြီး​နှင့်​ဣသ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​ဝမ်း​မြောက်​စွာ​ကြွေး​ကြော် လျက် တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​လျက်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ယေ​ရု​ရှ​လင်​မြို့​သို့​ပင့်​ဆောင် လာ​ကြ​၏။


သို့သော်လည်းငါ့ကို ဖန်ဆင်းတော်မူထသော၊ ညဉ့်အချိန်၌ သီချင်းဆိုရသောအခွင့်ကို ပေးတော်မူထ သော၊


``ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော် အား​ဖြင့် အံ့​သြ​ဖွယ်​ကောင်း​သော​အ​မှု​တို့​ကို​ပြု တော်​မူ​လေ​ပြီ။ ကြီး​မား​သည့်​တန်​ခိုး​တော်​ကြောင့်​ငါ​တို့​သည် အောင်​ပွဲ​ကို​ရ​ရှိ​လေ​ပြီ'' ဟု​ဘု​ရား​သ​ခင်​၏ လူ​စု​တော်​သည် မိ​မိ​တို့​တဲ​များ​မှ​ဝမ်း​မြောက်​စွာ​အောင်​သံ​ပေး​၍ ကြွေး​ကြော်​ကြ​သည်​ကို​နား​ထောင်​ကြ​လော့။


ဤ​မြို့​မှ​ယဇ်​ပု​ရော​ဟိတ်​တို့​ဆောင်​ရွက်​လေ​သ​မျှ တို့​ကို ကောင်း​ချီး​ပေး​မည်။ မြို့​သူ​မြို့​သား​တို့​သည်​လည်း​သီ​ချင်း​ဆို​လျက် ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​လိမ့်​မည်။


အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ဖန်​ဆင်း​တော်​မူ​သ​မျှ​သော သတ္တ​ဝါ​တို့​သည်​ကိုယ်​တော်​ရှင်​အား​ထော​မ​နာ ပြု​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည်​ကျေး​ဇူး တော်​ကို ချီး​မွမ်း​ကြ​ပါ​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​သည်​သိုး​ထိန်း​တော်​မြတ်​ဖြစ်​၍ ငါ့​ကို​စောင့်​ထိန်း​တော်​မူ​၏။ ထို့​ကြောင့်​ငါ​သည်​လို​သ​မျှ​ကို​ရ​ရှိ​၏။


နေ့​အ​ချိန်​၌​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏ ခိုင်​မြဲ​သော မေတ္တာ​တော်​ကို​ပြ​တော်​မူ​ပါ​စေ​သော။ ထို​အ​ခါ​ည​အ​ချိန်​၌​ငါ​သည်​သီ​ချင်း​ဆို​နိုင်​၍ ငါ​၏​အ​သက်​သ​ခင်​ဘု​ရား​သ​ခင်​ထံ​တော်​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​နိုင်​ပါ​မည်။


ချို​သာ​နာ​ပျော်​ဖွယ်​သော​စောင်း​သံ​နှင့်​တ​ကွ ကြိုး​တပ်​တူ​ရိ​ယာ​သံ​တို့​ဖြင့် နံ​နက်​တိုင်း​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​ကို​ဖော်​ကူး​၍ ညဥ့်​တိုင်း​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​ကို ထုတ်​ဖော်​ကြေ​ညာ​ရ​ခြင်း​သည်​လည်း​ကောင်း လျောက်​ပတ်​လှ​ပါ​၏။


ထို​အ​ခါ​ထာ​ဝ​စဉ်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင်​သည်​ရောက်​ရှိ​လာ​လျက် အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​သူ​များ​ဘက်​မှ တ​ရား​စီ​ရင်​ချက်​ချ​မှတ်​တော်​မူ​၏။ ရာ​ဇ​ဝတ်​တန်​ခိုး​အာ​ဏာ​ကို​ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော် ခံ​ယူ​ရ​ရှိ​မည့်​အ​ချိန်​ကား​ကျ​ရောက်​လာ​လေ​ပြီ။


ထို​အ​ရှင်​သည်​ငါ​တို့​အား​ယုံ​ကြည်​ခြင်း​ကြောင့် ဤ​ကဲ့​သို့​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ခံ စား​စေ​တော်​မူ​၏။ ထို​ကျေး​ဇူး​တော်​ကို​ယ​ခု​ငါ တို့​ခံ​စား​လျက်​ရှိ​ကြ​၏။ သို့​ဖြစ်​၍​ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ခံ​စား ရန်​မျှော်​လင့်​ခြင်း​အ​တွက်​ဝါ​ကြွား​ဝမ်း​မြောက် ကြ​၏။-


သင်​တို့​သည်​ခ​ရစ်​တော်​ကို​မ​မြင်​ဘူး​သော် လည်း​ချစ်​ကြ​၏။ ယ​ခု​မ​တွေ့​မ​မြင်​ရ​သော် လည်း​သင်​တို့​သည်​ကိုယ်​တော်​ကို​ယုံ​ကြည် ကြ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​နှုတ်​ဖြင့်​မ​ဖော် ပြ​နိုင်​အောင်​လွန်​စွာ​ဘုန်း​ကြီး​သော​ရွှင်​လန်း ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ